တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက် ယာဉ်သွားလမ်းနှင့် ပလက်ဖောင်းပေါ် ဆိုင်းဘုတ်များနှင့် အခြားပစ္စည်းများ ထားရှိပါက အရေးယူသွားမည်

တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက် ယာဉ်သွားလမ်းနှင့် ပလက်ဖောင်းပေါ် ဆိုင်းဘုတ်များနှင့် အခြားပစ္စည်းများ ထားရှိပါက အရေးယူသွားမည်
နိုဝငျဘာ 28, 2016
By Tachileik News Agency

တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက်ရှိ ယာဉ်သွားလမ်းနှင့် လူသွားပလက်ဖောင်းလမ်းများပေါ်တွင် ဆိုင်းဘုတ်များနှင့် လမ်းကိုပိတ်စေသော အရာများဖြင့် ပြုလုပ်ပါက စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူ ဒဏ်ရိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။


နိုဝင်ဘာလ(၂၅)ရက်နေ့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများက တာချီလိတ်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမပေါ် ၀ဲ/ယာ လမ်းဘေးများတွင် လမ်းသွားလမ်းလာနှင့် ယာဉ်သွားယာဉ်လာများအတွက် အနှောက်အယှက်ဖြစ်စေပြီး၊ စည်ပင်သာယာရေးဥပဒေနှင့် မလွတ်ကင်းသည့် ဆိုင်းဘုတ်များကို သိမ်းဆည်းကာ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီတစ်ခါတော့ သူတို့ကို သတိပေးတဲ့အနေနဲ့ သိမ်းလိုက်ပြီးတော့ အဲ့ဒီနေရာမှာ မထားပါဘူးဆိုတဲ့ ၀န်ခံဂတိလက်မှတ်ထိုးခိုင်းလိုက်ပြီး ပြန်ပေးလိုက်ပါတယ်၊အဲ့ဒီနေရာမှာရော၊ ပလက်ဖောင်းမှာရော မထားခိုင်းဘူး၊ နောက်တစ်ခါကျူးလွန်မယ်ဆိုရင်တော့ ဆိုင်းဘုတ်ကိုလည်း သိမ်းမည်၊ ဒဏ်ကြေးလည်း ရိုက်မှာဖြစ်ပါတယ်"ဟှု ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက်ရှိ ယာဉ်သွားလမ်းနှင့် လူသွားပလက်ဖောင်းလမ်းများပေါ်တွင် ဆိုင်းဘုတ်များနှင့် လမ်းကိုပိတ်စေသော အရာများဖြင့် ပြုလုပ်ပါက စည်ပင်သာယာရေး ဥပဒဖြေင့် အရေးယူ ဒဏ်ရိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

"လူသွားလမ်းပေါ် နဲ့ ပလက်ဖောင်းတွေပေါ်မှာ ဆိုင်းဘုတ်တွေ၊ လမ်းပိတ်စေတဲ့ ပစ္စည်းတွေ ထားရှိတယ်ဆိုရင် စည်ပင်သာယာရေးဥပဒေအရ ဒဏ်ရိုက်တာတွေ၊ ထားရှိထားတဲ့ ဆိုင်းဘုတ်တွေကို သိမ်းတာတွေလုပ်သွားပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။

နိုဝင်ဘာလ(၂၅)ရက်နေ့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများက တာချီလိတ်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမပေါ် ဝဲ/ယာ လမ်းဘေးများတွင် လမ်းသွားလမ်းလာနှင့် ယာဉ်သွားယာဉ်လာများအတွက် အနှောက်အယှက်ဖြစ်စပြေီး၊ စည်ပင်သာယာရေးဥပဒေနှင့် မလွတ်ကင်းသည့် ဆိုင်းဘုတ်များကို သိမ်းဆည်းကာ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီတစ်ခါတော့ သူတို့ကို သတိပေးတဲ့အနေနဲ့ သိမ်းလိုက်ပြီးတော့ အဲ့ဒီနေရာမှာ မထားပါဘူးဆိုတဲ့ ဝန်ခံဂတိလက်မှတ်ထိုးခိုင်းလိုက်ပြီး ပြန်ပေးလိုက်ပါတယ်၊အဲ့ဒီနေရာမှာရော၊ ပလက်ဖောင်းမှာရော မထားခိုင်းဘူး၊ နောက်တစ်ခါကျူးလွန်မယ်ဆိုရင်တော့ ဆိုင်းဘုတ်ကိုလည်း သိမ်းမည်၊ ဒဏ်ကြေးလည်း ရိုက်မှာဖြစ်ပါတယ်"ဟုှ ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။

တာချီလိတ်မြို့တွင် အဓိက ပင်မလမ်းအဖြစ် ဗိုလ်ချုပ်လမ်းတစ်ခုတည်းသာရှိပြီး ဗိုလ်ချုပ်လမ်းမကြီး ဝဲ/ယာ နှစ်ဖက်ကျဉ်းနေ၍ ၂၀၁၆ခုနှစ် အစက စ၍ လမ်းသားတိုးချဲမှုများဖြင့် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~