တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ (၆)ဦး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ (၆)ဦး ဖမ္းဆီးရမိ
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးအုပ္စု ပါဘီးေက်းရြာတြင္ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၃)ရက္ နံနက္(၆)နာရီ၀န္းက်င္က သတင္းအရ ေနအိမ္သံုးလံုးတြင္ ဝင္ေရာက္ ရွာေဖြရာ စိတ္ၾကြေဆးျပားမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြေတြ႔ရိွရသျဖင့္ အေရးယူထားေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးအုပ္စု၊ ပါဘီး(၃)ေက်းရြာရွိ ေဒၚအားခ်ဴ၏ ေနအိမ္အား မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ ေဒၚအားခ်ဴ ႏွင့္အတူ ၎၏သားျဖစ္သူ ေပါလို႔ တို႔အား ေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္း ေဒၚအားခ်ဴ၏ အိပ္ယာေအာက္မွ အေအးစုပ္ပိုက္တိုမ်ားျဖင့္ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား(၉၀)ျပားအား လည္းေကာင္း၊ ေနအိမ္ေဘးရွိ ေရခ်ိဳးခန္းႏွင့္ အိမ္သာတြဲလ်က္ အခန္းအတြင္းရွိ အျပာေရာင္ ဂ်င္းေဘာင္းဘီရွည္ ေရွ႕အိတ္ကပ္အတြင္းမွ သံဗူးငယ္ျဖင့္ ထည့္ထားၿပီး အေအးစုပ္ ပိုက္တိုမ်ားျဖင့္ ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၁၇၀)ျပား အား လည္းေကာင္း၊ စုစုေပါင္း စိတ္ႂကြေဆးျပား (၂၆၀)ျပား၊ အေလးခ်ိန္ (၂၆)ဂရမ္ခန႔္၊ ေဒသတန္ဖိုး (၃၉၀၀၀၀)က်ပ္ခန႔္အား ေတြ႕ရွိသိမ္းဆည္းရမိေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ပါဘီးေက်းရြာမွ အသက္ (၅၁)ႏွစ္အရြယ္ ေဒၚအားခ်ဴႏွင့္ သားျဖစ္သူ အသက္ (၃၃)ႏွစ္အရြယ္ ေပါလို႔တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၃/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) /၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိတ္ ၿမိဳ႕နယ္၊ မိုင္းကိုးအုပ္စု၊ ပါဘီး(၃)ေက်းရြာရွိ မယာမီ ၏ ေနအိမ္အား မူးယစ္ေဆးဝါး သတင္းအရ ဝင္ေရာက္ရွာေဖြရာ မယာမီႏွင့္အတူ မဟဲလင္း တို႔အား ေနအိမ္အိပ္ခန္းအတြင္း၌ လည္းေကာင္း ၊ ကြမ္ရွု(ခ)အားတီ(က်ား)အား ေနအိမ္ၿခံတံခါးေပါက္အနီး၌ လည္းေကာင္း၊ ေတြ႕ရွိရၿပီး ေနအိမ္အတြင္း မယာမီ ႏွင့္ မဟဲလင္း တို႔ အိပ္ေနသည့္ အိပ္ယာေခါင္းရင္းဘက္ရွိ အျပာေရာင္ ဂ်င္းလြယ္အိတ္အတြင္းမွ  WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား(၁၄၀၀)ျပားႏွင့္ အေအးစုပ္ပိုက္တိုမ်ားျဖင့္ ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ ေဆးျပား(၆၉၀)ျပားအား လည္းေကာင္း၊ စုစုေပါင္း စိတ္ႂကြေဆးျပား (၂၀၉၀)ျပား၊ အေလးခ်ိန္ (၂၀၉)ဂရမ္ ခန႔္၊ ေဒသတန္ဖိုး(၃၁၃၅၀၀၀)က်ပ္ခန႔္ႏွင့္ ထိုင္းနိုင္ငံသုံးဘတ္ေငြ (၂၀၀၀၀၀) ဘတ္အား လည္းေကာင္း၊ မဟဲလင္း ၏ ခါးတြင္ ပတ္ထားသည့္ အနက္ေရာင္ ခ်ည္လြယ္အိတ္အတြင္းမွ အေအးစုပ္ပိုက္ျဖင့္ ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၁၀)ျပားပါ (၁)ပိုက္ႏွင့္ (၁)ျပားပါ (၁)ပိုက္၊ ေဆးျပား (၁၁)ျပား၊ အေလးခ်ိန္ (၁.၁)ဂရမ္ခန႔္၊ ေဒသတန္ဖိုး (၁၆၅၀၀)က်ပ္ခန႔္အား လည္းေကာင္း၊ မယာမီ ၏ ေနအိမ္ေရွ႕မွ ကြမ္ရွု(ခ)အားတီ(က်ား) ပိုင္ဆိုင္သည့္ ၃၈ယ/၅၈၆၆၉ နံပါတ္ပါ Honda Wave-110 အမ်ိဳးအစား အျဖဴေရာင္ဆိုင္ကယ္(၁)စီးအား လည္းေကာင္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႕သည္ ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးအုပ္စု၊ ပါဘီး(၃)ရြာရွိ ေဒၚအားဒို ၏ ေနအိမ္အား ဝင္ေရာက္ ရွာေဖြရာ ေဒၚအားဒို အား ေနအိမ္တြင္ အသင့္ဖမ္းဆီးရမိခဲ့ၿပီး ၎ေနအိမ္မွ မူးယစ္ ေဆးဝါး တစ္စုံတစ္ရာ ရွာေဖြမေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားျဖစ္သည့္ အသက္ (၃၈)ႏွစ္အရြယ္ မယာမီ၊ အသက္ (၃၀)အရြယ္ မဟဲလင္း၊ အသက္ (၂၉)ႏွစ္အရြယ္ ကြမ္္ရွ(ခ)အားတီႏွင့္ ထြက္ဆိုခ်က္အရ ဖမ္းဆီးရမိသူ အသက္ (၄၀)အရြယ္ ေဒၚအားဒိုတို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း မယ(ပ)၁၀၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမွုဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းကိုးအုပ်စု ပါဘီးကျေးရွာတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၃)ရက် နံနက်(၆)နာရီဝန်းကျင်က သတင်းအရ နေအိမ်သုံးလုံးတွင် ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိရသဖြင့် အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဘီး(၃)ကျေးရွာရှိ ဒေါ်အားချူ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ဒေါ်အားချူ နှင့်အတူ၎င်း၏သားဖြစ်သူ ပေါလို့ တို့အား နေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်း ဒေါ်အားချူ၏အိပ်ယာအောက်မှ အအေးစုပ်ပိုက်တိုများဖြင့်ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၀)ပြားအား လည်းကောင်း၊ နေအိမ်ဘေးရှိ ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းအတွင်းရှိ အပြာရောင် ဂျင်းဘောင်းဘီရှည် ရှေ့အိတ်ကပ်အတွင်းမှ သံဗူးငယ်ဖြင့် ထည့်ထားပြီး အအေးစုပ် ပိုက်တိုများဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၇၀)ပြား အား လည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၆၀)ပြား၊ အလေးချိန် (၂၆)ဂရမ်ခန့်၊ ဒေသတန်ဖိုး (၃၉၀၀၀၀)ကျပ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ပါဘီးကျေးရွာမှ အသက် (၅၁)နှစ်အရွယ် ဒေါ်အားချူနှင့် သားဖြစ်သူ အသက် (၃၃)နှစ်အရွယ် ပေါလို့တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဘီး(၃)ကျေးရွာရှိ မယာမီ၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ မယာမီနှင့်အတူ မဟဲလင်း တို့အား နေအိမ်အိပ်ခန်းအတွင်း၌ လည်းကောင်း၊ ကွမ်ရှု(ခ)အားတီ(ကျား)အား နေအိမ်ခြံတံခါးပေါက်အနီး၌ လည်းကောင်း၊ တွေ့ရှိရပြီး နေအိမ်အတွင်း မယာမီ နှင့် မဟဲလင်း တို့ အိပ်နေသည့် အိပ်ယာခေါင်းရင်းဘက်ရှိ အပြာရောင် ဂျင်းလွယ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၁၄၀၀)ပြားနှင့် အအေးစုပ်ပိုက်တိုများဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ဆေးပြား(၆၉၀)ပြားအား လည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၀၉၀)ပြား၊ အလေးချိန် (၂၀၉)ဂရမ် ခန့်၊ ဒေသတန်ဖိုး(၃၁၃၅၀၀၀)ကျပ်ခန့်နှင့် ထိုင်းနိုင်ငံသုံးဘတ်ငွေ (၂၀၀၀၀၀) ဘတ်အား လည်းကောင်း၊ မဟဲလင်း၏ ခါးတွင် ပတ်ထားသည့် အနက်ရောင် ချည်လွယ်အိတ်အတွင်းမှ အအေးစုပ်ပိုက်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၀)ပြားပါ (၁)ပိုက်နှင့် (၁)ပြားပါ (၁)ပိုက်၊ ဆေးပြား (၁၁)ပြား၊ အလေးချိန် (၁.၁)ဂရမ်ခန့်၊ ဒေသတန်ဖိုး (၁၆၅၀၀)ကျပ်ခန့်အား လည်းကောင်း၊ မယာမီ၏ နေအိမ်ရှေ့မှ ကွမ်ရှု(ခ)အားတီ(ကျား) ပိုင်ဆိုင်သည့် ၃၈ယ/၅၈၆၆၉ နံပါတ်ပါ Honda Wave-110 အမျိုးအစား အဖြူရောင်ဆိုင်ကယ်(၁)စီးအား လည်းကောင်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါဘီး(၃)ရွာရှိ ဒေါ်အားဒို၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဒေါ်အားဒို အား နေအိမ်တွင် အသင့်ဖမ်းဆီးရမိခဲ့ပြီး၎င်းနေအိမ်မှ မူးယစ် ဆေးဝါး တစ်စုံတစ်ရာ ရှာဖွေမတွေ့ရှိခဲ့ရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သည့် အသက် (၃၈)နှစ်အရွယ် မယာမီ၊ အသက် (၃၀)အရွယ် မဟဲလင်း၊ အသက် (၂၉)နှစ်အရွယ် ကွမ်ရှ(ခ)အားတီနှင့် ထွက်ဆိုချက်အရ ဖမ်းဆီးရမိသူ အသက် (၄၀)အရွယ် ဒေါ်အားဒိုတို့အား တာချီလိတ်မြို့မ ရဲစခန်း မယ(ပ)၁၀၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~