မိုင်းယောင်းမြို့နယ်မှ စပါးဈေး ထုတ်လုပ်မှုစရိတ်အောက်ကျဆင်းသွားပါက ပြည်နယ်အစိုးရကူညီမည်

မိုင်းယောင်းမြို့နယ်မှ စပါးဈေး ထုတ်လုပ်မှုစရိတ်အောက်ကျဆင်းသွားပါက ပြည်နယ်အစိုးရကူညီမည်
မတျ 24, 2017
By Tachileik News Agency
မိုင်းယောင်းဒေသထွက် စပါးများကို ယခင်က တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့နေရာမှ ဒေသတွင်း ဆန်စက်လုပ်ငန်းများ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာခြင်းနှင့် ဒေသတွင်း မွေးမြူရေး ကုန်ကြမ်း ရှားပါးလာခြင်းများကြောင့် ဆန်ကြိတ်ခွဲတင်ပို့ရန် ၂၀၁၆ ခုနှစ်မှစ၍ မူဝါဒ ချမှတ်အကောင် အထည်ဖော် နေခြင်းဖြစ်သည်။
ဆန်တင်ပို့ရန်မှာ မိုင်းယောင်းမြို့ရှိ ဆန်စက်များက အဆင့်မီ ကြိတ်ခွဲနိုင်သည့် စက်ကြီးမရှိသဖြင့် ဆန်အရည်အသွေးမှာ တဖက်နိုင်ငံမှ ဝယ်ယူသည့် အဆင့်သို့ မရောက်ဘဲဖြစ်နေရာ ဆန်တင်ပို့သည့် မူဝါဒအား အကောင်အထည် ဖော်ရန် ခက်ခဲနေခြင်းဖြစ်ပြီး စပါးဈေးကျဆင်းမှုကြောင့် လာမည့်နှစ်တွင် တောင်သူများ စပါးစိုက်ပျိုးမှုနည်းသွားနိုင်ကြောင်း မိုင်းယောင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က ဆိုသည်။
တိုင်းဒေသကြီး ပြည်နယ်စပါး ဝယ်ယူရေးအဖွဲ့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ဖွဲ့စည်းခြင်းအား အမိန့်ကြော်ငြာစာ အမှတ် ၂/ ၂၀၁၇ ဖြင့် ဖေဖော်ဝါရီလ ကတည်းက ထွက်ရှိထားပြီး ခရိုင်စပါး ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်း ဖွဲ့စည်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၃ / ၂၀၁၇ ဖြင့်လည်းကောင်း၊ မြို့နယ် စပါး ဆန်ဝယ်ယူရေး ကြီးကြပ်မှု လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၄ / ၂၀၁၇ ဖြင့် လည်းကောင်း ထုတ်ပြန်ထားရှိခဲ့ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ စပါးတိုက်ရိုက် တင်ပို့မှုအစား ဆန်တင်ပို့ရန် မူဝါဒဖြင့် ကန့်သတ်လိုက်ပြီးနောက် ဒေသတွင်း စပါးဈေး ကျဆင်းလာနေရာ စပါးဈေးမှာ တစ်ဧကထုတ်လုပ်မှု ကုန်ကျ စရိတ်အောက် ရောက်သွားပါက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စပါးဈေးကျဆင်းမှုသည် တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောက်လာပါက မြန်မာနိုင်ငံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တင်ပြပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတော်အစိုးရအထိ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရသည်။

“နိုင်ငံတော်မှ ကာလပေါက်ဈေးဖြင့် ဝယ်ယူရန် ယခုအချိန်ထိ စီစဉ်ညွှန်ကြားထားခြင်း မရှိသေးပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ဆန်စပါးကို ဝယ်ယူရာမှာ ဒေသ၏ စပါးပေါက်ဈေးသည် တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် အောက်ရောက်နေမယ်ဆိုရင် နိုင်ငံတော်ကနေ စပါးတွေကို ကာလပေါက်ဈေး နဲ့ ဝယ်ယူပေးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင် အဖွဲ့သို့ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားပါ့မယ် “ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

မိုင်းယောင်းဒေသထွက် စပါးများကို ယခင်က တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့နေရာမှ ဒေသတွင်း ဆန်စက်လုပ်ငန်းများ အလုပ်အကို်င် အခွင့်အလမ်း ရှားပါးလာခြင်းနှင့် ဒေသတွင်း မွေးမြူရေး ကုန်ကြမ်း ရှားပါးလာခြင်းများကြောင့် ဆန်ကြိတ်ခွဲတင်ပို့ရန် ၂၀၁၆ ခုနှစ်မှစ၍ မူဝါဒ ချမှတ်အကောင် အထည်ဖော် နခြေင်းဖြစ်သည်။

ဆန်တင်ပို့ရန်မှာ မိုင်းယောင်းမြို့ရှိ ဆန်စက်များက အဆင့်မီ ကြိတ်ခွဲနိုင်သည့် စက်ကြီးမရှိသဖြင့် ဆန်အရည်အသွေးမှာ တဖက်နိုင်ငံမှ ဝယ်ယူသည့် အဆင့်သို့ မရောက်ဘဲဖြစ်နေရာ ဆန်တင်ပို့သည့် မူဝါဒအား အကောင်အထည် ဖော်ရန် ခက်ခဲနခြေင်းဖြစ်ပြီး စပါးဈေးကျဆင်းမှုကြောင့် လာမည့်နှစ်တွင် တောင်သူများ စပါးစိုက်ပျိုးမှုနည်းသွားနိုင်ကြောင်း မိုင်းယောင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က ဆိုသည်။

တိုင်းဒေသကြီး ပြည်နယ်စပါး ဝယ်ယူရေးအဖွဲ့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ဖွဲ့စည်းခြင်းအား အမိန့်ကြော်ငြာစာ အမှတ် ၂/ ၂၀၁၇ ဖြင့် ဖေဖော်ဝါရီလ ကတည်းက ထွက်ရှိထားပြီး ခရိုင်စပါး ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်း ဖွဲ့စည်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၃ / ၂၀၁၇ ဖြင့်လည်းကောင်း၊ မြို့နယ် စပါး ဆန်ဝယ်ယူရေး ကြီးကြပ်မှု လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၄ / ၂၀၁၇ ဖြင့် လည်းကောင်း ထုတ်ပြန်ထားရှိခဲ့ပြီး ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~