ၾကားျဖတ္ေရြးေကာက္ပြဲ၏ ဖရူဆိုမဲဆႏၵနယ္တြင္ တိုင္းရင္းသား(၃)ပါတီ ကိုယ္စားျပဳ တစ္ဦး ဝင္ၿပိဳင္မည္

ၾကားျဖတ္ေရြးေကာက္ပြဲ၏ ဖရူဆိုမဲဆႏၵနယ္တြင္ တိုင္းရင္းသား(၃)ပါတီ ကိုယ္စားျပဳ တစ္ဦး ဝင္ၿပိဳင္မည္
နိုဝင်ဘာ 26, 2016
By Tachileik News Agency

ကယားျပည္နယ္အတြင္း ၾကားျဖတ္ေရြးေကာက္ပြဲတြင္ လစ္လပ္မဲဆႏၵနယ္တစ္ေနရာအတြက္ ျပည္နယ္အတြင္းရိွ တုိင္းရင္းသားပါတီ (၃)ခုက စုေပါင္းေရြးခ်ယ္လုိက္သည့္ ကိုယ္စားလွယ္တစ္ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကယန္းအမ်ိဳးသားပါတီ၊  ကယားလူမ်ိဳးစုဒီမိုကေရစီပါတီႏွင့္ လူမ်ိဳးေပါင္းစံုဒီမိုကေရစီပါတီ (ကယားျပည္နယ္)တို႔က ၾကားျဖတ္ေရြးေကာက္ပြဲတြင္ လစ္လပ္မဲဆႏၵနယ္ျဖစ္သည့္ ဖရူဆိုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ လ်ာထားကိုယ္စားလွယ္သံုးဦးအနက္ ခူးသဲရယ္အား သံုးပါတီလံုး၏ ကိုယ္စားလွယ္ေလာင္းအျဖစ္ အသိအမွတ္ျပဳေရြးခ်ယ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္က လက္ရိွမွာ CSO (အရပ္ဖက္အဖြဲ႕အစည္း)အေနနဲ႔ လူမႈဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေနေပမဲ့ မထိေရာက္ဘူး။ ဒါေပမဲ့ တိုင္းရင္းသားပါတီကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ေရြးခ်ယ္ခံလာရမယ္ဆိုရင္ေတာ့ ေဒသဖြံ႕ၿဖိဳးေရးေတြ လုပ္လာႏိုင္မယ္။ ဒီဖရူဆိုၿမိဳ႕နယ္တစ္ခုထဲအတြက္သာ မဟုတ္ပါဘူး၊ ျပည္နယ္အတြက္ ထိထိေရာက္ေရာက္လုပ္ႏုိင္မယ္လို႔ ယံုၾကည္ပါတယ္”ဟု ကိုယ္စားလွယ္ေလာင္း ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ခူးသဲရယ္က ေျပာသည္။

အဆိုပါ ပါတီ(၃)ခုသည္ ၿပီးခဲ့သည့္ေရြးေကာက္ပြဲကာလ မတိုင္မီကတည္းက တစ္ပါတီတည္းပူးေပါင္းေရး ေဆြးေႏြးခဲ့ၾကေသာ္လည္း ပူးေပါင္းႏုိင္ျခင္းမရိွခဲ့ဘဲ ယခုၾကားျဖတ္ေရြးေကာက္ပြဲအတြက္ သံုးပါတီ ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းအျဖစ္ လူမ်ိဳးေပါင္းစံုဒီမိုကေရစီပါတီ(ကယားျပည္နယ္)၏ ဗဟိုေကာ္မတီဝင္ ခူးသဲရယ္အား ေရြးခ်ယ္လုိက္ၾကျခင္းျဖစ္သည္။

ၾကားျဖတ္ေရြးေကာက္ပြဲမ်ားအား လစ္လပ္မဲဆႏၵနယ္ (၁၈)ေနရာတြင္ ၂၀၁၇ ခုႏွစ္ ဧၿပီလ (၁) ရက္၌ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ (၁၁) ရက္တြင္ ေၾကညာထားျခင္းျဖစ္သည္။

