တာခ်ီလိိတ္ၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္မရေသးသူ ၃၈၀၀ ခန္႔ရိွ

တာခ်ီလိိတ္ၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္မရေသးသူ ၃၈၀၀ ခန္႔ရိွ
ဒီဇင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ မရရိွေသးသူ (၃၈၀၀)ခန္႔ ရိွေနေသးေၾကာင္း ၿမိဳ႕နယ္လယ္ယာေျမစီမံခန္ ့ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

"လက္ရိွအခ်ိန္အထိေတာ့ ပုံစံ(၇)လို ့ေခၚတဲ့ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ကို တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းမွာ (၁၂,၀၀၀)ေလာက္ ထုတ္ေပးၿပီးပါၿပီ။ (၃,၈၀၀) ေလာက္ကေတာ့ ထုတ္ေပးဖို ့ က်န္ေနေသးတယ္။ အဲဒီထဲမွာမွ ရပ္/ေက်းလယ္စီ (လယ္ယာေျမစီမံခန္႔ခြဲေရးေကာ္မတီ)ကေနတက္လာလို ့ ၿမိဳ႕နယ္လယ္/စီကို ပို႔ေပးထားတဲ့ အမႈတြဲေပါင္းက (၂၀၀)ေက်ာ္ရိွပါတယ္။ အဲဒါေတြကိုေတာ့ ခြင့္ျပဳမိန္ ့မရေသးလို ့ မထုတ္ေပးရေသးဘူး"ဟု ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္ ့ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးမွဴး ဦးေက်ာ္နႏၵက ေျပာသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ရရိွရန္အတြက္ ေက်းရြာလယ္ယာေျမစီမံခန္ ့ခြဲမႈအဖြဲ ့မွ ၿမိဳ႕နယ္၊ ခရို္င္အဆင့္ဆင့္သို႔ တင္ျပေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ပုံစံ(၇)ကို အစြန္အဖ်ားေလးေတြက ရြာေတြက သိပ္နားမလည္ၾကလို ့ ပုံစံ(၇)ကို ေလွ်ာက္တာနည္းတယ္။ ဒါေၾကာင့္ နည္းနည္းေတာ့ က်န္တယ္။ ၿမိဳ႕နဲ ့ အနီးတစ္၀ိုက္ကရြာေတြကေတာ့ လာေရာက္ ေလွ်ာက္တာ မ်ားပါတယ္" ဟု ဦးေက်ာ္နႏၵက ေျပာသည္။

လယ္ယာေျမ ဥပေဒအရ လုပ္ေဆာင္ေပးေနသည့္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္သည္ လယ္သမားမ်ား လယ္ယာေျမလုပ္ပိုင္ခြင့္အတြက္ အာမခံေပးထားျခင္းျဖစ္သျဖင့္ လုပ္ပိုင္ခြင့္မ်ားဆံုးရံႈးမႈမရိွေစရန္ လုပ္ေဆာင္သင့္သည္ဟု ၎က တိုက္တြန္းသည္။

"လက္ရိွမွာ ပုံစံ(၇)မရရိွေသးတဲ့ ေတာင္သူေတြက (၄၀)ရာခို္င္ႏႈန္းေလာက္ က်န္အုံးမယ္လို ့ထင္တယ္။ အရင္တုန္းကေတာ့ ဌာနေတြက စီမံခ်က္ေတြနဲ ့လုပ္ေပးတာရိွတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာ ေတာင္သူေတြ ထပ္တိုးခ်ဲ႕တာေတြရိွေနေတာ့ မျပည့္မီေသးဘူးေပါ့"ဟု ေတာင္သူလယ္သမားမ်ား၏ အေရး ေဆာင္ရြက္လွ်က္ရိွေသာ သံလြင္သစၥာအဖြဲ ့မွ မန္ေနးဂ်င္းဒါရိုက္တာ ဦးတင္ျမင့္၀င္းက ေျပာသည္။

