ကျောက်မဲမြို့တွင် စည်ပင်မှသတ်မှတ်သည့်အသားဈေးနှုန်းထက် ပို၍ရောင်းချနေ
ကျောက်မဲမြို့တွင် စည်ပင်မှသတ်မှတ်သည့်အသားဈေးနှုန်းထက် ပို၍ရောင်းချနေ
မတျ 27, 2017
By 🌸
ရှမ်းပြည်နယ်မြောက်ပိုင်း  ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် အသားထုတ်လုပ်မှုလိုင်စင်ထုတ်ပေးစဉ်က သတ်မှတ်ပေးထားသည့် ဈေးနှုန်းများကို ဈေးတွင်မြင်သာသည့်နေရာ၌ ဆိုင်းဘုတ်များဖြင့် အသိပေးထားသော်လည်း ဈေးတွင်းမှ အသားရောင်းချဆိုင်များက ဈေးပို၍ရောင်းချနေကြောင်း မြို့ခံများထံမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဈေးများတွင်ရောင်းချရမည့် အသားအမျိုးမျိုးအတွက် တစ်ပိသာ သတ်မှတ်ဈေးနှုန်းများ၊  ညနေဈေးသည်များထံ ဈေးကောက်ကောက်ခံရမည့်နှုန်းထားများ၊ ယာဉ်ရပ်နားခနှုန်းထားများအား ဆိုင်းဘုတ်များစိုက်ထူအသိပေး ထားသော်လည်း ယာဉ်ရပ်နားခနှုန်းထားများနှင့် အသားဈေးနှုန်းများမှာ သတ်မှတ်နှုန်းထားများထက် ကျော်လွန်နေကြောင်း သိရသည်။
သတ်မှတ်ထားသည့် အသားဈေးနှုန်းများအပြင် ယာဉ်ရပ်နားခများမှာလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ် (၁၅၀ ) သာ ပေးဆောင်ရမည်ဟု ကြေညာထားပြီး ကျပ် (၂၀၀) နှုန်း ကောက်ခံနေကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးဌာနက ဘဏ္ဍာနှစ်အလိုက် အသားထုတ်လုပ်မှုလိုင်စင်ထုတ်ပေးရာတွင် အမှန်တကယ် ရောင်းချရမည့် သတ်မှတ်ဈေးနှုန်းများအပါအဝင် အသားထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ထုတ်ပြန်ပေးထားသည့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း အသိပေးကြေညာထားခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ# နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် စည်ပင်မှသတ်မှတ်သည့်အသားစျေးနှုန်းထက် ပို၍ရောင်းချနေ
************
ရှမ်းပြည်နယ်မြောက်ပိုင်း  ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် အသားထုတ်လုပ်မှုလိုင်စင်ထုတ်ပေးစဉ်က သတ်မှတ်ပေးထားသည့် စျေးနှုန်းများကို စျေးတွင်မြင်သာသည့်နေရာ၌ ဆိုင်းဘုတ်များဖြင့် အသိပေးထားသော်လည်း စျေးတွင်းမှ အသားရောင်းချဆိုင်များက စျေးပို၍ရောင်းချနေကြောင်း မြို့ခံများထံမှ သိရသည်။
“စျေးတွေမှာ ဘယ်အသားကို ဘယ်စျေးနှုန်းနဲ့ရောင်းချရမယ်ဆိုတာ ကြေညာစာကပ်ထားတယ်။ ဒါပေမဲ့ အသားဆိုင်တွေကတော့ ရောင်းချင်သလို ရောင်းတာပဲ။ အသားပိုကောင်းလို့ဆိုပြီး အကြောင်းပြချက်နဲ့ တစ်ပိသာကို ကြေညာထားတဲ့စျေးနှုန်းထက် ကျပ်နှစ်ထောင်လောက် ပိုရောင်းတယ်”ဟု ကျောက်မဲရှိ စားသောက်ဆိုင်တစ်ဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် စျေးများတွင်ရောင်းချရမည့် အသားအမျိုးမျိုးအတွက် တစ်ပိသာ သတ်မှတ်စျေးနှုန်းများ၊  ညနေစျေးသည်များထံ စျေးကောက်ကောက်ခံရမည့်နှုန်းထားများ၊ ယာဉ်ရပ်နားခနှုန်းထားများအား ဆိုင်းဘုတ်များစိုက်ထူအသိပေး ထားသော်လည်း ယာဉ်ရပ်နားခနှုန်းထားများနှင့် အသားစျေးနှုန်းများမှာ သတ်မှတ်နှုန်းထားများထက် ကျော်လွန်နေကြောင်း သိရသည်။
“အသားစျေးနှုန်းဆို ဥပမာ အမဲသားတစ်ပိသာကို ကျပ်တစ်သောင်း သတ်မှတ်ထားပေးတယ်။ ဒါပေမဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာလည်း ဒီလိုပဲ တစ်ပိသာကို (၁၂၀၀၀) ကျပ် ပေးဝယ်ရတာပဲ။ ဘယ်သူမှ ဆိုင်းဘုတ်ထဲကအတိုင်း မရောင်းဘူး။ စျေးခေါင်းရုံးကို သွားတိုင်တဲ့သူရှိမရှိတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သတ်မှတ်နှုန်းထားထက် ပိုတဲ့စျေးနဲ့ပဲ ရောင်းနေကြတာ မြင်နေရတယ်” ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးထွန်းစိုးက ပြောသည်။
သတ်မှတ်ထားသည့် အသားစျေးနှုန်းများအပြင် ယာဉ်ရပ်နားခများမှာလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ် (၁၅၀ ) သာ ပေးဆောင်ရမည်ဟု ကြေညာထားပြီး ကျပ် (၂၀၀) နှုန်း ကောက်ခံနေကြောင်း သိရသည်။
“အသားအရမ်းကောင်းနေရင်တော့ စျေးနည်းနည်းပိုပေးရတာပေါ့။ ကြေညာချက်တွေကတော့ မှန်ပါတယ်။ ဒါပေမဲ့ ပိသာလိုက်ရောင်းရတာက ရှားတယ်လေ။ တစ်ထောင်ဖိုး၊ ထောင့်ငါးရာဖိုးတွေ ရောင်းရတာများတယ်။ မျှတအောင်ပြန်လုပ်ပြီး ရောင်းရတာပေါ့”ဟု ကျောက်မဲစျေးမှ ကြက်သားရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မြို့နယ်စည်ပင်သာယာရေးဌာနက ဘဏ္ဍာနှစ်အလိုက် အသားထုတ်လုပ်မှုလိုင်စင်ထုတ်ပေးရာတွင် အမှန်တကယ် ရောင်းချရမည့် သတ်မှတ်စျေးနှုန်းများအပါအဝင် အသားထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ထုတ်ပြန်ပေးထားသည့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း အသိပေးကြေညာထားခြင်းဖြစ်သည်။
သတင်း၊ဓါတ််ပုံ# နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~