ဖန္လံုအိမ္ဓါတ္ေငြ႕ေလွ်ာ့ခ်ေရး မေကြးစက္ဘီးစီးကလပ္(MBC) စတင္ဖြဲ႕စည္း

ဖန္လံုအိမ္ဓါတ္ေငြ႕ေလွ်ာ့ခ်ေရး မေကြးစက္ဘီးစီးကလပ္(MBC) စတင္ဖြဲ႕စည္း
မတ် 31, 2017
By 🌸
ဖန္လံုအိမ္ဓါတ္ေငြ႔ေလွ်ာ့ခ်ေရး ရည္မွန္းခ်က္ျဖင့္ မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕တြင္ ပထမဆံုး စက္ဘီးစီးကလပ္(MBC)ကို မတ္လ (၃၀)ရက္ေန႔က အဖြဲ႕ဝင္ (၁၅)ဦးျဖင့္ စတင္ဖြဲ႔စည္းလုိက္ေၾကာင္း သိရသည္။

“ဖန္လံုအိမ္ဓာတ္ေငြ႔အာနိသင္ပိုမ်ားလာေနတာေၾကာင္႔ ကမာၻႀကီးကလည္း ပိုၿပီးပူေႏြးလာေနတယ္။ ဖန္လံုအိမ္ဓာတ္ေငြ႔အာနိသင္က အမ်ားႀကီးရိွေပမဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔က အဓိကျဖစ္တာေၾကာင္႔ သူ႔ကိုေလွ်ာ႔ခ်ႏိုင္ဖို႔က အေရးတႀကီးလိုအပ္ေနပါတယ္။ အနည္းဆံုးေတာ႔ ခရီးတိုေတြအတြက္ ကားေတြဆိုင္ကယ္ေတြကိုအသံုးမျပဳဘဲ စက္ဘီးကိုသာ ျပန္လည္အသံုးျပဳလာၾကမယ္ဆိုရင္ အဲဒီဓာတ္ေငြ႔ဟာ အေတာ္ေလးကို ေလ်ာ့က်လာေစမွာ ေသခ်ာပါတယ္။ အဲဒီအသိ ျပည္သူေတြသိရိွႏိုင္ေစဖို႔ ကၽြန္ေတာ္ တို႔ကလပ္က ႀကိဳးစားသြားမွာပါ”ဟု ကလပ္အသင္းဝင္ ကိုျမင္႔ေအာင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စက္ဘီးစီးကလပ္ဖဲြ႔စည္းရသည္႔ရည္ရြယ္ခ်က္မွာ စက္ဘီးစီးအေလ႔အထ ျပန္လည္အားေကာင္းလာေစေရး၊ က်န္းမာၾကံ႕ခိုင္ေရးႏွင္႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး (ရုပ္ၾကြင္းေလာင္စာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေလွ်ာ႔ခ်ေရး)တို႔အတြက္ျဖစ္ေၾကာင္း သိရသည္။

“လက္ရိွအဖဲြ႔ဝင္အင္အား ၁၅ ဦးဆိုေပမဲ့ ဝင္ဖို႔ကမ္းလွမ္းထားတဲ႔ တကၠသိုလ္ေက်ာင္းသားက (၁၅) ဦး ေလာက္ရိွေနတဲ႔အတြက္ စာေမးပဲြေတြေျဖၿပီးသြားၾကရင္ေတာ႔ (၃၀) ဦးေလာက္ျဖစ္လာဖို႔ရိွပါတယ္”ဟု MBC ကလပ္ဦးေဆာင္သူ ကိုဥာဏ္ျမင္႔ေမာင္က ေျပာသည္။

အဆိုပါစက္ဘီးစီးအဖဲြ႔သည္ ျပည္သူမ်ား စက္ဘီးစီးရန္စိတ္ပါလာေစေရးအတြက္ တနဂၤေႏြနံနက္တိုင္း ဧရာဝတီတံတား(မေကြး)ထိပ္တြင္ စုရပ္လုပ္၍ တံတားတစ္ေလွ်ာက္ႏွင္႔ မေကြးၿမိဳ႕တြင္းသို႔ လွည္႔လည္ စက္ဘီးစီးနင္းျခင္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

