ဆိုင္ကယ္ျဖင့္ မိုင္းသယ္ေဆာင္လာသူ မိုင္းေပါက္ကြဲ၍ ဒဏ္ရာရ

ဆိုင္ကယ္ျဖင့္ မိုင္းသယ္ေဆာင္လာသူ မိုင္းေပါက္ကြဲ၍ ဒဏ္ရာရ
မတ် 27, 2017
By 🌸

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ နမ့္ဆန္ဂိုေထာင္ေက်းရြာတြင္ မတ္လ (၂၇) ရက္ေန႔ နံနက္ ၆ နာရီ ၁၅ မိနစ္အခ်ိန္က ဆိုင္ကယ္စီးနင္းလာသူတစ္ဦးထံမွ မိုင္းတစ္လံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ မိုင္းသယ္ေဆာင္လာသူဒဏ္ရာရရွိခဲ့ၿပီး ၄င္းအား မူဆယ္ၿမိဳ့မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

"ရီမုဗံုးေပါ့။ အဲဒီဗံုးကို သူကဆိုင္ကယ္နဲ႔တင္ၿပီး သယ္လာတာ။ ဆိုင္ကယ္ေပၚတင္လာရင္းနဲ႔ နမ္ဆန္ဂိုေထာင္ရြာေစ်းက ကုန္စံုဆိုင္တစ္ခုေရွ႕မွာ က်ၿပီးထေပါက္သြားတာ။ တျခားအရာေတြ ပ်က္စီးထိခိုက္တာမရွိပါဘူး။ အဲဒီဗံုးသယ္လာသူပဲ ထိခိုက္မႈရွိတယ္။ သူကသယ္လာၿပီးေတာ့ သူ႔ကိုပဲထိတာ။ သူ႔ကိုအခုအမႈဖြင့္အေရး ယူထားပါတယ္ "ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ရန္ေနာင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္လုပ္ဗံုးသယ္ေဆာင္လာသူအမ်ိဳးသားသည္ ဗံုးေပါက္ကြဲမႈေၾကာင့္ ေျခေထာက္ႏွင့္ လက္ဖ်ံတို႔တြင္ ဒဏ္ရာမ်ားရရွိထားၿပီး ၎အား မူဆယ္ၿမိဳ့ျပည္သူ႔ေဆးရံုတြင္ ေဆးကုသေပးေနေၾကာင္း သိရသည္။

လက္လုပ္ဗံုးသယ္ေဆာင္လာသည့္ မူဆယ္ၿမိဳ႕ ေကာင္းဝိန္ ေက်းရြာမွ ဦးခမ္းလိႈင္အား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၁၅/၂၀၁၇၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ( ၃၀၇ ) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်ဖြင့် မိုင်းသယ်ဆောင်လာသူ မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ
***********
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဆန်ဂိုထောင်ကျေးရွာတွင် မတ်လ (၂၇) ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်က ဆိုင်ကယ်စီးနင်းလာသူတစ်ဦးထံမှ မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မိုင်းသယ်ဆောင်လာသူဒဏ်ရာရရှိခဲ့ပြီး ၄င်းအား မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"ရီမုဗုံးပေါ့။ အဲဒီဗုံးကို သူကဆိုင်ကယ်နဲ့တင်ပြီး သယ်လာတာ။ ဆိုင်ကယ်ပေါ်တင်လာရင်းနဲ့ နမ်ဆန်ဂိုထောင်ရွာစျေးက ကုန်စုံဆိုင်တစ်ခုရှေ့မှာ ကျပြီးထပေါက်သွားတာ။ တခြားအရာတွေ ပျက်စီးထိခိုက်တာမရှိပါဘူး။ အဲဒီဗုံးသယ်လာသူပဲ ထိခိုက်မှုရှိတယ်။ သူကသယ်လာပြီးတော့ သူ့ကိုပဲထိတာ။ သူ့ကိုအခုအမှုဖွင့်အရေး ယူထားပါတယ် "ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအုပ်ရန်နောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်လုပ်ဗုံးသယ်ဆောင်လာသူအမျိုးသားသည် ဗုံးပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် လက်ဖျံတို့တွင် ဒဏ်ရာများရရှိထားပြီး ၎င်းအား မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေကြောင်း သိရသည်။

လက်လုပ်ဗုံးသယ်ဆောင်လာသည့် မူဆယ်မြို့ ကောင်းဝိန် ကျေးရွာမှ ဦးခမ်းလှိုင်အား မူဆယ်မြို့မရဲစခန်းတွင် (ပ) ၁၁၅/၂၀၁၇၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ( ၃၀၇ ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~