လြိဳင္ေကာ္တြင္ သာသနာ့ေျမ ျပန္လည္တိုင္းတာျခင္းအား ေဒသခံအခ်ဳိ႕ ကန္႔ကြက္

လြိဳင္ေကာ္တြင္ သာသနာ့ေျမ ျပန္လည္တိုင္းတာျခင္းအား ေဒသခံအခ်ဳိ႕ ကန္႔ကြက္
ဒီဇင်ဘာ 1, 2016
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ကႏၱရဝတီေစာဖ်ာမွ ၁၉၉၅ ခုႏွစ္တြင္ စာခ်ဳပ္စာတမ္းျဖင့္ လႈဒါန္းထားသည့္ သာသနာ့ေျမဧက (၄၀၀)ေက်ာ္တြင္ လူမ်ားဝင္ေရာက္ေနထုိင္မႈမ်ားရိွေနသျဖင့္ သက္ဆုိင္ရာက ျပန္လည္တိုင္းတာျခင္းကို ေဒသခံအခ်ိဳ႕က ဆႏၵထုတ္ေဖၚၾကေၾကာင္း သိရသည္။

လႈဒါန္းထားေသာ သာသနာ့ေျမမ်ားအား စက္တင္ဘာလ ၁၆ ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွ တာဝန္ရိွသူမ်ားႏွင့္ သာသနာ့ေျမ ထိန္းသိမ္းေစာင့္ေရွာက္ေရးေကာ္မတီတို႔မွ အမ်ားပိုင္သာသနာ့ဝတၱက နယ္ေျမအျဖစ္ လာေရာက္တိုင္းတာခဲ့ျခင္း ျဖစ္ၿပီး အဆိုပါေနရာမ်ားတြင္ အမွတ္အသားျပဳလုပ္ရန္ ႏိုဝင္ဘာလအတြင္း စတင္လုပ္ေဆာင္ခ်ိ္န္တြင္ အဆိုပါနယ္ေျမအတြင္း ပါဝင္ေနသည့္ လူေနအိမ္ပိုင္ရွင္မ်ားက ႏိုဝင္ဘာလ (၂၈) ရက္တြင္ ဆႏၵထုတ္ေဖၚၾကျခင္း ျဖစ္သည္။

"ကြ်န္မတို႔က အရင္ကတည္းက စိုက္ပ်ိဳးခဲ့တာ။ ဒီေျမေတြမွာ လူေတြလည္း ေန ေနၾကတာေပါ့။ ခုက သာသနာ့ေျမဆိုၿပီး လာတိုင္းတယ္။"ဟု ဆႏၵထုတ္ေဖၚရာတြင္ ပါဝင္သည့္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

သကၠရာဇ္ ၂၅၀၀ ေက်ာင္းတိုက္အေနာက္၊ ရတနာသီရိေတာင္အေနာက္၊ ေရြလက္ဝါးေတာင္ေတာ္အေနာက္ ေနစက္လစက္ဘုရားအေနာက္ႏွင့္ ျမကလပ္ေစတီအနီးတို႔တြင္ ေျမဧက (၄၀၀)ေက်ာ္အား လြန္ခဲ႕သည့္ ႏွစ္ ၆၀ ေက်ာ္ခန္႔ ကႏၵရဝတီေစာဖ်ာမွ ကယားျပည္နယ္လံုးဆိုင္ရာ ဗုဒၶသာသနာ့အဖြဲ႔ခ်ဳပ္ႏွင့္ သံဃာ့အဖြဲ႔ခ်ဳပ္၊ ေက်ာင္းဦးဘုရားတကာမ်ားထံသို႔ ကႏၵရဝတီေစာဖ်ာဒူရံုးေတာ္၏ စာအမွတ္ (၃၉၇/၃)ပါ ေျမပံုစာအရ လိြဳင္ေကာ္ၿမိဳ႕ သီရိမဂၤလာေတာင္(ေတာင္ကြဲ) ပတ္ဝန္းက်င္ ခန္႔မွန္းေျခ ဧက(၄၀၀)ေက်ာ္အား ေပးအပ္လွဴဒါန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"သာသနာ့ေျမ အျဖစ္တိုင္းတာ သတ္မွတ္ထားတဲ့အထဲ  ပါသြားတဲဲ့ လူေနအိမ္ျခံေတြကို သာသနာ့ပိုင္ ေျမပုံ သတ္မွတ္ခ်က္ထဲက ပယ္ဖ်က္ေပးဖို႕နဲ႔ ကြင္းတစ္ခု လုပ္ေပးဖို႕ေပါ့။ ေတာင္းဆိုတာပါ "ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ဦးေဆာင္သူ ဦးထြန္းစိန္က ေျပာသည္။

