ၿမိတ္ၿမိဳ႕ MFD ကုမၸဏီအနီးတြင္ သစ္လံုးတန္သံုးဆယ္ေက်ာ္အား ပိုင္ရွင္မဲ့စစ္ေဆးေတြ႕ရွိ

ၿမိတ္ၿမိဳ႕ MFD ကုမၸဏီအနီးတြင္ သစ္လံုးတန္သံုးဆယ္ေက်ာ္အား ပိုင္ရွင္မဲ့စစ္ေဆးေတြ႕ရွိ
နိုဝင်ဘာ 30, 2016
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ MFD ကုမၸဏီအနီး သစ္လံုးတန္သံုးဆယ္ေက်ာ္အား ႏို၀င္ဘာလ (၃၀) ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္က ပိုင္ရွင္မဲ့ ဖမ္းဆီးရမိေၾကာင္း သစ္ေတာဦးစီးဌာနရံုးမွ သိရသည္။

“ေဒသခံတစ္ေယာက္က လာေရာက္သတင္းေပးလို႔ ကြ်န္ေတာ္တို႔ သစ္ေတာဌာနက တာ၀န္ရွိသူမ်ားနဲ႔ ရပ္ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ သြားေရာက္ စစ္ေဆးတာပါ။ သစ္အလံုးႀကီး (၃၃) လံုးကို ေတြ႕ပါတယ္။ ဥပန္းသား အမ်ိဳးအစားနဲ႔ ကေတာ့သစ္ေတြျဖစ္ပါတယ္။ တန္ခ်ိန္(၃၀) ေက်ာ္နီးပါးရိွပါတယ္။ ပိုင္ရွင္မဲ႔ အေနနဲ႔ ကြ်န္ေတာ္တို႔က စစ္ေဆးသိမ္းဆည္းခဲ႔ပါတယ္”ဟု ၿမိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ေဇာ္ႏိုင္လင္းက ေျပာသည္။

ၿမိတ္ၿမိဳ႕နယ္၊ ကလြင္ေက်းရြာအုပ္စုရိွ MFD ကုမၸဏီအနီးတြင္ သစ္လံုးမ်ားစုပံုထားေၾကာင္း သတင္းအရ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

“ပိုင္ရွင္က ဘယ္သူမွန္း မသိေသးပါဘူး။ ကုမၸဏီဖက္ကလည္း သူတို႔ ပစၥည္းမဟုတ္ဘူး ေျပာပါတယ္”ဟု ကလြင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးရန္ႏိုင္စိုးက ေျပာသည္။

သစ္မ်ားထုတ္ယူသုံးစြဲမွဳမ်ားကို ပိတ္ပင္လိုက္ၿပီးေနာက္ တရားမ၀င္သစ္မ်ားကို ၿမိတ္ၿမိဳ႕တြင္ မၾကာခဏ ဖမ္းဆီးရမိေနျခင္းျဖစ္သည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် MFD ကုမ္ပဏီအနီး သစ်လုံးတန်သုံးဆယ်ကျော်အား နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနရုံးမှ သိရသည်။
“ဒေသခံတစ်ယောက်က လာရောက်သတင်းပေးလို့ ကျွန်တော်တို့ သစ်တောဌာနက တာဝန်ရှိသူများနဲ့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ သွားရောက် စစ်ဆေးတာပါ။ သစ်အလုံးကြီး (၃၃) လုံးကို တွေ့ပါတယ်။ ဥပန်းသား အမျိုးအစားနဲ့ ကတော့သစ်တွဖြေစ်ပါတယ်။ တန်ချိန်(၃၀) ကျော်နီးပါးရှိပါတယ်။ ပိုင်ရှင်မဲ့ အနေနဲ့ ကျွန်တော်တို့က စစ်ဆေးသိမ်းဆည်းခဲ့ပါတယ်”ဟု မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဇော်နိုင်လင်းက ပြောသည်။
မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုရှိ MFD ကုမ္ပဏီအနီးတွင် သစ်လုံးများစုပုံထားကြောင်း သတင်းအရ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
“ပိုင်ရှင်က ဘယ်သူမှန်း မသိသေးပါဘူး။ ကုမ္ပဏီဖက်ကလည်း သူတို့ ပစ္စည်းမဟုတ်ဘူး ပြောပါတယ်”ဟု ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။
သစ်များထုတ်ယူသုံးစွဲမှုများကို ပိတ်ပင်လိုက်ပြီးနောက် တရားမဝင်သစ်များကို မြိတ်မြို့တွင် မကြာခဏ ဖမ်းဆီးရမိနခြေင်းဖြစ်သည်။
သတင်း - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~