ႏိုင္ငံတကာႏွင့္ ျပည္တြင္းမွ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ား ေတြ႕ဆံုႏုိင္မည့္ Tachileik Bike Week

ႏိုင္ငံတကာႏွင့္ ျပည္တြင္းမွ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ား ေတြ႕ဆံုႏုိင္မည့္ Tachileik Bike Week
နိုဝင်ဘာ 24, 2016
By Tachileik News Agency

ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလွသည့္ အိမ္နီးခ်င္းထုိင္းႏုိင္ငံ၏ ခရီးသြားဆြဲေဆာင္ရာပြဲတစ္ခုျဖစ္သည့္ Bike Week ေခၚ ေမာ္ေတာ္ဆိုင္ကယ္ခ်စ္သူမ်ား ေတြ႔ဆံုပြဲကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ထုိင္းႏိုင္ငံႏွင့္နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ တြင္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ က်င္းပရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။

ႏိုင္ငံတကာ ေမာ္ေတာ္ဆိုင္ကယ္ခ်စ္သူမ်ား ေတြ႕ဆုံပြဲကို ဒုတိယအႀကိမ္အျဖစ္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၁၀) ရက္ႏွင့္ (၁၁)ရက္မ်ား၌ က်င္းပရာတြင္ ပထမအႀကိမ္ပြဲစီစဥ္သူျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ Eastern Eagle Motorcycle Club မွ စီစဥ္ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ေဒသတာဝန္ရိွသူမ်ားထံမွ ခြင့္ျပဳခ်က္ျဖင့္ ပထမအႀကိမ္ပြဲႏွင့္မတူသည့္ အစီအစဥ္မ်ား ထည့္သြင္းႏုိင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ဖြင့္ပြဲပထမေန႔မွာေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက အဖြင့္အမွာစကားေျပာရင္း လိုက္နာရမယ့္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းဆိုင္ရာေတြကိုလည္း သတိေပးေျပာသြားပါလိမ့္မယ္”ဟု Eastern Eagle MC မွ ပြဲက်င္းပေရးအဖြဲ႔ဝင္ ကိုထြန္းထက္ေအာင္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ပထမဆံုးျဖစ္သည့္ ႏိုင္ငံတကာေမာ္ေတာ္ဆိုင္ကယ္ခ်စ္သူမ်ားေတြ႕ဆုံပြဲ ပထမအႀကိမ္ကို လြန္ခဲသည့္(၂)ႏွစ္က တာခ်ီလိတ္ၿမိဳ႕တြင္ပင္က်င္းပခဲ့ၿပီး အာဆီယံႏိုင္ငံမ်ား၊ အေမရိကန္ ၊ ၿဗိတိန္ ၊ ေနာ္ေ၀း ၊ ဂ်ာမနီ ၊ အီတလီ၊ ျပင္သစ္၊ ဆီြဒင္၊ ကေနဒါ ႏွင့္ ဆြစ္ဇာလန္ႏိုင္ငံမ်ား အပါအ၀င္ ႏိုင္ငံေပါင္း(၂၀) ေက်ာ္မွ ေမာ္ေတာ္ဆိုင္ကယ္ ခ်စ္ျမတ္ႏိုးသူ (Biker ) မ်ားႏွင့္ ျပည္တြင္း ေဒသအသီးသီးမွ ဆိုင္ကယ္ကလပ္မ်ားမွ လူေပါင္း (၅၀၀၀)ေက်ာ္ ပါဝင္ဆင္ႏႊဲခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါပြဲတြင္ ျမန္မာႏို္င္ငံမွ အဆိုေတာ္ ၀န ၊ ဟန္ထြန္း ၊ အိုက္ထြန္း ႏွင့္ စိုင္းထဲန္ေလ်ာင္း၊ ထိုင္းႏိုင္ငံမွ The Maverick ၊ Black Hawk ၊ Stone Metal Fire  ေတးဂီတအဖြဲ႕မ်ားလည္း သီဆိုေဖ်ာ္ေျဖေပးသြားမည္ျဖစ္ၿပီး အနယ္နယ္အရပ္ရပ္မွ ဆိုင္ကယ္၀ါသနာရွင္မ်ားအတြက္ အေပ်ာ္တမ္းၿပိဳင္ပြဲမ်ား က်င္းပေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ပထမေန႔ျဖစ္ေသာ ဒီဇင္ဘာလ (၁၀) ရက္ေန႔ ညေန (၅း၀၀)နာရီတြင္ အခမ္းအနားကို စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး အဆိုေတာ္ ၀န ၊ဟန္ထြန္း ၊ အိုက္ထြန္း ႏွင့္ စိုင္းထဲန္ေလ်ာင္းတို႔ သီဆိုေဖ်ာ္ေျဖေပးသြားမည္ျဖစ္ကာ ဒုတိယေန႔ျဖစ္ေသာ ဒီဇင္ဘာလ (၁၁)ရက္ေန႔ နံနက္(၁၀း၀၀)နာရီမွ စတင္ၿပီး အနယ္နယ္အရပ္ရပ္မွ ေရာက္လာၾကေသာ ဆိုင္ကယ္၀ါသနာရွင္မ်ားအတြက္ အေပ်ာ္တမ္းၿပိဳင္ပြဲမ်ားက်င္းပ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ညေန(၃း၀၀)နာရီတြင္ အနယ္နယ္အရပ္ရပ္မွ လာေရာက္ၾကေသာ ဆိုင္ကယ္အားလုံးႏွင့္ တာခ်ီလိတ္ၿမိဳ႕ခံဆိုင္ကယ္မ်ားစုေပါင္းၿပီး ဆိုင္ကယ္စုေပါင္းစီးနင္းျခင္း အစီအစဥ္ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ညေန(၅း၀၀)နာရီတြင္ ထိုင္းႏိုင္ငံမွ The Maverick ႏွင့္ Black Hawk ေတးဂီတအဖြဲ႕မ်ားမွ သီဆိုေဖ်ာ္ေျဖျခင္း မိဘမဲ့ကေလးမ်ားအတြက္ အလွဴေငြစုေပါင္းထည့္၀င္ျခင္း၊ ေမာ္ေတာ္ဆိုင္ကယ္ ကလပ္အသီးသီးမွ ကိုယ္စားလွယ္မ်ား မိတ္ဆက္ျခင္း၊ လက္ေဆာင္ပစၥည္းလဲလွယ္ျခင္းႏွင့္ ထိုင္းႏိုင္ငံမွ နာမည္ေက်ာ္ Stone Metal Fire  ေတးဂီတအဖြဲ႕မွ သီဆိုေဖ်ာ္ေျဖျခင္းမ်ားျဖင့္ ည (၁၂း၀၀)နာရီ တြင္ အစီအစဥ္ၿပီးဆုံး မည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲမ်ားအျဖစ္ ဆိုင္ကယ္အေႏွးစီးၿပိဳင္ပြဲ၊ မီတာ(၅၀)ဆိုင္ကယ္တြန္းၿပိဳင္ပြဲ ၊ ဆိုင္ကယ္ကၽြမ္းက်င္မွဳ ျပသျခင္းဆိုင္ရာၿပိဳင္ပြဲႏွင့္ အျခားေပ်ာ္ရႊင္ဖြယ္ရာ ဂိမ္းမ်ားပါ၀င္မည္ျဖစ္ၿပီး ၿပိဳင္ပြဲ၀င္အားလုံးႏွင့္ ဆုရသူအားလုံးကို ၿပိဳင္ပြဲအမွတ္တရလက္ေဆာင္မ်ား ခ်ီးျမွင့္ေပးသြားမည့္အျပင္ အနယ္နယ္အရပ္ရပ္မွ လာေရာက္ၾကေသာ ဆိုင္ကယ္အားလုံးႏွင့္ တာခ်ီလိတ္ၿမိဳ႕ခံဆိုင္ကယ္မ်ားစုေပါင္းၿပီး ဆိုင္ကယ္စုေပါင္းစီးနင္းျခင္း အစီအစဥ္လည္း ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတြ႔ဆံုပြဲက်င္းပရာ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ဆိုင္ကယ္ျပခန္းမ်ား၊ ရိုးရာအမွတ္တရ ပစၥည္းအေရာင္းဆိုင္မ်ား ၊ အင္ဒီးယန္းေက်းရြာႏွင့္ ေကာင္းဘိြဳင္မ်ား ၊ ဆိုင္ကယ္သမား အသုံးအေဆာင္သားေရထည္ပစၥည္းမ်ား ၊ ဆိုင္ကယ္ပစၥည္းအေရာင္းဆိုင္မ်ားစသည့္ အေရာင္းျပခန္းမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

