ပအိုဝ္းေက်းရြာမ်ားမွ ေက်းရြာလူထုအေျချပဳခရီးသြားလုပ္ငန္း တိုးတက္လုပ္ေဆာင္မည္

ပအိုဝ္းေက်းရြာမ်ားမွ ေက်းရြာလူထုအေျချပဳခရီးသြားလုပ္ငန္း တိုးတက္လုပ္ေဆာင္မည္
မတ် 25, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္ရွိ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေက်းရြာမ်ားတြင္ ေက်းရြာလူထုအေျချပဳ ခရီးသြားလုပ္ငန္း(CBT-Community Based Tourism) တိုးတက္သြားရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပအိုဝ္းေဒသခရီးသြားလုပ္ငန္း မန္ေနဂ်ာ ဦးခြန္ထြန္းဦးထံမွ သိရသည္။
“ခရီးသြားလုပ္ငန္းဆိုတာက ေငြေရးေၾကးေရးအဓိက မဟုတ္ပါဘူး။ တစ္ဖက္တစ္လမ္းကေန လူမႈ ဘ၀ေတြကို ကူညီပံ့ပိုးေပးတဲ့ အစိတ္အပိုင္းပါ။ ႏိုင္ငံျခားသားေတြက ေက်းရြာေဒသမွာ လာတည္းတယ္ ဆိုရင္ ေဒသက လူငယ္ လူရြယ္ေတြ အလုပ္အကိုင္ အခြင့္အလမ္းရိွလာတယ္။ ခါတိုင္းဆို နိုင္ငံျခားသားေတြဟာ ၿမိဳ႕ထဲမွာပဲ ေစ်းသံုးၿပီးသြားၾကေတာ့ ေငြေရးေၾကးေရးက ၿမိဳ႕ထဲမွာပဲ လည္ပတ္ေနတယ္။ အခုက CBT လုပ္တဲ့ အတြက္ေၾကာင့္ ေဒသကုန္ေတြက နိုင္ငံျခားသားေတြ စားေသာက္ဖို႔ ျပန္သံုးရင္ ေငြေရးေၾကးေရးက ေဒသမွာ စီးေမ်ာသြားတယ္။ ဒါေတြက ေဒသခံေတြ အက်ဳိးေက်းဇူး ခံစားရမွာပါ။ ေဒသခံေတြကလည္း တျခားၿမိဳ႕ေတြ သြားစရာမလိုေတာ့ဘူး။ ကိုယ့္ၿမိဳ႕ကိုယ့္ရြာမွာ ခရီးသြားလုပ္ငန္းေတြကို လုပ္ကိုင္ခြင့္ရလာတယ္။ ဧည့္လမ္းညႊန္လုပ္ငန္းကိုလည္း ေဒသခံ လူငယ္လူရြယ္ေတြကို သင္တန္းေတြပို႔ခ်ေပးပါတယ္” ဟု ဦးခြန္ထြန္းဦးက ေျပာသည္။
PNO အဖြဲ႔က ေက်းရြာလူထုအေျချပဳခရီးသြားလုပ္ငန္းကို ပအိုဝ္းေဒသရိွ ေက်းရြာ (၁၂)ရြာတြင္ လုပ္ငန္းေဖာ္ေဆာင္ရန္ ၂၀၁၄ ခုႏွစ္က အစိုးရထံသို႔ တင္ျပေတာင္းခံခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္အစိုးရမွ ကြင္းဆင္း စစ္ေဆးၿပီးေနာက္ ေက်းရြာ (၉) ရြာတြင္ လုပ္ေဆာင္ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ႏိုင္ငံျခားသားေတြ လာတည္းတယ္ဆိုရင္ ေက်းရြာ ရန္ပံုေငြအျဖစ္ ေဒသခံေတြအတြက္ ေကာက္ခံ ေပးပါတယ္။ ရရွိလာတဲ့ေငြကိုလည္း ေက်းရြာမွာလိုအပ္ေနတာကို ျဖည့္ဆည္းေပးဖို႕ ေဒသခံေတြနဲ႕ ပူးေပါင္းလုပ္ေဆာင္ တယ္။ နိုင္ငံျခားသားတစ္ေယာက္လာတိုင္း သစ္ပင္တစ္ပင္စီစိုက္တဲ့ အစီအစဥ္ေလး လုပ္ထားပါတယ္” ဟု ဦးခြန္ထြန္းဦးက ေျပာသည္။
လက္ရိွတြင္ CBT လုပ္ငန္းကို ေတာင္ႀကီးၿမိဳ႕နယ္ရွိ နားေဘာင္၊ လြယ္ေခၚ၊ အင္းနီ၊ ထီ၀ါးမႉး၊ တြဴးတန္၊ ထီနဲ႕၊ ေနာင္ခဲ၊ ေဆာင္ဖိုး၊ ကကၠဴ ေက်းရြာ (၉)ရြာတြင္ ၂၀၁၅ ခုႏွစ္ကတည္းက လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးရွာများတွင် ကျေးရွာလူထုအခြပြေု ခရီးသွားလုပ်ငန်း(CBT-Community Based Tourism) တိုးတက်သွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းဒေသခရီးသွားလုပ်ငန်း မန်နေဂျာ ဦးခွန်ထွန်းဦးထံမှ သိရသည်။

