ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္ျဖင့္ပတ္၍ ခဲျဖင့္လိုက္ပစ္သည့္ ေက်ာက္မဲၿမိဳ႕မွ လူငယ္ (၈)ဦးအား ထိန္းသိမ္းထား

ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္ျဖင့္ပတ္၍ ခဲျဖင့္လိုက္ပစ္သည့္ ေက်ာက္မဲၿမိဳ႕မွ လူငယ္ (၈)ဦးအား ထိန္းသိမ္းထား
မတ် 26, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ မတ္လ (၂၄)ရက္ေန႔ ညပိုင္းက ရပ္ကြက္မ်ားအတြင္း ဆုိင္ကယ္ျဖင့္ပတ္၍ ဘတ္စ္ကား (၂)စီး၊ လူေနအိမ္၊ စာသင္ေက်ာင္းႏွင့္ ဘုန္းႀကီးေက်ာင္းတို႔အား ခဲျဖင့္ပစ္သည့္ လူငယ္(၈)ဦးအား မတ္လ (၂၅)ရက္ေန႔တြင္ သက္ဆုိင္ရာမွ စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

“ကေလးေတြက အသက္ (၁၅)ႏွစ္ေလာက္ပဲရွိၾကေသးတယ္။ ည (၈) နာရီေလာက္မွာ တစ္ၿမိဳ႕လံုးပတ္ၿပီး ခဲနဲ႕ လိုက္ထုၾကတာ တစ္ရပ္ကြက္ထဲမွာတင္အိမ္ (၃) လံုး၊ တစ္ၿမိဳ႕လံုးဆို မနည္းဘူးရယ္။ ကေလး (၈) ေယာက္ လံုးကို ဖမ္းမိထားတယ္လို႔ သိရတယ္” ဟု ေက်ာက္မဲ ၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုေစာမင္းက ေျပာသည္။

ခဲျဖင့္ပစ္၍ လူေနအိမ္အခ်ိဳ႕၊ ဘုန္းႀကီးေက်ာင္း (၂)ေက်ာင္းႏွင့္ ခရီးသည္တင္ကားႏွစ္စီး၏ မွန္မ်ား ကြဲသြားေၾကာင္း သိရသည္။

“ဆိုင္ကယ္စီးၿပီး ခဲနဲ႔လိုက္ပစ္လို႔ မွန္ေတြကြဲကုန္တယ္ဆိုၿပီး စခန္းကိုဖုန္းဆက္လာလို႔ လွည့္ကင္းလွည့္ေနတ့ဲ နယ္ထိန္းအဖြဲ႕က လိုက္ဖမ္းေပးရတယ္။ ညပိုင္းမွာ (၃) ေယာက္ ခ်က္ခ်င္းမိတယ္။ ေနာက္ထပ္ (၅) ေယာက္ ကေတာ့ (၂၅) ရက္မနက္က်မွမိတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕မွ ရဲအုပ္တစ္ဦးက ေျပာသည္။

အဆိုပါ ေယာက္်ားေလး (၈)ဦးမွာ အသက္ (၁၆) ႏွစ္ေအာက္အရြယ္မ်ားျဖစ္သည့္အတြက္ လတ္တေလာတြင္ အမႈဖြင့္လက္ခံေနဆဲ အေျခအေနသာျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွသိရသည္။

သတင္း #ေနၿဖိဳးျမင့္
 ဓါတ္ပံု # ေစာမင္းၾကဴ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် မတ်လ (၂၄)ရက်နေ့ ညပိုင်းက ရပ်ကွက်များအတွင်း ဆိုင်ကယ်ဖြင့်ပတ်၍ ဘတ်စ်ကား (၂)စီး၊ လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့အား ခဲဖြင့်ပစ်သည့် လူငယ်(၈)ဦးအား မတ်လ (၂၅)ရက်နေ့တွင် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
“ကလေးတွေက အသက် (၁၅)နှစ်လောက်ပဲရှိကြသေးတယ်။ ည (၈) နာရီလောက်မှာ တစ်မြို့လုံးပတ်ပြီး ခဲနဲ့ လိုက်ထုကြတာ တစ်ရပ်ကွက်ထဲမှာတင်အိမ် (၃) လုံး၊ တစ်မြို့လုံးဆို မနည်းဘူးရယ်။ ကလေး (၈) ယောက် လုံးကို ဖမ်းမိထားတယ်လို့ သိရတယ်” ဟု ကျောက်မဲ မြို့ခံတစ်ဦးဖြစ်သည့် ကိုစောမင်းက ပြောသည်။
ခဲဖြင့်ပစ်၍ လူနေအိမ်အချို့၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် ခရီးသည်တင်ကားနှစ်စီး၏ မှန်များ ကွဲသွားကြောင်း သိရသည်။
“ဆိုင်ကယ်စီးပြီး ခဲနဲ့လိုက်ပစ်လို့ မှန်တွေကွဲကုန်တယ်ဆိုပြီး စခန်းကိုဖုန်းဆက်လာလို့ လှည့်ကင်းလှည့်နေတဲ့ နယ်ထိန်းအဖွဲ့က လိုက်ဖမ်းပေးရတယ်။ ညပိုင်းမှာ (၃) ယောက် ချက်ချင်းမိတယ်။ နောက်ထပ် (၅) ယောက် ကတော့ (၂၅) ရက်မနက်ကျမှမိတယ်”ဟု ကျောက်မဲမြို့ မြို့မရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောသည်။
အဆိုပါ ယောက်ျားလေး (၈)ဦးမှာ အသက် (၁၆) နှစ်အောက်အရွယ်များဖြစ်သည့်အတွက် လတ်တလောတွင် အမှုဖွင့်လက်ခံနေဆဲ အခြေအနေသာဖြစ်ကြောင်း မြို့မရဲစခန်းမှသိရသည်။
သတင်း #နေဖြိုးမြင့်
 ဓါတ်ပုံ # စောမင်းကြူ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~