အခြန္အမွတ္တံဆိပ္မပါေသာ ကုန္စည္မ်ားႏွင့္ ပတ္သက္၍ သတင္းေပးသူႏွင့္ ဖမ္းဆီးေပးသူမ်ားကို ဆုေငြခ်ီးျမႇင့္မည္

အခြန္အမွတ္တံဆိပ္မပါေသာ ကုန္စည္မ်ားႏွင့္ ပတ္သက္၍ သတင္းေပးသူႏွင့္ ဖမ္းဆီးေပးသူမ်ားကို ဆုေငြခ်ီးျမႇင့္မည္
မတ် 25, 2017
By Tachileik News Agency

အခြန္တံဆိပ္မကပ္ေသာ ကုန္စည္မ်ားကို လက္ဝယ္ထားရွိမႈ ေတြ႕ရွိေၾကာင္း သတင္းေပးပါက ဖမ္းဆီးသိမ္းဆည္းရမိသည့္ ကုန္ပစၥည္းတန္ဖိုး၏ ဒဏ္ရိုက္မႈ (၁၀၀) ရာခုိင္ႏႈန္းထဲမွ သတင္းေပးသူအား (၂၀) ရာခုိင္ႏႈန္း၊ ဖမ္းဆီးေပးသူအား (၃၀)ရာခုိင္ႏႈန္းႏွင့္ ႏုိင္ငံေတာ္အား (၅၀)ရာခုိင္ႏႈန္းေပးသြင္းမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဆီမွာ သတ္မွတ္ထားတဲ့ အထူးကုန္စည္ဥပေဒအခြန္နဲ႔ ပတ္သက္လို႔လိုက္နာမႈမရွိရင္ အထူးကုန္ စည္ဥပေဒပုဒ္မ (၂၂) အရ ေဆာင္ရြက္သြားမွာပါ။ ဒီကိစၥကို ကၽြန္ေတာ္တို႔ဌာနတစ္ခုတည္း လုပ္လို႔မရပါဘူး။ အဖြဲ႕ဖြဲ႔ၿပီးသားရွိပါတယ္။ တစ္ေယာက္ေယာက္က သတင္းေပးလို႔ အခြန္အမွတ္တံဆိပ္ကပ္ထားတာ မရွိဘူးဆိုရင္ ဖမ္းဆီးမွာပါ။ လက္ရွိလည္း သူတို႔ေတြ ကပ္ေနပါၿပီ။ မကပ္တဲ့ကုန္စည္ေတြကို သူတို႔ဆီမွာ လက္၀ယ္ေတြ႔ရွိတယ္ဆိုရင္ တစ္ေယာက္ေယာက္က သတင္းေပးတယ္ဆိုရင္ အဖြဲ႔ကေနသြားေရာက္ ဖမ္းဆီးမွာ ျဖစ္ပါတယ္။ ဖမ္းဆီးတဲ့အခါမွာ ပစၥည္းေတြအကုန္သိမ္းတဲ့အျပင္ကို ပစၥည္းတန္ဖိုးရဲ႕ (၁၀၀) ရာခုိင္ႏႈန္း ဒဏ္ရုိက္မွာျဖစ္ပါတယ္” ဟု ျပည္တြင္းအခြန္ဦးစီးဌာန၊ ရွမ္းျပည္နယ္အခြန္ဦးစီးဌာနမွဴးရံုး၊ ညြန္ၾကားေရးမွဴး ဦးဂၽြန္စိန္ဂီက ေျပာသည္။
သတင္းေပးသူအား ဆုခ်ီးျမႇင့္မည့္အျပင္ ၎၏လံုၿခံဳေရးအတြက္ ထုတ္ေဖာ္ျခင္းျပဳမည္မဟုတ္ေၾကာင္း သိရသည္။
အခြန္ေကာက္ခံတိုးတက္ရရွိေစေရးအတြက္ အေထာက္အကူျပဳအဖြဲ႕အား အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ ရဲတပ္ဖြဲ႕၊ စည္ပင္သာယာေရးဌာန၊ ျပည္တြင္းအခြန္ဦးစီးဌာန၊ သက္ဆိုင္ရာရပ္ကြက္ဥကၠဌ၊ အထူးစုံစမ္း စစ္ေဆးေရးအဖြဲ႕ ကိုယ္စားလွယ္တို႔ ပါဝင္ဖြဲ႔စည္းထားေၾကာင္း သိရသည္။
“ဧၿပီလ (၁) ရက္ေန႔ကစၿပီးေတာ့မွ အခြန္နဲ႔ပတ္သက္လို႔ အခြန္ေကာက္ခံတိုးတက္ရရွိေစေရးအတြက္ အေထာက္အကူျပဳအဖြဲ႕ဆိုတာ ဖြဲ႔မွာျဖစ္ပါတယ္။ အဲဒီလိုဖြဲ႔တဲ့အခါမွာ ျပည္နယ္၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာ ေတြမွာလည္း အဖြဲ႕ေတြရွိသြားမွာပါ။ ဒီအဖြဲ႕မွာက ျပည္တြင္းအခြန္ဦးစီးဌာနက အဖြဲ႕ေခါင္းေဆာင္ျဖစ္ပါတယ္။ အဖြဲ႕မွတစ္ဆင့္ သတင္းစာရင္းေတြ ရယူပါမယ္” ဟု ဦးဂၽြန္စိန္ဂီက ေျပာသည္။
အရက္၊ ဘီယာ၊ စီးကရက္မ်ားမွာ အထူးကုန္စည္အခြန္တံဆိပ္ကပ္ရမည္ဟု လုပ္ငန္းရွင္မ်ားကို ေၾကညာထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