“ခရီးသွားလုပ်ငန်းဆိုတာက ငွေရေးကြေးရေးအဓိက မဟုတ်ပါဘူး။ တစ်ဖက်တစ်လမ်းကနေ လူမှု ဘဝတွေကို ကူညီပံ့ပိုးပေးတဲ့ အစိတ်အပိုင်းပါ။ နိုင်ငံခြားသားတွေက ကျေးရွာဒေသမှာ လာတည်းတယ် ဆိုရင် ဒေသက လူငယ် လူရွယ်တွေ အလုပ်အကိုင် အခွင့်အလမ်းရှိလာတယ်။ ခါတိုင်းဆို နိုင်ငံခြားသားတွေဟာ မြို့ထဲမှာပဲ ဈေးသုံးပြီးသွားကြတော့ ငွေရေးကြေးရေးက မြို့ထဲမှာပဲ လည်ပတ်နေတယ်။ အခုက CBT လုပ်တဲ့ အတွက်ကြောင့် ဒေသကုန်တွေက နိုင်ငံခြားသားတွေ စားသောက်ဖို့ ပြန်သုံးရင် ငွေရေးကြေးရေးက ဒေသမှာ စီးမျောသွားတယ်။ ဒါတွေက ဒေသခံတွေ အကျိုးကျေးဇူး ခံစားရမှာပါ။ ဒေသခံတွေကလည်း တခြားမြို့တွေ သွားစရာမလိုတော့ဘူး။ ကိုယ့်မြို့ကိုယ့်ရွာမှာ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရလာတယ်။ ဧည့်လမ်းညွှန်လုပ်ငန်းကိုလည်း ဒေသခံ လူငယ်လူရွယ်တွေကို သင်တန်းတွေပို့ချပေးပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

PNO အဖွဲ့က ကျေးရွာလူထုအခြပြေုခရီးသွားလုပ်ငန်းကို ပအိုဝ်းဒေသရှိ ကျေးရွာ (၁၂)ရွာတွင် လုပ်ငန်းဖော်ဆောင်ရန် ၂၀၁၄ ခုနှစ်က အစိုးရထံသို့ တင်ပြတောင်းခံခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရမှ ကွင်းဆင်း စစ်ဆေးပြီးနောက် ကျေးရွာ (၉) ရွာတွင် လုပ်ဆောင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသားတွေ လာတည်းတယ်ဆိုရင် ကျေးရွာ ရန်ပုံငွေအဖြစ် ဒေသခံတွေအတွက် ကောက်ခံ ပေးပါတယ်။ ရရှိလာတဲ့ငွေကိုလည်း ကျေးရွာမှာလိုအပ်နေတာကို ဖြည့်ဆည်းပေးဖို့ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင် တယ်။ နိုင်ငံခြားသားတစ်ယောက်လာတိုင်း သစ်ပင်တစ်ပင်စီစိုက်တဲ့ အစီအစဉ်လေး လုပ်ထားပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

လက်ရှိတွင် CBT လုပ်ငန်းကို တောင်ကြီးမြို့နယ်ရှိ နားဘောင်၊ လွယ်ခေါ်၊ အင်းနီ၊ ထီဝါးမှူး၊ တွူးတန်၊ ထီနဲ့၊ နောင်ခဲ၊ ဆောင်ဖိုး၊ ကက္ကူ ကျေးရွာ (၉)ရွာတွင် ၂၀၁၅ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~