ေက်ာက္မဲၿမိဳ႕မွ ေထာက္ပံ့ေရးတပ္အား လက္လုပ္ဗံုးျဖင့္လာေရာက္ပစ္ခတ္

ေက်ာက္မဲၿမိဳ႕မွ ေထာက္ပံ့ေရးတပ္အား လက္လုပ္ဗံုးျဖင့္လာေရာက္ပစ္ခတ္
မတ် 30, 2017
By 🌸

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၁) ရပ္ကြက္ရွိ၊ ေထာက္ပံ့ေရးတပ္ အမွတ္( ၆၂၆) အား မတ္လ (၃၀) ရက္ ည(၉)နာရီခန္႔က လက္လုပ္ဗံုးျဖင့္ လာေရာက္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ တပ္ၿခံစည္းရိုးအနီး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ထိခိုက္ဒဏ္ရာရမႈႏွင့္ ပ်က္စီးဆံုးရံႈးမႈမရိွေၾကာင္း သိရသည္။

“ဆိုင္ကယ္နဲ႔စီးလာၿပီးေတာ့ လက္လုပ္ဗံုးနဲ႔လာပစ္သြားတာ။ ပစ္တာကေတာ့ တပ္ကိုပစ္တာထင္တယ္။ ဒါေပမဲ့ ဗံုးက ၿခံစည္းရိုးနားမွာက်ၿပီး ကြဲသြားတယ္။ လူနဲ႔ အျခားအရာေတြ ပ်က္စီးထိခိုက္မႈမရွိပါဘူး။ ဆိုင္ကယ္နဲ႔ လာပစ္သြားတာဆိုေတာ့ ဘယ္သူဘယ္ဝါမွန္းေတာ့ မသိလိုက္ေသးဘူး”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအုပ္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားရာေနရာတြင္ သက္ဆိုင္ရာမွ ရွာေဖြရွင္းလင္းမႈမ်ား ဆက္လက္ျပဳလုပ္ေနၿပီး ၿမိဳ႕ႏွင့္အနီး တစ္ဝိုက္တြင္ ပိတ္ဆို႔ ရွာေဖြမႈမ်ားလည္း ျပဳလုပ္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ဆိုင္ကယ္ျဖင့္လက္လုပ္ဗံုးလာေရာက္ပစ္ခတ္မႈမွာ ယခုတစ္ႀကိမ္ အပါအဝင္ (၃) ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲမြို့မှ ထောက်ပံ့ရေးတပ်အား လက်လုပ်ဗုံးဖြင့်လာရောက်ပစ်ခတ်
************

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ၊ ထောက်ပံ့ရေးတပ် အမှတ်( ၆၂၆) အား မတ်လ (၃၀) ရက် ည(၉)နာရီခန့်က လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်ခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့စီးလာပြီးတော့ လက်လုပ်ဗုံးနဲ့လာပစ်သွားတာ။ ပစ်တာကတော့ တပ်ကိုပစ်တာထင်တယ်။ ဒါပေမဲ့ ဗုံးက ခြံစည်းရိုးနားမှာကျပြီး ကွဲသွားတယ်။ လူနဲ့ အခြားအရာတွေ ပျက်စီးထိခိုက်မှုမရှိပါဘူး။ ဆိုင်ကယ်နဲ့ လာပစ်သွားတာဆိုတော့ ဘယ်သူဘယ်ဝါမှန်းတော့ မသိလိုက်သေးဘူး”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် သက်ဆိုင်ရာမှ ရှာဖွေရှင်းလင်းမှုများ ဆက်လက်ပြုလုပ်နေပြီး မြို့နှင့်အနီး တစ်ဝိုက်တွင် ပိတ်ဆို့ ရှာဖွေမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်ဖြင့်လက်လုပ်ဗုံးလာရောက်ပစ်ခတ်မှုမှာ ယခုတစ်ကြိမ် အပါအဝင် (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~