အခွန်တံဆိပ်မကပ်သော ကုန်စည်များကို လက်ဝယ်ထားရှိမှု တွေ့ရှိကြောင်း သတင်းပေးပါက ဖမ်းဆီးသိမ်းဆည်းရမိသည့် ကုန်ပစ္စည်းတန်ဖိုး၏ ဒဏ်ရိုက်မှု (၁၀၀) ရာခိုင်နှုန်းထဲမှ သတင်းပေးသူအား (၂၀) ရာခိုင်နှုန်း၊ ဖမ်းဆီးပေးသူအား (၃၀)ရာခိုင်နှုန်းနှင့် နိုင်ငံတော်အား (၅၀)ရာခိုင်နှုန်းပေးသွင်းမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာ သတ်မှတ်ထားတဲ့ အထူးကုန်စည်ဥပဒေအခွန်နဲ့ ပတ်သက်လို့လိုက်နာမှုမရှိရင် အထူးကုန် စည်ဥပဒေပုဒ်မ (၂၂) အရ ဆောင်ရွက်သွားမှာပါ။ ဒီကိစ္စကို ကျွန်တော်တို့ဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ အဖွဲ့ဖွဲ့ပြီးသားရှိပါတယ်။ တစ်ယောက်ယောက်က သတင်းပေးလို့ အခွန်အမှတ်တံဆိပ်ကပ်ထားတာ မရှိဘူးဆိုရင် ဖမ်းဆီးမှာပါ။ လက်ရှိလည်း သူတို့တွေ ကပ်နေပါပြီ။ မကပ်တဲ့ကုန်စည်တွေကို သူတို့ဆီမှာ လက်ဝယ်တွေ့ရှိတယ်ဆိုရင် တစ်ယောက်ယောက်က သတင်းပေးတယ်ဆိုရင် အဖွဲ့ကနေသွားရောက် ဖမ်းဆီးမှာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့အခါမှာ ပစ္စည်းတွေအကုန်သိမ်းတဲ့အပြင်ကို ပစ္စည်းတန်ဖိုးရဲ့ (၁၀၀) ရာခိုင်နှုန်း ဒဏ်ရိုက်မှာဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်ဦးစီးဌာန၊ ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၊ ညွန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက ပြောသည်။
သတင်းပေးသူအား ဆုချီးမြှင့်မည့်အပြင်၎င်း၏လုံခြုံရေးအတွက် ထုတ်ဖော်ခြင်းပြုမည်မဟုတ်ကြောင်း သိရသည်။
အခွန်ကောက်ခံတိုးတက်ရရှိစေရေးအတွက် အထောက်အကူပြုအဖွဲ့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်ဥက္ကဌ၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ကိုယ်စားလှယ်တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
“ဧပြီလ (၁) ရက်နေ့ကစပြီးတော့မှ အခွန်နဲ့ပတ်သက်လို့ အခွန်ကောက်ခံတိုးတက်ရရှိစေရေးအတွက် အထောက်အကူပြုအဖွဲ့ဆိုတာ ဖွဲ့မှာဖြစ်ပါတယ်။ အဲဒီလိုဖွဲ့တဲ့အခါမှာ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ တွေမှာလည်း အဖွဲ့တွေရှိသွားမှာပါ။ ဒီအဖွဲ့မှာက ပြည်တွင်းအခွန်ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ အဖွဲ့မှတစ်ဆင့် သတင်းစာရင်းတွေ ရယူပါမယ်” ဟု ဦးဂျွန်စိန်ဂီက ပြောသည်။
အရက်၊ ဘီယာ၊ စီးကရက်များမှာ အထူးကုန်စည်အခွန်တံဆိပ်ကပ်ရမည်ဟု လုပ်ငန်းရှင်များကို ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~