စက္ဘီးစီးကလပ္တြင္ အငယ္ဆံုးအသက္ (၁၃) ႏွစ္မွ အႀကီးဆံုး အသက္ (၅၀)ေက်ာ္အထိ ပါဝင္ကာ အသင္းဝင္အျဖစ္ဝင္ေရာက္လိုပါက မည္သည္႔စက္ဘီးအမ်ိဳးအစားႏွင္႔မဆို ဝင္ေရာက္ႏုိင္ၿပီး စက္ဘီးနည္းပညာအေထာက္အပံ႔မ်ားရရိွရန္ ျမန္မာႏိုင္ငံစက္ဘီးအဖဲြ႔ခ်ဳပ္ႏွင္႔ ဆက္သြယ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၎တို႔အေနျဖင္႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေလွ်ာ႔ခ်ေရးအတြက္ သစ္ပင္စိုက္ပ်ိဳးျခင္းမ်ားကိုလည္း ေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု # ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး မကွေးစက်ဘီးစီးကလပ်(MBC) စတင်ဖွဲ့စည်း
************
ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ရည်မှန်းချက်ဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ပထမဆုံး စက်ဘီးစီးကလပ်(MBC)ကို မတ်လ (၃၀)ရက်နေ့က အဖွဲ့ဝင် (၁၅)ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“ဖန်လုံအိမ်ဓာတ်ငွေ့အာနိသင်ပိုများလာနေတာကြောင့် ကမ္ဘာကြီးကလည်း ပိုပြီးပူနွေးလာနေတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့အာနိသင်က အများကြီးရှိပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က အဓိကဖြစ်တာကြောင့် သူ့ကိုလျှော့ချနိုင်ဖို့က အရေးတကြီးလိုအပ်နေပါတယ်။ အနည်းဆုံးတော့ ခရီးတိုတွေအတွက် ကားတွေဆိုင်ကယ်တွေကိုအသုံးမပြုဘဲ စက်ဘီးကိုသာ ပြန်လည်အသုံးပြုလာကြမယ်ဆိုရင် အဲဒီဓာတ်ငွေ့ဟာ အတော်လေးကို လျော့ကျလာစေမှာ သေချာပါတယ်။ အဲဒီအသိ ပြည်သူတွေသိရှိနိုင်စေဖို့ ကျွန်တော် တို့ကလပ်က ကြိုးစားသွားမှာပါ”ဟု ကလပ်အသင်းဝင် ကိုမြင့်အောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်ဘီးစီးကလပ်ဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ စက်ဘီးစီးအလေ့အထ ပြန်လည်အားကောင်းလာစေရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (ရုပ်ကြွင်းလောင်စာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လျှော့ချရေး)တို့အတွက်ဖြစ်ကြောင်း သိရသည်။

“လက်ရှိအဖွဲ့ဝင်အင်အား ၁၅ ဦးဆိုပေမဲ့ ဝင်ဖို့ကမ်းလှမ်းထားတဲ့ တက္ကသိုလ်ကျောင်းသားက (၁၅) ဦး လောက်ရှိနေတဲ့အတွက် စာမေးပွဲတွေဖြေပြီးသွားကြရင်တော့ (၃၀) ဦးလောက်ဖြစ်လာဖို့ရှိပါတယ်”ဟု MBC ကလပ်ဦးဆောင်သူ ကိုဉာဏ်မြင့်မောင်က ပြောသည်။

အဆိုပါစက်ဘီးစီးအဖွဲ့သည် ပြည်သူများ စက်ဘီးစီးရန်စိတ်ပါလာစေရေးအတွက် တနင်္ဂနွေနံနက်တိုင်း ဧရာဝတီတံတား(မကွေး)ထိပ်တွင် စုရပ်လုပ်၍ တံတားတစ်လျှောက်နှင့် မကွေးမြို့တွင်းသို့ လှည့်လည် စက်ဘီးစီးနင်းခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စက်ဘီးစီးကလပ်တွင် အငယ်ဆုံးအသက် (၁၃) နှစ်မှ အကြီးဆုံး အသက် (၅၀)ကျော်အထိ ပါဝင်ကာ အသင်းဝင်အဖြစ်ဝင်ရောက်လိုပါက မည်သည့်စက်ဘီးအမျိုးအစားနှင့်မဆို ဝင်ရောက်နိုင်ပြီး စက်ဘီးနည်းပညာအထောက်အပံ့များရရှိရန် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ # ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~