ရွမ္းျပည္နယ္ေဝးလံေဒသမွ တီဘီေဝဒနာရွင္မ်ားအား ရွာေဖြကုသရန္ ဝန္ႀကီးခ်ဳပ္တုိက္တြန္း

ရွမ္းျပည္နယ္ေဝးလံေဒသမွ တီဘီေဝဒနာရွင္မ်ားအား ရွာေဖြကုသရန္ ဝန္ႀကီးခ်ဳပ္တုိက္တြန္း
မတ် 28, 2017
By 🌸
ရွမ္းျပည္နယ္အတြင္း ေဝးလံခက္ခဲေဒသမ်ားမွ တီဘီေဝဒနာရွင္မ်ားအား ရွာေဖြကုသေပးရန္ လိုအပ္ေနဆဲျဖစ္သည္ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ေျပာၾကားလုိက္သည္။

“လက္လွမ္းမမီေသးတဲ့ တီဘီေရာဂါေဝဒနာရွင္မ်ားကို ရွာေဖြကုသေပးရန္ လိုအပ္ေနပါေသးတယ္။ ပိုမိုေကာင္းမြန္တဲ့ နည္းလမ္းသစ္မ်ားရွာေဖြၿပီး တီဘီေရာဂါကင္းစင္ေအာင္ ေဆာင္ရြက္ၾကဖို႔ လိုအပ္သလို ျပည္သူလူထုနဲ႔ ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ားအေနနဲ႔လည္း က်န္းမာေရးဌာနနဲ႔ ပူးေပါင္းကူညီေဆာင္ရြက္ၾကဖို႔ အေလးအနက္ တိုက္တြန္းေျပာၾကားလိုပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာသည္။

ကမၻာ့တီဘီတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္အျဖစ္ မတ္လ (၂၇) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသည့္ အခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္က ယင္းကဲ့သို႔ တုိက္တြန္းလိုက္ျခင္းျဖစ္ၿပီး အခမ္းအနားသို႔ ျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လႊတ္ေတာ္မွ တာဝန္ရိွသူမ်ား၊ ဌာနဆိုင္ရာမ်ား၊ က်န္းမာေရးဌာနဝန္ထမ္းမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသည္ ကမၻာ့တီဘီေရာဂါအျဖစ္အမ်ားဆံုး (၃၀)ႏိုင္ငံစာရင္းတြင္ ပါဝင္ေနၿပီး ၂၀၁၆ ခုႏွစ္တြင္ တီဘီလူနာ တစ္သိန္းခြဲခန္႔အား ရွာေဖြကုသခဲ့ရာ ရွမ္းျပည္နယ္အတြင္းမွ လူနာ (၁၀၉၆၂) ဦးပါဝင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း  တီဘီေရာဂါတုိက္ဖ်က္ေရးအတြက္ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေအာက္ရိွ ျပည္နယ္တီဘီေရာဂါ တုိက္ဖ်က္ေရးဌာန၊ ခရိုင္ တီဘီေရာဂါတုိက္ဖ်က္ေရးဌာန (၃)ခုႏွင့္ ၿမိဳ႕နယ္ တီဘီေရာဂါတိုက္ဖ်က္ေရးဌာန (၅)ခုတို႔ျဖင့္လည္းေကာင္း ၿမိဳ႕နယ္အသီးသီးရိွ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမ်ားကလည္းေကာင္း တီဘီတုိက္ဖ်က္ေရးအတြက္ လုပ္ေဆာင္ေနၿပီး မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအဖြဲ႕၊ အမ်ိဳးသမီးေရးရာအဖြဲ႕၊ ျမန္မာႏုိင္ငံဆရာဝန္အသင္း၊ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း၊ ႏုိင္ငံတကာ အဖြဲ႕အစည္းမ်ားျဖစ္သည့္ PSI ႏွင့္ The Union တို႔ကလည္း မိတ္ဖက္အဖြဲ႕မ်ားအျဖစ္ လက္တြဲလုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ တီဘီေရာဂါတိုက္ဖ်က္ေရး (၅)ႏွစ္စီမံကိန္းအား ၂၀၁၆ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိ အေကာင္အထည္ေဖၚေနၿပီး ၂၀၁၇ ခုႏွစ္အတြက္ ကမၻာ့တီဘီတိုက္ဖ်က္ေရးေန႔ေဆာင္ပုဒ္မွာ “တီဘီေရာဂါ ကင္းေဝးဖို႔၊ အားလံုး ပူးေပါင္းေဆာင္ရြက္စို႔”ျဖစ္ေၾကာင္း သိရသည္။
ဂ်ာမန္သိပၸံပညာရွင္ ေရာဘတ္ေကာ့ခ်္က ၁၈၈၂ ခုႏွစ္ မတ္လ (၂၄) ရက္ေန႔တြင္ တီဘီေရာဂါပိုးအား စတင္ေတြ႔ရိွခဲ့သည့္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ကမၻာ့တီဘီေရာဂါတိုက္ဖ်က္ေရးေန႔အျဖစ္ သတ္မွတ္က်င္းပၾကျခင္း ျဖစ္သည္။

သတင္း၊ဓါတ္ပံု #ႏုိႏို

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်ဝေးလံဒေသမှ တီဘီဝေဒနာရှင်များအား ရှာဖွေကုသရန် ဝန်ကြီးချုပ်တိုက်တွန်း
************
ရှမ်းပြည်နယ်အတွင်း ဝေးလံခက်ခဲဒေသများမှ တီဘီဝေဒနာရှင်များအား ရှာဖွေကုသပေးရန် လိုအပ်နေဆဲဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြောကြားလိုက်သည်။
“လက်လှမ်းမမီသေးတဲ့ တီဘီရောဂါဝေဒနာရှင်များကို ရှာဖွေကုသပေးရန် လိုအပ်နေပါသေးတယ်။ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းသစ်များရှာဖွေပြီး တီဘီရောဂါကင်းစင်အောင် ဆောင်ရွက်ကြဖို့ လိုအပ်သလို ပြည်သူလူထုနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအနေနဲ့လည်း ကျန်းမာရေးဌာနနဲ့ ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။
ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မတ်လ (၂၇) ရက်နေ့က တောင်ကြီးမြို့တွင် ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါအဖြစ်အများဆုံး (၃၀)နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ၂၀၁၆ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းခွဲခန့်အား ရှာဖွေကုသခဲ့ရာ ရှမ်းပြည်နယ်အတွင်းမှ လူနာ (၁၀၉၆၂) ဦးပါဝင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း  တီဘီရောဂါတိုက်ဖျက်ရေးအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ခရိုင် တီဘီရောဂါတိုက်ဖျက်ရေးဌာန (၃)ခုနှင့် မြို့နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန (၅)ခုတို့ဖြင့်လည်းကောင်း မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကလည်းကောင်း တီဘီတိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေပြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် PSI နှင့် The Union တို့ကလည်း မိတ်ဖက်အဖွဲ့များအဖြစ် လက်တွဲလုပ်ဆောင်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်စီမံကိန်းအား ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အကောင်အထည်ဖေါ်နေပြီး ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်မှာ “တီဘီရောဂါ ကင်းဝေးဖို့၊ အားလုံး ပူးပေါင်းဆောင်ရွက်စို့”ဖြစ်ကြောင်း သိရသည်။
ဂျာမန်သိပ္ပံပညာရှင် ရောဘတ်ကော့ချ်က ၁၈၈၂ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် တီဘီရောဂါပိုးအား စတင်တွေ့ရှိခဲ့သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။
သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~