တရားမဝင္ျမန္မာေရႊ႕ေျပာင္းလုပ္သား ၁၁ ဦးအား ထုိင္းႏုိင္ငံက တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး

တရားမဝင္ျမန္မာေရႊ႕ေျပာင္းလုပ္သား ၁၁ ဦးအား ထုိင္းႏုိင္ငံက တာခ်ီလိတ္တြင္ လႊဲေျပာင္းေပး
မတ် 30, 2017
By 🌸
ထိုင္းႏိုင္ငံတြင္း တရားမဝင္ျမန္မာေရႊ႕ေျပာင္းလုပ္သား (၁၁) ဦးအား ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂)တြင္ မတ္လ (၃၀) ရက္ေန႔က ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသို႔ လႊဲေျပာင္းေပးလာသည့္ ေရႊ႕ေျပာင္းအလုပ္သမား အမ်ိဳးသား (၁၀)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတို႔အား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာဌာန၊ လူကုန္ကူးမႈတိုက္ဖ်က္ေရးရဲတပ္ဖြဲ႕၊ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (CNCMC)အဖြဲ႕တို႔က လက္ခံၾကၿပီး ၎တို႔၏ ေနရပ္ေဒသအသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ေရး ကူညီေဆာင္ရြက္ေပးၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္လႊဲေျပာင္းေပးေနရာ ၂၀၁၇ ခုႏွစ္အတြင္း ဇန္နဝါရီလမွ မတ္လ (၃၀)ရက္ေန႔အထိ အမ်ိဳးသား (၃၀၁) ဦး၊ အမ်ိဳးသမီး (၁၁၀) ဦး၊ စုစုေပါင္း (၄၁၁) ဦးႏွင့္ ကေလး (၁၈) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးအား ထိုင်းနိုင်ငံက တာချီလိတ်တွင် လွှဲပြောင်းပေး
************
ထိုင်းနိုင်ငံတွင်း တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား (၁၁) ဦးအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် မတ်လ (၃၀) ရက်နေ့က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလာသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၀)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့အား တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)အဖွဲ့တို့က လက်ခံကြပြီး ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ရေး ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးနေရာ ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လ (၃၀)ရက်နေ့အထိ အမျိုးသား (၃၀၁) ဦး၊ အမျိုးသမီး (၁၁၀) ဦး၊ စုစုပေါင်း (၄၁၁) ဦးနှင့် ကလေး (၁၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~