ကြ်န္းစုၿမိဳ႕နယ္ ေရငန္ပုစြန္ေမြးျမဴေရးမွ ထုတ္ကုန္မ်ား တရုတ္ႏွင့္ ဂ်ပန္အမွာစတင္ရရိွ

ကြ်န္းစုၿမိဳ႕နယ္ ေရငန္ပုစြန္ေမြးျမဴေရးမွ ထုတ္ကုန္မ်ား တရုတ္ႏွင့္ ဂ်ပန္အမွာစတင္ရရိွ
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ၿမိတ္ခရိုင္ ၊ ကြ်န္းစုၿမိဳ႕နယ္၊ ကတၱလူေက်းရြာမွ ေမြးျမဴေရး ေရငန္ပုစြန္မ်ားအား ထုိင္းႏုိင္ငံသို႔ တင္ပို႔ေနရာမွ ယခုႏွစ္တြင္ တရုတ္ႏွင့္ ဂ်ပန္ႏိုင္ငံမ်ားမွ အမွာစတင္ရရိွလာေၾကာင္း သိရသည္။

“အရင္ကေတာ့ ထိုင္းႏိုင္ငံကိုပဲ အဓိကထား တင္ပို႔တာမ်ားပါတယ္။ အခု ၂၀၁၆ ခုႏွစ္မွာ ဂ်ပန္နဲ႔ တရုတ္ႏိုင္ငံတို႔ကလည္း ကုန္ပစၥည္းမွာယူမွဳေတြ ကမ္းလွမ္းလာတာပါ”ဟု ေရငန္ပုဇြန္ေမြးျမဴေရးကန္ လုပ္ကိုင္ေနသည့္ ျပည္႔ၿဖိဳးထြန္းကုမၸဏီလိမိတက္ တာ၀န္ခံ မန္ေနဂ်ာ ဦးေက်ာ္လင္းက ေျပာသည္။

ကၽြန္းစုၿမိဳ႕နယ္တြင္ သဘာ၀ငါးပုစြန္ဖမ္းဆီးျခင္းမွ ျပည္တြင္းႏွင့္ ျပည္ပေစ်းကြက္သို႔ တင္ပို႔ေနရာ ေရငန္ပုဇြန္ေမြးျမဴေရးကို  ထုိင္းႏုိင္ငံ၏ နည္းပညာျဖင့္ စမ္းသပ္လုပ္ကိုင္လာရာမွ ေအာင္ျမင္မႈရလာျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ႔ အိမ္နီးခ်င္းႏိုင္ငံေတြက ၀ယ္လိုအားေတြ တျဖည္းျဖည္းမ်ားလာေတာ႔ ကြ်န္ေတာ္တို႔ ႏိုင္ငံက ထြက္ရွိတဲ႔ ေရငန္ပုစြန္ေတြက ကုန္ေခ်ာေရာ ကုန္ၾကမ္းပါ ၀ယ္လက္က လိုသေလာက္ပစၥည္းေတြကို တင္ပို႔ႏိုင္ျခင္းမရွိတာေၾကာင္႔ ပင္လယ္ျပင္ႀကီးကို အမ်ားႀကီး အားကိုးေနလို႔ မရေတာ႔ဘဲ ေခတ္မီ နည္းပညာေတြနဲ႔ ေမြးျမဴေရးစီမံကိန္းကို စတင္ခဲ႔တာပါ”ဟု ဦးေက်ာ္လင္းက ေျပာသည္။

ေရငန္ပုဇြန္ေမြးျမဴျခင္းလုပ္ငန္းအား ၿမိတ္ကြ်န္းစုတြင္ စမ္းသပ္လုပ္ကိုင္ေနၾကၿပီး လုပ္ငန္းအခ်ိဳ႕ ေအာင္ျမင္လာသျဖင့္ ေဒသခံမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးလာႏုိင္သည္ဟု သိရသည္။

“ၿမိတ္ကြ်န္းစုမွာ ေရသယံဇာတေတြ တျဖည္းျဖည္း ရွားပါးမွဳနဲ႔ ႀကံဳေတြ႕ေနရပါတယ္။ တစ္ဖက္တစ္လမ္းကေန ငါးပုစြန္ ေမြးျမဴေရး လုပ္ငန္းေတြ မ်ားမ်ားလုပ္ေပးရင္ ေရသယံဇာတေတြလည္း ပ်က္စီးမွဳေလ်ာ့က်လာမယ္”ဟု အရပ္ဖက္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ေရလုပ္ငန္းမိတ္ဖက္အဖြဲ႕အစည္း - OFI တာ၀န္ခံ ဦးတင္ကိုကိုဦးက ေျပာသည္။

