စားေသာက္ကုန္ စစ္ေဆးမႈမ်ားတြင္ ေရာင္းခ်သူမ်ား ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ တိုးတက္

စားေသာက္ကုန္ စစ္ေဆးမႈမ်ားတြင္ ေရာင္းခ်သူမ်ား ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ တိုးတက္
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္ ေစ်းမ်ားတြင္ ေရာင္းခ်ေနသည့္ စားေသာက္ကုန္ပစၥည္းမ်ား ပံုမွန္စစ္ေဆးမႈတြင္ ေရာင္းခ်သူမ်ား ပူးေပါင္းပါဝင္လာမႈေၾကာင့္ လုပ္ငန္းစဥ္တိုးတက္လာသည္ဟု စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

 “အခုဆိုရင္ ကုန္ပစၥည္းေရာင္းသူေတြက သူတို႕မွာရွိတဲ့ပစၥည္းေတြကို လစဥ္စစ္ေဆးဖို႔ စိတ္၀င္စားလာတယ္။ ဒီလိုစစ္ေဆးတာက စားသံုးသူ ျပည္သူမွာလည္း အက်ဳိးရွိတယ္။ အာမခံခ်က္ရွိတဲ့ အရည္အေသြးရွိတဲ့ ကုန္ပစၥည္းေတြ စားသံုးလို႔ရတယ္။ အရင္တုန္းက ေရာင္းတာေတြက မွတ္ပံုတင္မထားတာေတြ စစ္ေဆးမႈေတြမရွိဘူး။ အမွတ္တံဆိပ္ေတြ ေဖာ္ျပမထားဘူး။ အခုလက္ရွိမွာေတာ့ ေတာ္ေတာ္မ်ားမ်ား (၈၀) ရာခိုင္ႏႈန္းေလာက္တိုးတက္ ေဆာင္ရြက္လာပါၿပီ။ လိုဂိုေတြ၊ အရည္အေသြးေထာက္ခံခ်က္ေတြ ပါလာတယ္။ ဆက္သြယ္ရမယ့္ လိပ္စာေတြ ပါလာတယ္။ “ဟု ကုန္သြယ္မႈ တိုးတက္ေရး အတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ၊ ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ျဖစ္သူ ဦးမင္းေအာင္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးသူေရးရာဦးစီးဌာနအေနျဖင့္ ေစ်းမ်ား၊ ေက်ာင္းမုန္႔ေစ်းတန္းမ်ားအား လစဥ္စစ္ေဆးမႈကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ စားေသာက္ကုန္ေတြကို စစ္ေဆးမႈျပဳလုပ္ေပးတာ အရမ္းကိုေကာင္းပါတယ္။ အန္တီတို႔ ေရာင္းတဲ့သူေရာ ၀ယ္သူေရာ စိတ္ခ်မ္းသာတယ္ေလ။ အစားအေသာက္က စစ္ေဆးမႈမရွိရင္ ေရာဂါေတြရလာနိုင္ပါတယ္။ ပစၥည္း တစ္ခု၀ယ္မယ္ဆိုရင္လည္း ပစၥည္းက ရက္လြန္လား၊ အာမခံခ်က္ရွိ/မရွိကို စစ္ေဆးသင့္ပါတယ္”ဟု ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္းရွိ ကုန္ပစၥည္းအေရာင္းဆိုင္မွ ေဒၚေအးသြယ္က ေျပာသည္။

ျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနအေနျဖင့္ ရပ္ကြက္၊ ေက်းရြာ၊ စာသင္ေက်ာင္း၊ သူနာျပဳသင္တန္းေက်ာင္းစသည္တို႔တြင္ ေဘးအႏၱရာယ္ကင္းသည့္ စားေသာက္ကုန္မ်ားျဖစ္ေစေရး အသိပညာေပး ေဆြးေႏြးမႈမ်ားကိုလည္း လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဈေးများတွင် ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ ပုံမှန်စစ်ဆေးမှုတွင် ရောင်းချသူများ ပူးပေါင်းပါဝင်လာမှုကြောင့် လုပ်ငန်းစဉ်တိုးတက်လာသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 “အခုဆိုရင် ကုန်ပစ္စည်းရောင်းသူတွေက သူတို့မှာရှိတဲ့ပစ္စည်းတွေကို လစဉ်စစ်ဆေးဖို့ စိတ်ဝင်စားလာတယ်။ ဒီလိုစစ်ဆေးတာက စားသုံးသူ ပြည်သူမှာလည်း အကျိုးရှိတယ်။ အာမခံချက်ရှိတဲ့ အရည်အသွေးရှိတဲ့ ကုန်ပစ္စည်းတွေ စားသုံးလို့ရတယ်။ အရင်တုန်းက ရောင်းတာတွေက မှတ်ပုံတင်မထားတာတွေ စစ်ဆေးမှုတွေမရှိဘူး။ အမှတ်တံဆိပ်တွေ ဖော်ပြမထားဘူး။ အခုလက်ရှိမှာတော့ တော်တော်များများ (၈၀) ရာခိုင်နှုန်းလောက်တိုးတက် ဆောင်ရွက်လာပါပြီ။ လိုဂိုတွေ၊ အရည်အသွေးထောက်ခံချက်တွေ ပါလာတယ်။ ဆက်သွယ်ရမယ့် လိပ်စာတွေ ပါလာတယ်။ “ဟု ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်က ပြောသည်။

တောင်ကြီးမြို့တွင် စားသုံးသူရေးရာဦးစီးဌာနအနဖြေင့် ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများအား လစဉ်စစ်ဆေးမှုကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“ စားသောက်ကုန်တွေကို စစ်ဆေးမှုပြုလုပ်ပေးတာ အရမ်းကိုကောင်းပါတယ်။ အန်တီတို့ ရောင်းတဲ့သူရော ဝယ်သူရော စိတ်ချမ်းသာတယ်လေ။ အစားအသောက်က စစ်ဆေးမှုမရှိရင် ရောဂါတွေရလာနိုင်ပါတယ်။ ပစ္စည်း တစ်ခုဝယ်မယ်ဆိုရင်လည်း ပစ္စည်းက ရက်လွန်လား၊ အာမခံချက်ရှိ/မရှိကို စစ်ဆေးသင့်ပါတယ်”ဟု တောင်ကြီးမြို့မဈေးအတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်အေးသွယ်က ပြောသည်။

ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနအနဖြေင့် ရပ်ကွက်၊ ကျေးရွာ၊ စာသင်ကျောင်း၊ သူနာပြုသင်တန်းကျောင်းစသည်တို့တွင် ဘေးအန္တရာယ်ကင်းသည့် စားသောက်ကုန်များဖြစ်စေရေး အသိပညာပေး ဆွေးနွေးမှုများကိုလည်း လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~