ေတာင္ႀကီးၿမိဳ႕တြင္ ေတာင္းရမ္းစားေသာက္ေနေသာ ကေလးငယ္မ်ားကို စာသင္ၾကားေပးေရး စီစဥ္ေန

ေတာင္ႀကီးၿမိဳ႕တြင္ ေတာင္းရမ္းစားေသာက္ေနေသာ ကေလးငယ္မ်ားကို စာသင္ၾကားေပးေရး စီစဥ္ေန
ဒီဇင်ဘာ 2, 2016
By Tachileik News Agency

ရွမ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ အလုပ္လုပ္ေနသည့္ကေလးမ်ား ႏွင့္ ေတာင္းရမ္းစားေသာက္ေနသည့္ ကေလးမ်ားအား စာသင္ၾကားေပးႏုိင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ကမ္းလက္ေမတၱာလူမႈဖြံ႕ၿဖိဳးေရးအဖြဲ႕မွ သိရသည္။

“ကြ်န္မတို႔ ရဲ႕ရည္ရြယ္ခ်က္က ကေလးေတြမွာရွိတဲ႕အခြင့္အေရးေတြ၊ ကေလးေတြမွာ လိင္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာ ပတ္သက္တဲ့ ျပႆနာတစ္ခုခုမျဖစ္ခင္မွာ ႀကိဳတင္ကာကြယ္ဖို႔ လိုပါတယ္။ ျဖစ္မွခံစားရတာထက္ မျဖစ္ခင္မွာ ၾကိဳ တင္ကာကြယ္ဖို႔ လိုပါတယ္။ အလုပ္ လုပ္ေနတဲ့ကေလးေတြ၊ ေတာင္းရမ္းစားေသာက္ေနတဲ့ ကေလးေတြ၊ ဘုရားေပၚမွာပန္းေရာင္းတဲ့ကေလးေတြ၊ လက္ဖက္ရည္ဆိုင္မွာ စားပြဲထိုးလုပ္တဲ့ ကေလးေတြ သူတို႔ေတြကိုအသိပညာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ စာသင္ၾကားေပးႏိုင္ဖို႕စီစဥ္ေနပါတယ္”ဟု အဖြဲ႔ဒါရိုက္တာ ေဒၚကိႏၷရီက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ရွိ ကမ္းလက္ေမတၱာလူမႈဖြံ႕ၿဖိဳးေရးအဖြဲ႕ကို ၂၀၁၅ တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ကေလးမ်ားအား စာသင္ၾကားေပးမည့္အစီအစဥ္မွာ အဖြဲ႕အေနျဖင့္ ပထမဆံုးအႀကိမ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြအတြက္ ဒီလိုစာသင္ေပးမယ္ဆိုရင္ အရမ္းေကာင္းပါတယ္။ ကေလးေတြက အျမင္တိုးတက္လာမယ္။ အသိပညာလည္း တိုးလာမယ္။ တခ်ဳိ႕ကေလးေတြက ငယ္ငယ္ေလးကတည္းက စာဆိုတာေတာင္ သင္ၾကားခြင့္မရဘဲ အလုပ္ထဲမွာပဲ နစ္ေမ်ာေနရတာေတြရွိပါတယ္။ အခုေတာ့အဖြဲ႕အစည္းတစ္ခု က စာသင္ၾကားေပးဖို႔ စီစဥ္ေနတယ္ ဆိုေတာ့ အရမ္း၀မ္းသာပါတယ္” ဟု ေဒသခံတစ္ဦးျဖစ္သည့္ ေဒၚေအးႏြယ္က ေျပာသည္။

လက္ရိွတြင္ ေတာင္ႀကီးၿမိဳ႕မွ အလုပ္လုပ္ေနသည့္ ကေလးငယ္မ်ားႏွင့္ ေတာင္းရမ္းစားေသာက္ေနသည့္ ကေလးငယ္မ်ားကို စာရင္းေကာက္ယူေနေၾကာငး္ သိရသည္။

သတင္း - #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အလုပ်လုပ်နေသည့်ကလေးများ နှင့် တောင်းရမ်းစားသောက်နေသည့် ကလေးများအား စာသင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကမ်းလက်မေတ္တာလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ သိရသည်။

“ကျွန်မတို့ ရဲ့ရည်ရွယ်ချက်က ကလေးတွေမှာရှိတဲ့အခွင့်အရေးတွေ၊ ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်သက်တဲ့ ပြဿနာတစ်ခုခုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ဖြစ်မှခံစားရတာထက် မဖြစ်ခင်မှာ ကြို တင်ကာကွယ်ဖို့ လိုပါတယ်။ အလုပ် လုပ်နေတဲ့ကလေးတွေ၊ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေ၊ ဘုရားပေါ်မှာပန်းရောင်းတဲ့ကလေးတွေ၊ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်တဲ့ ကလေးတွေ သူတို့တွေကိုအသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာသင်ကြားပေးနိုင်ဖို့စီစဉ်နေပါတယ်”ဟု အဖွဲ့ဒါရိုက်တာ ဒေါ်ကိန္နရီက ပြောသည်။

တောင်ကြီးမြို့ရှိ ကမ်းလက်မေတ္တာလူမှုဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀၁၅ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကလေးများအား စာသင်ကြားပေးမည့်အစီအစဉ်မှာ အဖွဲ့အနဖြေင့် ပထမဆုံးအကြိမ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေအတွက် ဒီလိုစာသင်ပေးမယ်ဆိုရင် အရမ်းကောင်းပါတယ်။ ကလေးတွေက အမြင်တိုးတက်လာမယ်။ အသိပညာလည်း တိုးလာမယ်။ တချို့ကလေးတွေက ငယ်ငယ်လေးကတည်းက စာဆိုတာတောင် သင်ကြားခွင့်မရဘဲ အလုပ်ထဲမှာပဲ နစ်မျောနေရတာတွေရှိပါတယ်။ အခုတော့အဖွဲ့အစည်းတစ်ခု က စာသင်ကြားပေးဖို့ စီစဉ်နေတယ် ဆိုတော့ အရမ်းဝမ်းသာပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်အေးနွယ်က ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့မှ အလုပ်လုပ်နေသည့် ကလေးငယ်များနှင့် တောင်းရမ်းစားသောက်နေသည့် ကလေးငယ်များကို စာရင်းကောက်ယူနေကြောငး် သိရသည်။

သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~