“ညပိုင္းေတြမွာ ပထမရက္မွာ ျမန္မာအဆိုေတာ္ေတြ ရိႈးပြဲရိွတယ္။ ဒုတိယေန႔မွာ ထိုင္းအဆိုေတာ္ေတြရဲ႕ ရိႈးပြဲရိွတယ္။ က်န္တဲ့အခ်ိန္ေတြကေတာ့ ကြင္းထဲမွာ Biker ေတြပဲရိွမွာပါ။ တျခားအျပင္လူရိွမွာမဟုတ္ဘူး။ ရိႈးပြဲညပိုင္းအတြက္ ဝင္ေၾကးအျဖစ္ လူတစ္ဦးကို ဘတ္(၃၀၀) (က်ပ္တစ္ေသာင္းေက်ာ္ဝန္းက်င္) သတ္မွတ္ထားပါတယ္။ဝင္ေၾကးရတဲ့အထဲက ကုန္က်စရိတ္ထက္ပိုတာကို လူမႈေရးလုပ္ငန္းေတြမွာ လွဴဒါန္းသြားမွာပါ”ဟု ကိုထြန္းထက္ေအာင္က ဆိုသည္။

ဒုတိယအႀကိမ္ Tachileik Bike Week ပြဲသို႔ လြန္ခဲ့သည့္(၂)ႏွစ္ ပထမအႀကိမ္ပြဲက ပါဝင္ခဲ့သည့္ ျပည္တြင္းျပည္ပမွ ဆုိင္ကယ္ခ်စ္သူမ်ား တက္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း ပြဲက်င္းပေရးအဖြဲ႕က ခန္႔မွန္းထားသည္။

ေမာ္ေတာ္ဆိုင္ကယ္ကလပ္ (MC)မ်ားသည္ ဒုတိယကမၻာစစ္အၿပီး ၁၉၄၆ ခုနွစ္ခန္႔တြင္ အေမရိကန္စစ္ျပန္မ်ားက စတင္ဖြဲ႔စည္းခဲ့ၾကၿပီး HELL ANGLE ေမာ္ေတာ္ဆိုင္ကယ္ ကလပ္ဟု အမည္ေပးခဲ့ၾကသည္။

အဆိုပါကလပ္သည္ အေမရိက၏ ဌာေနတိုင္းရင္းသား ျဖစ္ၾကေသာ ရက္အင္ဒီးယန္း လူမ်ိဳးမ်ားမွ ျမင္းမ်ားစီးနင္းကာ အေမရိကတခြင္ လြတ္လပ္စြာ လွည့္လည္ သြားလာေနထိုင္ခဲ့ၾကေသာ ဓေလ့ကို အတူယူကာ ေမာ္ေတာ္ဆိုင္ကယ္မ်ား စီးနင္းၿပီး အေမရိက တခြင္လွည့္လည္ သြားလာခဲ့ၾကသည္။

M.C မ်ားသည္ အထူးသျဖင့္ အေမရိကန္ ၊ ကေနဒါ ၊ ျပင္သစ္ ႏွင့္ ဂ်ာမနီ တို္႔တြင္ မ်ားျပားၿပီး အာရွတိုက္တြင္ ထိုင္း၊ ဂ်ပန္ ၊ စင္ကာပူ ၊ မေလးရွား ၊ အင္ဒိုးနီးရွားတို႔တြင္ ထြန္းကားသည္။

