တာလေ အထက၏ (၂၅)နှစ်ပြည့် ငွေရတုပွဲ နှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့တွင် ကျင်းပမည်

တာလေ အထက၏ (၂၅)နှစ်ပြည့် ငွေရတုပွဲ နှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့တွင် ကျင်းပမည်
နိုဝငျဘာ 26, 2016
By Tachileik News Agency

တာချီလိတ်ခရိုင် တာလေမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)၏ အထက်တန်းကျောင်းအဆင့်သို့  တိုးမြှင့်ခံရခြင်း (၂၅)နှစ်ပြည့် ငွေရတုပွဲနှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲတွင် ဆရာ/မကြီးဟောင်း (၈)ဦးမှ ကန်တော့ခံတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။



တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းသည် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဖြစ် (၁၉၅၃) ခုနှစ်တွင် စတင်ခဲ့ပြီး၊ မူလတန်းအဆင့်အဖြစ် (၁၉၅၈)ခုနှစ်တွင် လည်းကောင်း၊ အလယ်တန်းအဆင့် အဖြစ် (၁၉၆၇)ခုနှစ်တွင် လည်းကောင်း၊ အထက်တန်းကျောင်း အဖြစ် (၁၉၉၁)ခုနှစ်တွင် လည်းကောင်း တိုးမြှင့်ခဲ့ခြင်း ဖြစ်ပြီး (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ခံရခြင်းအဖြစ် (၂၅)နှစ်ပြည့်မှာ ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း၏ သက်တမ်းမှာ (၆၃)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင် တာလမြေို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)၏ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ခံရခြင်း (၂၅)နှစ်ပြည့် ငွေရတုပွဲနှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲတွင် ဆရာ/မကြီးဟောင်း (၈)ဦးမှ ကန်တော့ခံတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

(၂၅)နှစ်ပြည့် ငွေရတုပွဲနှင့် ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို အဆိုပါ ကျောင်းဝန်းအတွင်း၌ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ဆရာကြီးဟောင်း၊ ဆရာမကြီးဟောင်းများဖြစ်သည့် ဦးဆင်မြူရယ်၊ ဦးခင်မောင်မြင့်၊ ဒေါ်တင်တင်လှိုင်၊ ဒေါ်ခင်ဌေးဌေး၊ ဒေါ်သောင်းသောင်း၊ ဦးအတူး၊ ဒေါ်နီနီခင် အပါအဝင် လက်ရှိကျောင်းအုပ်ဆရာကြီးဦးသန်းစိုးတို့မှ ကန်တော့ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်အား ဒီဇင်ဘာလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နံနက်(၉)နာရီတွင် အခမ်းအနား စတင်မှာ ဖြစ်ကြောင်းနှင့် (၁၁)နာရီအချိန်တွင် အာစရိယပူဇော်ခြင်းကို ပြုလုပ်ကာ နေ့လယ်(၁၂)နာရီ အချိန်အား ဧည့်ခံကျွေးမွေးချိန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

တာလမြေို့ အခြေခံပညာအထက်တန်းကျောင်းသည် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဖြစ် (၁၉၅၃) ခုနှစ်တွင် စတင်ခဲ့ပြီး၊ မူလတန်းအဆင့်အဖြစ် (၁၉၅၈)ခုနှစ်တွင် လည်းကောင်း၊ အလယ်တန်းအဆင့် အဖြစ် (၁၉၆၇)ခုနှစ်တွင် လည်းကောင်း၊ အထက်တန်းကျောင်း အဖြစ် (၁၉၉၁)ခုနှစ်တွင် လည်းကောင်း တိုးမြှင့်ခဲ့ခြင်း ဖြစ်ပြီး (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ခံရခြင်းအဖြစ် (၂၅)နှစ်ပြည့်မှာ ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း၏ သက်တမ်းမှာ (၆၃)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~