ေက်ာက္မီးေသြးတရားမဝင္တူးေဖာ္သည့္ ကုမၸဏီပိုင္ရွင္ပါ (၉)ဦးအား ေထာင္ဒဏ္ (၇) ႏွစ္စီခ်မွတ္

ေက်ာက္မီးေသြးတရားမဝင္တူးေဖာ္သည့္ ကုမၸဏီပိုင္ရွင္ပါ (၉)ဦးအား ေထာင္ဒဏ္ (၇) ႏွစ္စီခ်မွတ္
မတ် 28, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္တရားရံုးတြင္ (၈)လၾကာ တရားရင္ဆုိင္ေနသည့္ ေက်ာက္မီးေသြး တရားမဝင္ တူးေဖၚသူမ်ားႏွင့္ တရားမဝင္လုပ္ကြက္ပိုင္ရွင္အား မတ္လ (၂၈) ရက္ေန႔ ရုံုးခ်ိန္းတြင္ ေထာင္ဒဏ္ (၇)ႏွစ္စီ ျပစ္ဒဏ္အသီးသီးခ်မွတ္လုိက္ေၾကာင္း သိရသည္။

“စစ္ေဆးေပၚေပါက္ခ်က္ေတြအရ စိန္ျခည္လင္းကုမၸဏီပိုင္ရွင္ ဦးစိန္လင္းပါ(၉)ဦးကို ျမန္မာ႔ သတၳဳ တြင္းဝန္ႀကီးဌာန ျပင္ဆင္သည္႔ဥပေဒပုဒ္မ ၃၀(က)(၅)အရ ေထာင္ဒဏ္ (၇) ႏွစ္စီ ျပစ္ဒဏ္ခ် လိုက္တာပါ”ဟု မင္းဘူးၿမိဳ႕နယ္တရားသူႀကီး ဦးေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ရိွ သတၳဳ ဥကၠာေက်ာက္မီးေသြးတူးေဖာ္ေရးလုပ္ကြက္ႏွင္႔ ျမင္႔ျမတ္ေအးခ်မ္း ေက်ာက္မီးေသြးတူးေဖာ္ေရးလုပ္ကြက္ၾကားတြင္ ေက်ာက္မီးေသြး တရားမဝင္ တူးေဖာ္ေနေၾကာင္း သတင္းရသည့္ မင္းဘူးၿမိဳ႕မရဲတပ္ဖြဲ႕က ၂၀၁၆ ခုႏွစ္ ေမလ (၁၆) ရက္ေန႔တြင္ သြားေရာက္စစ္ေဆးရာ ေက်ာက္မီးေသြး တရားမဝင္တူးေနသည့္လုပ္သား (၄)ဦးအား ဖမ္းဆီးရမိသျဖင့္ မင္းဘူးၿမိဳ႕မရဲစခန္းမွ (ပ)၉၀/၂၀၁၆၊ ျမန္မာ႔သတၳဳတြင္းဥပေဒကို ျပင္ဆင္သည္႔ဥပေဒပုဒ္မ ၃၀(က)အရ အမႈဖြင္႔ကာ တရားစဲြတင္ခဲ႔ျခင္းျဖစ္သည္။

ယင္းေနာက္ ဖမ္းဆီးထားသူမ်ား၏ ထြက္ဆိုခ်က္အရ တရား၀င္ခြင္႔ျပဳခ်က္မရွိသည္႔ေနရာ၌ တူးေဖၚေနသည့္ လုပ္ကြက္၏ ပိုင္ရွင္ျဖစ္သူ စိန္ျခည္လင္းကုမၸဏီပိုင္ရွင္ပါ(၅)ဦးအား ဇူလိုင္ (၁)ရက္ေန႔တြင္ ဖမ္းဆီး၍ ျမန္မာ႔သတၳဳတြင္းဝန္ႀကီးဌာန ျပင္ဆင္သည္႔ဥပေဒပုဒ္မ ၃၀(က)(၅)အရ ထပ္မံတရားစဲြဆိုခဲ႔ျခင္းျဖစ္ေၾကာင္း မင္းဘူးၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မီးသွေးတရားမဝင် တူးဖော်သည့် ကုမ္ပဏီပိုင်ရှင်ပါ (၉)ဦးအား ထောင်ဒဏ် (၇) နှစ်စီချမှတ်
************
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တရားရုံးတွင် (၈)လကြာ တရားရင်ဆိုင်နေသည့်  ကျောက်မီးသွေးတရားမဝင် တူးဖေါ်သူများနှင့် တရားမဝင်လုပ်ကွက်ပိုင်ရှင်အား မတ်လ (၂၈) ရက်နေ့ ရုုံးချိန်းတွင် ထောင်ဒဏ် (၇)နှစ်စီ ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

“စစ်ဆေးပေါ်ပေါက်ချက်တွေအရ စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းပါ(၉)ဦးကို မြန်မာ့ သတ္ထု တွင်းဝန်ကြီးဌာန ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၀(က)(၅)အရ ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ်ချ လိုက်တာပါ”ဟု မင်းဘူးမြို့နယ်တရားသူကြီး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ သတ္ထုဥက္ကာကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်နှင့် မြင့်မြတ်အေးချမ်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်ကြားတွင် ကျောက်မီးသွေး တရားမဝင် တူးဖော်နေကြောင်း သတင်းရသည့် မင်းဘူးမြို့မရဲတပ်ဖွဲ့က ၂၀၁၆ ခုနှစ် မေလ (၁၆) ရက်နေ့တွင် သွားရောက်စစ်ဆေးရာ ကျောက်မီးသွေး တရားမဝင်တူးနေသည့်လုပ်သား (၄)ဦးအား ဖမ်းဆီးရမိသဖြင့် မင်းဘူးမြို့မရဲစခန်းမှ (ပ)၉၀/၂၀၁၆၊ မြန်မာ့သတ္ထုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၀(က)အရ အမှုဖွင့်ကာ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဖမ်းဆီးထားသူများ၏ ထွက်ဆိုချက်အရ တရားဝင်ခွင့်ပြုချက်မရှိသည့်နေရာ၌ တူးဖေါ်နေသည့် လုပ်ကွက်၏ ပိုင်ရှင်ဖြစ်သူ စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင်ပါ(၅)ဦးအား ဇူလိုင် (၁)ရက်နေ့တွင် ဖမ်းဆီး၍ မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာန ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၀(က)(၅)အရ ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~