ထိုင္းႏိုင္ငံမွ M.C မ်ားေၾကာင့္ ႏွစ္စဥ္ ကမၻာအရပ္ရပ္က ဆိုင္ကယ္ ၀ါသနာရွင္မ်ားသည္ ထိုင္းနိုင္ငံ အႏွံ႔ဆိုင္ကယ္စီးနင္းရန္ လာေရာက္ေလ့ရွိသျဖင့္ ဆိုင္ကယ္စီးခရီးသြားလုပ္ငန္းကို မ်ားစြာ တြင္က်ယ္ေစခဲ့ရာ ဆိုင္ကယ္စီး ခရီးသြားလုပ္ငန္းမွ အလုပ္အကိုင္ေပါင္းမ်ားစြာ ဖန္းတီေပးနိုင္ခဲ့ၿပီး နိုင္ငံျခားေငြမ်ားစြာ ရရွိသည္ျဖစ္ရာ အုပ္ခ်ဳပ္ေရးဌာနမ်ားမွလည္း အားေပးကူညီခဲ့သည္။

ထိုင္းနိုင္ငံ ဖူးခက္ကၽြန္းတြင္ က်င္းပေသာ PHUKET BIKE WEEK နွင့္ ပတၱယားကမ္းေျခတြင္ က်င္းပေသာ BURAPA BIKE WEEK မ်ားသည္လည္း ထင္ရွားေက်ာ္ၾကားၿပီး ႏွစ္စဥ္ အနယ္နယ္ အရပ္ရပ္မွ ဆိုင္ကယ္သမားေသာင္းခ်ီ လာေရာက္ၾကၿပီး စိတ္၀င္စားသူ သိန္းခ်ီလာေရာက္ေလ့ ရွိၾကသည္။

ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕တြင္လည္း ေဒသတြင္း ခရီးသြားလုပ္ငန္းအတြက္ အေထာက္အကူျပဳရန္ ႀကိဳးပမ္းမႈအျဖစ္ Tachileik Bike Week အား ဒုတိယအႀကိမ္ေျမာက္ ႀကိဳးပမ္းေနၾကျခင္းျဖစ္သည္။

