ဖခင္အရင္း၏ ဓားခုတ္မႈေၾကာင့္ ဒဏ္ရာရရွိသြားသည့္ ကေလးငယ္ (၃)ဦး လားရႈိးမွ မႏၱေလးသို႔ ေျပာင္းေရႊ႕ကာ ေဆးကုသ

ဖခင္အရင္း၏ ဓားခုတ္မႈေၾကာင့္ ဒဏ္ရာရရွိသြားသည့္ ကေလးငယ္ (၃)ဦး လားရႈိးမွ မႏၱေလးသို႔ ေျပာင္းေရႊ႕ကာ ေဆးကုသ
နိုဝင်ဘာ 9, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ ဖခင္ျဖစ္သူက ဓါးျဖင့္ခုတ္သျဖင့္ ဒဏ္ရာျဖင့္ ေဆးကုသမႈ ခံယူေနရသည့္ ကေလးငယ္သံုးဦး လားရိႈးျပည္သူ႔ေဆးရံုမွ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ႏိုဝင္ဘာလ (၈) ရက္ေန႔က ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။

“ကေလးသံုးဦးရယ္ ကေလးေတြရဲ႕အေမရယ္ မႏၱေလးျပည္သူ႔ေဆးရံုႀကီးကို ေခၚသြားခဲ့ပါတယ္”ဟု လားရိႈးၿမိဳ႕ ေသြးႏွင့္ လူမႈကူညီေရးအသင္းမွ နန္းဆိုင္ေအးက ေျပာသည္။

အဆိုပါ ကေလးငယ္မ်ားမွာ အာရံုေၾကာဆိုင္ရာ ကုသမႈခံယူရန္ လိုအပ္သျဖင့္ မႏၱေလးျပည္သူ႔ ေဆးရံုႀကီးသို႔ ေသြးႏွင့္လူမႈကူညီေရးနာေရးအသင္းက ကူညီပို႔ေဆာင္လိုက္ျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕မွ Shining Myanmar Co.ltd ကလည္း ကေလးငယ္မ်ား ေဆးကုသစရိတ္အတြက္ အလွဴေငြက်ပ္ (၁၀) သိန္းႏွင့္ ရန္ကုန္မုန္႔ဆုိင္မွ ကေလးမ်ားအတြက္ ေလေမြ႕ယာမ်ား ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

ႏိုဝင္ဘာလ (၅) ရက္ေန႔ ည (၁၁) နာရီဝန္းက်င္တြင္ ကေလးငယ္ (၅) ဦးအား ဖခင္ျဖစ္သူက ဓါးျဖင့္ လွီးခဲ့သည့္အတြက္ အသက္ (၅) ႏွစ္ႏွင့္ (၄) ႏွစ္အရြယ္ ကေလးငယ္ႏွစ္ဦး ေနရာ၌ေသဆံုးသြားၿပီး အသက္ (၇) ႏွစ္အရြယ္ႏွင့္ (၉) လအရြယ္မိန္းကေလးႏွစ္ဦးႏွင့္ အသက္ (၃) ႏွစ္အရြယ္ ေယာက်္ားေလးတစ္ဦး စုစုေပါင္း (၃) ဦးမွာ ဓါးဒဏ္ရာမ်ားျဖင့္ လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူေနရျခင္းျဖစ္သည္။

ကေလးငယ္မ်ားအား ဓါးျဖင့္လွီးခဲ့သူသည္ မိမိကုိယ္ကိုယ္ဓါးျဖင့္ ျပန္ထိုးထားသည့္ဒဏ္ရာမ်ားေၾကာင့္ လားရိႈးၿမိဳ႕ျပည္သူ႔ေဆးရံုႀကီးတြင္ ရဲအေစာင့္အၾကပ္(သံႀကိဳးလက္ထိပ္) မ်ားျဖင့္ ေဆးကုသမႈခံယူေနရဆဲ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု -  နန္းဆုိင္ေအး(  ေသြးႏွင့္ လူမႈကူညီေရးအသင္း )



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖခင်ဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရသည့် ကလေးငယ်သုံးဦး လားရှိုးပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံသို့ နိုဝင်ဘာလ (၈) ရက်နေ့က ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ကလေးသုံးဦးရယ် ကလေးတွေရဲ့အမေရယ် မန္တလေးပြည်သူ့ဆေးရုံကြီးကို ခေါ်သွားခဲ့ပါတယ်”ဟု လားရှိုးမြို့ သွေးနှင့် လူမှုကူညီရေးအသင်းမှ နန်းဆိုင်အေးက ပြောသည်။

အဆိုပါ ကလေးငယ်များမှာ အာရုံကြောဆိုင်ရာ ကုသမှုခံယူရန် လိုအပ်သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ သွေးနှင့်လူမှုကူညီရေးနာရေးအသင်းက ကူညီပို့ဆောင်လိုက်ခြင်းဖြစ်ပြီး လားရှိုးမြို့မှ Shining Myanmar Co.ltd ကလည်း ကလေးငယ်များ ဆေးကုသစရိတ်အတွက် အလှူငွေကျပ် (၁၀) သိန်းနှင့် ရန်ကုန်မုန့်ဆိုင်မှ ကလေးများအတွက် လေမွေ့ယာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

နိုဝင်ဘာလ (၅) ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် ကလေးငယ် (၅) ဦးအား ဖခင်ဖြစ်သူက ဓားဖြင့် လှီးခဲ့သည့်အတွက် အသက် (၅) နှစ်နှင့် (၄) နှစ်အရွယ် ကလေးငယ်နှစ်ဦး နေရာ၌သေဆုံးသွားပြီး အသက် (၇) နှစ်အရွယ်နှင့် (၉) လအရွယ်မိန်းကလေးနှစ်ဦးနှင့် အသက် (၃) နှစ်အရွယ် ယောကျာ်းလေးတစ်ဦး စုစုပေါင်း (၃) ဦးမှာ ဓားဒဏ်ရာများဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။

ကလေးငယ်များအား ဓားဖြင့်လှီးခဲ့သူသည် မိမိကိုယ်ကိုယ်ဓားဖြင့် ပြန်ထိုးထားသည့်ဒဏ်ရာများကြောင့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ရဲအစောင့်အကြပ်(သံကြိုးလက်ထိပ်) များဖြင့် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နန်းဆိုင်အေး( သွေးနှင့် လူမှုကူညီရေးအသင်း ) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~