တာခ်ီလိတ္တြင္ ဒီဇင္ဘာ အားကစား လူထုစုေပါင္း လမ္းေလွ်ာက္ပဲြ စတင္

တာခ်ီလိတ္တြင္ ဒီဇင္ဘာ အားကစား လူထုစုေပါင္း လမ္းေလွ်ာက္ပဲြ စတင္
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

တစ္မ်ဳိးသားလံုး က်န္းမာႀကံ့ခုိင္ေရး ႏွင့္ ျပည္သူလူထုအတြင္း အားကစားကုိ စိတ္ပါ၀င္စားေစရန္ ရည္ရြယ္လ်က္ လူထု စုေပါင္းလမ္းေလွ်ာက္ပဲြကုိ ယေန႔ ဒီဇင္ဘာ ၃ ရက္၊ နံနက္ ၅ နာရီ က တာခ်ီလိတ္ၿမဳိ႕ ရွမ္းရုိးမကုန္တုိက္ေရွ႕ရွိ စုရပ္မွ စတင္ထြက္ခြာၿပီး ဗုိလ္ခ်ဳပ္လမ္းမႀကီး အတုိင္း ၿမဳိမအား ကစားကြင္းသုိ႔ တေပ်ာ္တပါး စုေပါင္းလမ္းေလွ်ာက္ခဲ့ၾကသည္။

အဆုိပါ စုေပါင္းလမ္းေလွ်ာက္ပဲြကုိ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ ဆရာ၊ ဆရာမမ်ား ႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ား၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၀န္ထမ္းမ်ား၊ လူမႈေရးအသင္းအဖဲြ႕မ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ တုိင္းရင္းသားျပည္သူမ်ား စုစုေပါင္း အင္အား (၈၀၀)ေက်ာ္တုိ႔ ပါ၀င္ လမ္းေလွ်ာက္ခဲ့ၾကကာ ၿမဳိ႕မအားကစားကြင္းတြင္ ကုိယ္လက္ ႀကံ့ခုိင္ေရး ေလ့က်င့္ခန္း အတဲြ(၁) ႏွင့္ အတဲြ(၂) ကုိ စုေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

"ကြ်န္ေတာ္ကေတာ့ နံနက္ေစာေစာ စုေပါင္းလမ္းေလွ်ာက္ျခင္းျဖင့္ ကုိယ္လက္လႈပ္ရွား အားကစားမွ စိတ္ခ်မ္းေျမ႕ေပ်ာ္ရႊင္ဖြယ္ျဖစ္ရသည့္အျပင္ ခႏၶာကုိယ္က်န္းမာေစရန္ မ်ားစြာအေထာက္အကူျဖစ္ေစတဲ့အတြက္ ယခုလုိ စုေပါင္းလမ္းေလွ်ာက္ပဲြကုိ ႏွစ္စဥ္ပါ၀င္ ဆင္ႏႊဲျခင္းျဖစ္ေၾကာင္း" ေဒသခံ ဦးစုိင္းရွဲန္ က ေျပာၾကားသည္။

တာခ်ီလိတ္ၿမဳိ႕တြင္ အလားတူ လူထုစုေပါင္း လမ္းေလွ်ာက္ပဲြကုိ ဒီဇင္ဘာလအတြင္း အပတ္စဥ္ စေနေန႔တုိင္း ၁၀.၁၂.၂၀၁၆၊ ၁၇.၁၂.၂၀၁၆၊ ၂၄.၁၂.၂၀၁၆၊ ၃၁.၁၂.၂၀၁၆ ရက္ေန႔တို႔တြင္ စုေပါင္းျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပြည်သူလူထုအတွင်း အားကစားကို စိတ်ပါဝင်စားစေရန် ရည်ရွယ်လျက် လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၅ နာရီ က တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ စုရပ်မှ စတင်ထွက်ခွာပြီး ဗိုလ်ချုပ်လမ်းမကြီး အတိုင်း မြိုမအား ကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများ စုစုပေါင်း အင်အား (၈၀၀)ကျော်တို့ ပါဝင် လမ်းလျှောက်ခဲ့ကြကာ မြို့မအားကစားကွင်းတွင် ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁) နှင့် အတွဲ(၂) ကို စုပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

"ကျွန်တော်ကတော့ နံနက်စောစော စုပေါင်းလမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှား အားကစားမှ စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ဖြစ်ရသည့်အပြင် ခန္ဓာကိုယ်ကျန်းမာစေရန် များစွာအထောက်အကူဖြစ်စေတဲ့အတွက် ယခုလို စုပေါင်းလမ်းလျှောက်ပွဲကို နှစ်စဉ်ပါဝင် ဆင်နွှဲခြင်းဖြစ်ကြောင်း" ဒေသခံ ဦးစိုင်းရှဲန် က ပြောကြားသည်။

တာချီလိတ်မြို့တွင် အလားတူ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း ၁၀.၁၂.၂၀၁၆၊ ၁၇.၁၂.၂၀၁၆၊ ၂၄.၁၂.၂၀၁၆၊ ၃၁.၁၂.၂၀၁၆ ရက်နေ့တို့တွင် စုပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~