သတင္းေဆာင္းပါး - Iron Eagle ၊ အင္မိုင္ခ

( ေဖာ္ျပပါ ဓာတ္ပံုမ်ားမွာ ၂၀၁၄ခုႏွစ္ ဒီဇင္ဘာလအတြင္းက တာခ်ီလိတ္၌ က်င္းပျပဳလုပ္ခဲ့သည့္ ပံုမ်ားျဖစ္ပါသည္။ )

~~~~~~~~⊰❂ unicode ~~~~~~~~
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလှသည့် အိမ်နီးချင်းထိုင်းနိုင်ငံ၏ ခရီးသွားဆွဲဆောင်ရာပွဲတစ်ခုဖြစ်သည့် Bike Week ခေါ် မော်တော်ဆိုင်ကယ်ချစ်သူများ တွေ့ဆုံပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ထိုင်းနိုင်ငံနှင့်နယ်စပ် တာချီလိတ်မြို့ တွင် ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပရန် ကြိုးပမ်းနေကြောင်း သိရသည်။

နိုင်ငံတကာ မော်တော်ဆိုင်ကယ်ချစ်သူများ တွေ့ဆုံပွဲကို ဒုတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နှင့် (၁၁)ရက်များ၌ ကျင်းပရာတွင် ပထမအကြိမ်ပွဲစီစဉ်သူဖြစ်သည့် တာချီလိတ်မြို့ အခြေစိုက် Eastern Eagle Motorcycle Club မှ စီစဉ်ဆောင်ရွက်နခြေင်းဖြစ်ပြီး ဒေသတာဝန်ရှိသူများထံမှ ခွင့်ပြုချက်ဖြင့် ပထမအကြိမ်ပွဲနှင့်မတူသည့် အစီအစဉ်များ ထည့်သွင်းနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ဖွင့်ပွဲပထမနေ့မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောရင်း လိုက်နာရမယ့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာတွေကိုလည်း သတိပေးပြောသွားပါလိမ့်မယ်”ဟု Eastern Eagle MC မှ ပွဲကျင်းပရေးအဖွဲ့ဝင် ကိုထွန်းထက်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် နိုင်ငံတကာမော်တော်ဆိုင်ကယ်ချစ်သူများတွေ့ဆုံပွဲ ပထမအကြိမ်ကို လွန်ခဲသည့်(၂)နှစ်က တာချီလိတ်မြို့တွင်ပင်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများ၊ အမေရိကန်၊ ဗြိတိန်၊ နော်ဝး၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ဆွီဒင်၊ ကနေဒါ နှင့် ဆွစ်ဇာလန်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း(၂၀) ကျော်မှ မော်တော်ဆိုင်ကယ် ချစ်မြတ်နိုးသူ (Biker ) များနှင့် ပြည်တွင်း ဒေသအသီးသီးမှ ဆိုင်ကယ်ကလပ်များမှ လူပေါင်း (၅၀၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပွဲတွင် မြန်မာနို်င်ငံမှ အဆိုတော် ဝန၊ ဟန်ထွန်း၊ အိုက်ထွန်း နှင့် စိုင်းထဲန်လျောင်း၊ ထိုင်းနိုင်ငံမှ The Maverick၊ Black Hawk၊ Stone Metal Fire တေးဂီတအဖွဲ့များလည်း သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဆိုင်ကယ်ဝါသနာရှင်များအတွက် အပျော်တမ်းပြိုင်ပွဲများ ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပထမနေ့ဖြစ်သော ဒီဇင်ဘာလ (၁၀) ရက်နေ့ ညနေ (၅းဝဝ)နာရီတွင် အခမ်းအနားကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုတော် ဝန၊ဟန်ထွန်း၊ အိုက်ထွန်း နှင့် စိုင်းထဲန်လျောင်းတို့ သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ကာ ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်(၁၀းဝဝ)နာရီမှ စတင်ပြီး အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော ဆိုင်ကယ်ဝါသနာရှင်များအတွက် အပျော်တမ်းပြိုင်ပွဲများကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညနေ(၃းဝဝ)နာရီတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဆိုင်ကယ်အားလုံးနှင့် တာချီလိတ်မြို့ခံဆိုင်ကယ်များစုပေါင်းပြီး ဆိုင်ကယ်စုပေါင်းစီးနင်းခြင်း အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ညနေ(၅းဝဝ)နာရီတွင် ထိုင်းနိုင်ငံမှ The Maverick နှင့် Black Hawk တေးဂီတအဖွဲ့များမှ သီဆိုဖျော်ဖြခြေင်း မိဘမဲ့ကလေးများအတွက် အလှူငွေစုပေါင်းထည့်ဝင်ခြင်း၊ မော်တော်ဆိုင်ကယ် ကလပ်အသီးသီးမှ ကိုယ်စားလှယ်များ မိတ်ဆက်ခြင်း၊ လက်ဆောင်ပစ္စည်းလဲလှယ်ခြင်းနှင့် ထိုင်းနိုင်ငံမှ နာမည်ကျော် Stone Metal Fire တေးဂီတအဖွဲ့မှ သီဆိုဖျော်ဖြခြေင်းများဖြင့် ည (၁၂းဝဝ)နာရီ တွင် အစီအစဉ်ပြီးဆုံး မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများအဖြစ် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ၊ မီတာ(၅၀)ဆိုင်ကယ်တွန်းပြိုင်ပွဲ၊ ဆိုင်ကယ်ကျွမ်းကျင်မှု ပြသခြင်းဆိုင်ရာပြိုင်ပွဲနှင့် အခြားပျော်ရွှင်ဖွယ်ရာ ဂိမ်းများပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားလုံးနှင့် ဆုရသူအားလုံးကို ပြိုင်ပွဲအမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးသွားမည့်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဆိုင်ကယ်အားလုံးနှင့် တာချီလိတ်မြို့ခံဆိုင်ကယ်များစုပေါင်းပြီး ဆိုင်ကယ်စုပေါင်းစီးနင်းခြင်း အစီအစဉ်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲကျင်းပရာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဆိုင်ကယ်ပြခန်းများ၊ ရိုးရာအမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အင်ဒီးယန်းကျေးရွာနှင့် ကောင်းဘွိုင်များ၊ ဆိုင်ကယ်သမား အသုံးအဆောင်သားရေထည်ပစ္စည်းများ၊ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်များစသည့် အရောင်းပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ညပိုင်းတွေမှာ ပထမရက်မှာ မြန်မာအဆိုတော်တွေ ရှိုးပွဲရှိတယ်။ ဒုတိယနေ့မှာ ထိုင်းအဆိုတော်တွေရဲ့ ရှိုးပွဲရှိတယ်။ ကျန်တဲ့အချိန်တွေကတော့ ကွင်းထဲမှာ Biker တွေပဲရှိမှာပါ။ တခြားအပြင်လူရှိမှာမဟုတ်ဘူး။ ရှိုးပွဲညပိုင်းအတွက် ဝင်ကြေးအဖြစ် လူတစ်ဦးကို ဘတ်(၃၀၀) (ကျပ်တစ်သောင်းကျော်ဝန်းကျင်) သတ်မှတ်ထားပါတယ်။ဝင်ကြေးရတဲ့အထဲက ကုန်ကျစရိတ်ထက်ပိုတာကို လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမှာပါ”ဟု ကိုထွန်းထက်အောင်က ဆိုသည်။

ဒုတိယအကြိမ် Tachileik Bike Week ပွဲသို့ လွန်ခဲ့သည့်(၂)နှစ် ပထမအကြိမ်ပွဲက ပါဝင်ခဲ့သည့် ပြည်တွင်းပြည်ပမှ ဆိုင်ကယ်ချစ်သူများ တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ပွဲကျင်းပရေးအဖွဲ့က ခန့်မှန်းထားသည်။

မော်တော်ဆိုင်ကယ်ကလပ် (MC)များသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်ခန့်တွင် အမေရိကန်စစ်ပြန်များက စတင်ဖွဲ့စည်းခဲ့ကြပြီး HELL ANGLE မော်တော်ဆိုင်ကယ် ကလပ်ဟု အမည်ပေးခဲ့ကြသည်။

အဆိုပါကလပ်သည် အမေရိက၏ ဌာနေတိုင်းရင်းသား ဖြစ်ကြသော ရက်အင်ဒီးယန်း လူမျိုးများမှ မြင်းများစီးနင်းကာ အမေရိကတခွင် လွတ်လပ်စွာ လှည့်လည် သွားလာနေထိုင်ခဲ့ကြသော ဓလေ့ကို အတူယူကာ မော်တော်ဆိုင်ကယ်များ စီးနင်းပြီး အမေရိက တခွင်လှည့်လည် သွားလာခဲ့ကြသည်။

M.C များသည် အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ပြင်သစ် နှင့် ဂျာမနီ တို့်တွင် များပြားပြီး အာရှတိုက်တွင် ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုးနီးရှားတို့တွင် ထွန်းကားသည်။

ထိုင်းနိုင်ငံမှ M.C များကြောင့် နှစ်စဉ် ကမ္ဘာအရပ်ရပ်က ဆိုင်ကယ် ဝါသနာရှင်များသည် ထိုင်းနိုင်ငံ အနှံ့ဆိုင်ကယ်စီးနင်းရန် လာရောက်လေ့ရှိသဖြင့် ဆိုင်ကယ်စီးခရီးသွားလုပ်ငန်းကို များစွာ တွင်ကျယ်စေခဲ့ရာ ဆိုင်ကယ်စီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်းများစွာ ဖန်းတီပေးနိုင်ခဲ့ပြီး နိုင်ငံခြားငွေများစွာ ရရှိသည်ဖြစ်ရာ အုပ်ချုပ်ရေးဌာနများမှလည်း အားပေးကူညီခဲ့သည်။

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတွင် ကျင်းပသော PHUKET BIKE WEEK နှင့် ပတ္တယားကမ်းခြေတွင် ကျင်းပသော BURAPA BIKE WEEK များသည်လည်း ထင်ရှားကျော်ကြားပြီး နှစ်စဉ် အနယ်နယ် အရပ်ရပ်မှ ဆိုင်ကယ်သမားသောင်းချီ လာရောက်ကြပြီး စိတ်ဝင်စားသူ သိန်းချီလာရောက်လေ့ ရှိကြသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်လည်း ဒေသတွင်း ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုရန် ကြိုးပမ်းမှုအဖြစ် Tachileik Bike Week အား ဒုတိယအကြိမ်မြောက် ကြိုးပမ်းနကြခြေင်းဖြစ်သည်။

သတင်းဆောင်းပါး - Iron Eagle၊ အင်မိုင်ခ

( ဖော်ပြပါ ဓာတ်ပုံများမှာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်းက တာချီလိတ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပုံများဖြစ်ပါသည်။ )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~