ကြ်န္းစုၿမိဳ႕နယ္၊ ကတၱလူေက်းရြာရိွ ေရငန္ပုစြန္ေမြးျမဴေရးစီမံကိန္းတြင္ ပုစြန္ကန္ စုစုေပါင္း (၁၁) ကန္ေမြးျမဴထားၿပီး တစ္ကန္လွ်င္ ပုဇြန္တန္ခ်ိန္ (၂၀)ခန္႔ ထြက္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာမှ မွေးမြူရေး ရေငန်ပုစွန်များအား ထိုင်းနိုင်ငံသို့ တင်ပို့နေရာမှ ယခုနှစ်တွင် တရုတ်နှင့် ဂျပန်နိုင်ငံများမှ အမှာစတင်ရရှိလာကြောင်း သိရသည်။

“အရင်ကတော့ ထိုင်းနိုင်ငံကိုပဲ အဓိကထား တင်ပို့တာများပါတယ်။ အခု ၂၀၁၆ ခုနှစ်မှာ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ကလည်း ကုန်ပစ္စည်းမှာယူမှုတွေ ကမ်းလှမ်းလာတာပါ”ဟု ရေငန်ပုဇွန်မွေးမြူရေးကန် လုပ်ကိုင်နေသည့် ပြည့်ဖြိုးထွန်းကုမ္ပဏီလိမိတက် တာဝန်ခံ မန်နေဂျာ ဦးကျော်လင်းက ပြောသည်။

ကျွန်းစုမြို့နယ်တွင် သဘာဝငါးပုစွန်ဖမ်းဆီးခြင်းမှ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သို့ တင်ပို့နေရာ ရေငန်ပုဇွန်မွေးမြူရေးကို ထိုင်းနိုင်ငံ၏ နည်းပညာဖြင့် စမ်းသပ်လုပ်ကိုင်လာရာမှ အောင်မြင်မှုရလာခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ အိမ်နီးချင်းနိုင်ငံတွေက ဝယ်လိုအားတွေ တဖြည်းဖြည်းများလာတော့ ကျွန်တော်တို့ နိုင်ငံက ထွက်ရှိတဲ့ ရေငန်ပုစွန်တွေက ကုန်ချောရော ကုန်ကြမ်းပါ ဝယ်လက်က လိုသလောက်ပစ္စည်းတွေကို တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပင်လယ်ပြင်ကြီးကို အများကြီး အားကိုးနေလို့ မရတော့ဘဲ ခေတ်မီ နည်းပညာတွေနဲ့ မွေးမြူရေးစီမံကိန်းကို စတင်ခဲ့တာပါ”ဟု ဦးကျော်လင်းက ပြောသည်။

ရေငန်ပုဇွန်မွေးမြူခြင်းလုပ်ငန်းအား မြိတ်ကျွန်းစုတွင် စမ်းသပ်လုပ်ကိုင်နကြပြေီး လုပ်ငန်းအချို့ အောင်မြင်လာသဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးလာနိုင်သည်ဟု သိရသည်။

“မြိတ်ကျွန်းစုမှာ ရေသယံဇာတတွေ တဖြည်းဖြည်း ရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ တစ်ဖက်တစ်လမ်းကနေ ငါးပုစွန် မွေးမြူရေး လုပ်ငန်းတွေ များများလုပ်ပေးရင် ရေသယံဇာတတွေလည်း ပျက်စီးမှုလျော့ကျလာမယ်”ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရေလုပ်ငန်းမိတ်ဖက်အဖွဲ့အစည်း - OFI တာဝန်ခံ ဦးတင်ကိုကိုဦးက ပြောသည်။

ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ ရေငန်ပုစွန်မွေးမြူရေးစီမံကိန်းတွင် ပုစွန်ကန် စုစုပေါင်း (၁၁) ကန်မွေးမြူထားပြီး တစ်ကန်လျှင် ပုဇွန်တန်ချိန် (၂၀)ခန့် ထွက်နိုင်ကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~