ယခင္က လယ္ယာေျမအား ေပါင္ႏွံ၊ေရာင္းခ်ခြင့္မရိွဘဲ  အသစ္ျပဌာန္းလိုက္သည့္ လယ္ယာေျမဥပေဒတြင္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ျဖင့္ လယ္သမားသည္ လယ္ေျမမ်ားကို တရား၀င္ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ အေမြဆက္ခံျခင္း၊ လႊဲေျပာင္းျခင္းႏွင့္ ေမတၱာျဖင့္ေပးျခင္း တို ့ကို လုပ္ေဆာင္ႏုိင္မည္ျဖစ္သည့္အျပင္ အစိုးရအသိအမွတ္ျပဳထားသည့္ ဘဏ္မ်ားတြင္လည္း လယ္ယာေျမ ေပါင္ႏွံႏိုင္ေၾကာင္းသိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် မရရှိသေးသူ (၃၈၀၀)ခန့် ရှိနေသေးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

"လက်ရှိအချိန်အထိတော့ ပုံစံ(၇)လို့ခေါ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို တာချီလိတ်မြို့နယ် အတွင်းမှာ (၁၂,ဝဝဝ)လောက် ထုတ်ပေးပြီးပါပြီ။ (၃,၈၀၀) လောက်ကတော့ ထုတ်ပေးဖို့ ကျန်နေသေးတယ်။ အဲဒီထဲမှာမှ ရပ်/ကျေးလယ်စီ (လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ)ကနေတက်လာလို့ မြို့နယ်လယ်/စီကို ပို့ပေးထားတဲ့ အမှုတွဲပေါင်းက (၂၀၀)ကျော်ရှိပါတယ်။ အဲဒါတွေကိုတော့ ခွင့်ပြုမိန့်မရသေးလို့ မထုတ်ပေးရသေးဘူး"ဟု မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်နန္ဒက ပြောသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိရန်အတွက် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်၊ ခရို်င်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

"ပုံစံ(၇)ကို အစွန်အဖျားလေးတွေက ရွာတွေက သိပ်နားမလည်ကြလို့ ပုံစံ(၇)ကို လျှောက်တာနည်းတယ်။ ဒါကြောင့် နည်းနည်းတော့ ကျန်တယ်။ မြို့နဲ့ အနီးတစ်ဝိုက်ကရွာတွေကတော့ လာရောက် လျှောက်တာ များပါတယ်" ဟု ဦးကျော်နန္ဒက ပြောသည်။

လယ်ယာမြေ ဥပဒေအရ လုပ်ဆောင်ပေးနေသည့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်သည် လယ်သမားများ လယ်ယာမြေလုပ်ပိုင်ခွင့်အတွက် အာမခံပေးထားခြင်းဖြစ်သဖြင့် လုပ်ပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရန် လုပ်ဆောင်သင့်သည်ဟု၎င်းက တိုက်တွန်းသည်။

"လက်ရှိမှာ ပုံစံ(၇)မရရှိသေးတဲ့ တောင်သူတွေက (၄၀)ရာခို်င်နှုန်းလောက် ကျန်အုံးမယ်လို့ထင်တယ်။ အရင်တုန်းကတော့ ဌာနတွေက စီမံချက်တွေနဲ့လုပ်ပေးတာရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ တောင်သူတွေ ထပ်တိုးချဲ့တာတွေရှိနေတော့ မပြည့်မီသေးဘူးပေါ့"ဟု တောင်သူလယ်သမားများ၏ အရေး ဆောင်ရွက်လျှက်ရှိသော သံလွင်သစ္စာအဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ ဦးတင်မြင့်ဝင်းက ပြောသည်။

ယခင်က လယ်ယာမြေအား ပေါင်နှံ၊ရောင်းချခွင့်မရှိဘဲ အသစ်ပြဌာန်းလိုက်သည့် လယ်ယာမြေဥပဒေတွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ဖြင့် လယ်သမားသည် လယ်မြေများကို တရားဝင် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အမွေဆက်ခံခြင်း၊ လွှဲပြောင်းခြင်းနှင့် မေတ္တာဖြင့်ပေးခြင်း တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် အစိုးရအသိအမှတ်ပြုထားသည့် ဘဏ်များတွင်လည်း လယ်ယာမြေ ပေါင်နှံနိုင်ကြောင်းသိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~