၂၀၁၀ ေရြးေကာက္ပြဲကာလက ေရြးေကာက္ခံ ကိုယ္စားလွယ္ေနရာမ်ားအနက္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ (၉)ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ (၃)ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ (၆)ေနရာတို႔အတြက္ လစ္လပ္ေနသျဖင့္ ၾကားျဖတ္ေရြးေကာက္ပြဲျဖင့္ ကိုယ္စားလွယ္မ်ားကို ျပန္လည္ေရြးခ်ယ္မည္ျဖစ္သည္။

ၾကားျဖတ္ေရြးေကာက္ပြဲက်င္းပမည့္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္မ်ားမွာ စစ္ကိုင္းတိုင္းေဒသႀကီး - မံုရြာၿမိဳ႕နယ္၊ ေခ်ာင္းဆံုၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ -အမ္းၿမိဳ႕နယ္၊ ရန္ကုန္တုိင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ေကာ့မွဴးၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ -ေက်းသီးၿမိဳ႕နယ္ႏွင့္ မိုင္းရႈးၿမိဳ႕နယ္တို႔ျဖစ္သည္။

အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္မ်ားျဖစ္သည့္ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမွတ္(၃) ထန္တလန္ၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၄) ေက်ာက္တံခါးႏွင့္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးအမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၆) ကမာရြတ္၊ ၾကည့္ျမင္တိုင္၊ ဆိပ္ကမ္း၊ လသာ၊ လိႈင္၊ လမ္းမေတာ္ႏွင့္ အလံုၿမိဳ႕နယ္မ်ားတြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္သည္။

လစ္လပ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာမ်ားအတြက္ ကယားျပည္နယ္ - ဖရူဆိုၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ - က်ဳိင္းတံုၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁)ႏွင့္ (၂)၊ မိုင္းရႈးၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁)ႏွင့္ (၂)တို႔တြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်တစ်နေရာအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီ (၃)ခုက စုပေါင်းရွေးချယ်လိုက်သည့် ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် လျာထားကိုယ်စားလှယ်သုံးဦးအနက် ခူးသဲရယ်အား သုံးပါတီလုံး၏ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်က လက်ရှိမှာ CSO (အရပ်ဖက်အဖွဲ့အစည်း)အနေနဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေပေမဲ့ မထိရောက်ဘူး။ ဒါပေမဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ရွေးချယ်ခံလာရမယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်လာနိုင်မယ်။ ဒီဖရူဆိုမြို့နယ်တစ်ခုထဲအတွက်သာ မဟုတ်ပါဘူး၊ ပြည်နယ်အတွက် ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ခူးသဲရယ်က ပြောသည်။

အဆိုပါ ပါတီ(၃)ခုသည် ပြီးခဲ့သည့်ရွေးကောက်ပွဲကာလ မတိုင်မီကတည်းက တစ်ပါတီတည်းပူးပေါင်းရေး ဆွေးနွေးခဲ့ကြသော်လည်း ပူးပေါင်းနိုင်ခြင်းမရှိခဲ့ဘဲ ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် သုံးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)၏ ဗဟိုကော်မတီဝင် ခူးသဲရယ်အား ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲများအား လစ်လပ်မဲဆန္ဒနယ် (၁၈)နေရာတွင် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၁၁) ရက်တွင် ကြေညာထားခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကာလက ရွေးကောက်ခံ ကိုယ်စားလှယ်နေရာများအနက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၃)နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၆)နေရာတို့အတွက် လစ်လပ်နေသဖြင့် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး - မုံရွာမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ရခိုင်ပြည်နယ် -အမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကော့မှူးမြို့နယ်၊ ရှမ်းပြည်နယ် -ကျေးသီးမြို့နယ်နှင့် မိုင်းရှုးမြို့နယ်တို့ဖြစ်သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ်(၃) ထန်တလန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄) ကျောက်တံခါးနှင့် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်နှင့် အလုံမြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။

လစ်လပ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကယားပြည်နယ် - ဖရူဆိုမြို့နယ်၊ ရှမ်းပြည်နယ် - ကျိုင်းတုံမြို့နယ်၊ ကျေးသီးမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)နှင့် (၂)၊ မိုင်းရှုးမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)နှင့် (၂)တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~