ျမန္မာျပည္အတြင္း ဆိုင္ကယ္ႀကီးမ်ားျဖင့္ လည္ပတ္ခဲ့သည့္ ႏိုင္ငံျခားသားအဖြဲ႔ တာခ်ီလိတ္မွ ထိုင္းသို႔ ျပန္လည္၀င္ေရာက္

ျမန္မာျပည္အတြင္း ဆိုင္ကယ္ႀကီးမ်ားျဖင့္ လည္ပတ္ခဲ့သည့္ ႏိုင္ငံျခားသားအဖြဲ႔ တာခ်ီလိတ္မွ ထိုင္းသို႔ ျပန္လည္၀င္ေရာက္
နိုဝင်ဘာ 25, 2016
By Tachileik News Agency

 ေမာ္ေတာ္ဆိုင္ကယ္ႀကီးမ်ားျဖင့္ ျမ၀တီၿမိဳ႕မွတဆင့္ ျပည္တြင္းသို႔ လည္ပတ္ကာ တာခ်ီလိတ္သို႔ ေရာက္ရွိလာသည့္ႏိုင္ငံျခားသားအဖြဲ႔သည္ ယေန႔ ႏို၀င္ဘာလ(၂၅)ရက္ေန႔တြင္ တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ ျပန္လည္၀င္ေရာက္သြားေၾကာင္း သိရသည္။

Osuge Myanmar Travels & Tours Co.,Ltd၏ စီစဥ္မႈျဖင့္ ၾသစေၾတးလ်ႏိုင္ငံသား Mr. Willem Philip Barnaart အပါအ၀င္ (၉)ဦးသည္ ေမာ္ေတာ္ဆိုင္ကယ္ႀကီး (၉)စီးျဖင့္ ႏို၀င္ဘာလ(၁၂)ရက္ေန႔က ျမ၀တီၿမိဳ႕သို႔ ၀င္ေရာက္လာၿပီး ထိုမွတဆင့္ ေမာ္လၿမိဳင္ - က်ဳိက္ထီး႐ိုး - ရန္ကုန္ - ျပည္ - ပုဂံ - ပုပၸါး - မႏၱေလး - ေညာင္ေရႊ - အင္းေလး - ေတာင္ႀကီး - နမ့္စန္ - မိုင္းပ်ဥ္း - တာခ်ီလိတ္ သို႔ ေရာက္ရွိလာၾကျခင္း ျဖစ္သည္။

၎တို႔ အဖြဲ႔သည္ ႏို၀င္ဘာလ(၂၅)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီး ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ ျပန္လည္ထြက္ခြာသြားခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ပညာေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

 မော်တော်ဆိုင်ကယ်ကြီးများဖြင့် မြဝတီမြို့မှတဆင့် ပြည်တွင်းသို့ လည်ပတ်ကာ တာချီလိတ်သို့ ရောက်ရှိလာသည့်နိုင်ငံခြားသားအဖွဲ့သည် ယနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

Osuge Myanmar Travels & Tours Co.,Ltd၏ စီစဉ်မှုဖြင့် သြစတြေးလျနိုင်ငံသား Mr. Willem Philip Barnaart အပါအဝင် (၉)ဦးသည် မော်တော်ဆိုင်ကယ်ကြီး (၉)စီးဖြင့် နိုဝင်ဘာလ(၁၂)ရက်နေ့က မြဝတီမြို့သို့ ဝင်ရောက်လာပြီး ထိုမှတဆင့် မော်လမြိုင် - ကျိုက်ထီးရိုး - ရန်ကုန် - ပြည် - ပုဂံ - ပုပ္ပါး - မန္တလေး - ညောင်ရွှေ - အင်းလေး - တောင်ကြီး - နမ့်စန် - မိုင်းပျဉ်း - တာချီလိတ် သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

၎င်းတို့ အဖွဲ့သည် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ပညာအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~