ကႏၵရဝတီေစာဖ်ာလွဴဒါန္းထားသည့္ သာသနာ့ေျမမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔အား ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ပါဝင္ဖြဲ႔စည္းခဲ့ၿပီး ဇူလိုင္လမွစတင္ကာ ျပန္လည္တိုင္းတာ မႈမ်ား ျပဳလုပ္ေနျခင္း ျဖစ္ေၾကာင္းသိရသည္။

အဆိုပါသာသနာ့ေျမေနရာမ်ားတြင္ ၁၉၇၄ ခုႏွစ္ကတည္းက စိုက္ပ်ိဳးေရးလုပ္ကိုင္ေနသူမ်ား၊ တဆင့္ျပန္လည္ဝယ္ယူၿပီး ေနအိမ္ေဆာက္လုပ္ေနထိုင္သူမ်ား ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကန္တရဝတီစောဖျာမှ ၁၉၉၅ ခုနှစ်တွင် စာချုပ်စာတမ်းဖြင့် လှုဒါန်းထားသည့် သာသနာ့မြေဧက (၄၀၀)ကျော်တွင် လူများဝင်ရောက်နေထိုင်မှုများရှိနေသဖြင့် သက်ဆိုင်ရာက ပြန်လည်တိုင်းတာခြင်းကို ဒေသခံအချို့က ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

လှုဒါန်းထားသော သာသနာ့မြေများအား စက်တင်ဘာလ ၁၆ ရက်နေ့က လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် သာသနာ့မြေ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတို့မှ အများပိုင်သာသနာ့ဝတ္တက နယ်မြေအဖြစ် လာရောက်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေရာများတွင် အမှတ်အသားပြုလုပ်ရန် နိုဝင်ဘာလအတွင်း စတင်လုပ်ဆောင်ချိ်န်တွင် အဆိုပါနယ်မြေအတွင်း ပါဝင်နေသည့် လူနေအိမ်ပိုင်ရှင်များက နိုဝင်ဘာလ (၂၈) ရက်တွင် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

"ကျွန်မတို့က အရင်ကတည်းက စိုက်ပျိုးခဲ့တာ။ ဒီမြေတွေမှာ လူတွေလည်း နေ နကြေတာပေါ့။ ခုက သာသနာ့မြေဆိုပြီး လာတိုင်းတယ်။"ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့်အမျိုးသမီးတစ်ဦးက ပြောသည်။

သက္ကရာဇ် ၂၅၀၀ ကျောင်းတိုက်အနောက်၊ ရတနာသီရိတောင်အနောက်၊ ရွေလက်ဝါးတောင်တော်အနောက် နေစက်လစက်ဘုရားအနောက်နှင့် မြကလပ်စေတီအနီးတို့တွင် မြေဧက (၄၀၀)ကျော်အား လွန်ခဲ့သည့် နှစ် ၆၀ ကျော်ခန့် ကန္ဒရဝတီစောဖျာမှ ကယားပြည်နယ်လုံးဆိုင်ရာ ဗုဒ္ဓသာသနာ့အဖွဲ့ချုပ်နှင့် သံဃာ့အဖွဲ့ချုပ်၊ ကျောင်းဦးဘုရားတကာများထံသို့ ကန္ဒရဝတီစောဖျာဒူရုံးတော်၏ စာအမှတ် (၃၉၇/၃)ပါ မြေပုံစာအရ လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်(တောင်ကွဲ) ပတ်ဝန်းကျင် ခန့်မှန်းခြေ ဧက(၄၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"သာသနာ့မြေ အဖြစ်တိုင်းတာ သတ်မှတ်ထားတဲ့အထဲ ပါသွားတဲ့ လူနေအိမ်ခြံတွေကို သာသနာ့ပိုင် မြေပုံ သတ်မှတ်ချက်ထဲက ပယ်ဖျက်ပေးဖို့နဲ့ ကွင်းတစ်ခု လုပ်ပေးဖို့ပေါ့။ တောင်းဆိုတာပါ "ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးထွန်းစိန်က ပြောသည်။

ကန္ဒရဝတီစောဖျာလှူဒါန်းထားသည့် သာသနာ့မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ကယားပြည်နယ်ဝန်ကြီးချုပ်ပါဝင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လမှစတင်ကာ ပြန်လည်တိုင်းတာ မှုများ ပြုလုပ်နခြေင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါသာသနာ့မြေနေရာများတွင် ၁၉၇၄ ခုနှစ်ကတည်းက စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ တဆင့်ပြန်လည်ဝယ်ယူပြီး နေအိမ်ဆောက်လုပ်နေထိုင်သူများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~