ကြတ္ခိုင္အနီး နမ့္ပါခ်ီတြင္ ကားမ်ားကိုတားသည့္ လက္နက္ကိုင္အဖြဲ႕ႏွင့္ တပ္မေတာ္ ပစ္ခတ္မႈျဖစ္ပြား

ကြတ္ခိုင္အနီး နမ့္ပါခ်ီတြင္ ကားမ်ားကိုတားသည့္ လက္နက္ကိုင္အဖြဲ႕ႏွင့္ တပ္မေတာ္ ပစ္ခတ္မႈျဖစ္ပြား
နိုဝင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ႏွင့္ (၂)မိုင္ခန္႔အကြာ နမ့္ပါခ်ီရြာ ေက်ာက္ထုတ္စခန္းအနီးတြင္ ႏို၀င္ဘာလ (၂၉)ရက္ နံနက္ (၁၁)နာရီ၀န္းက်င္က ကားမ်ားကိုတားေနသည့္ လက္နက္ကိုင္အဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားေၾကာင္း  အဆုိပါလမ္းပိုင္းမွ ကားေမာင္းသူတစ္ဦးထံမွ သိရသည္။

"မ်က္စိေရွ႕တင္ ပစ္ခတ္မႈျဖစ္တာ။ ကားေတြကို ေကအုိင္ေအဘက္္တံဆိပ္နဲ႔လူေတြက တားၿပီးရပ္ခိုင္းတာ။ အဲဒီအခ်ိန္ စစ္တပ္က ခ်က္ခ်င္းေတြ႕ၿပီး ပစ္ၾကတာ။ သူပစ္ကိုယ္ပစ္ပဲ ကားသမားေတြနဲ႔ အနီးနားက လူေတြကေတာ့ ေက်ာက္ထုတ္တ့ဲစခန္းကို ေျပးတ့ဲသူကေျပး၊ ေတြ႕ရာ ေနရာဝပ္ၿပီး ပုန္းေနၾကရတယ္"ဟု အခင္းျဖစ္ပြားရာေနရာတြင္ ရိွေနခဲ့သည့္ ကားသမားတစ္ဦးက ေျပာသည္။

ယင္းသို႔ ပစ္ခတ္မႈျဖစ္ပြားခ်ိန္တြင္ ကားအစီး(၄၀)ခန္႔ ပိတ္မိေနခဲ့ေသာ္လည္း ပစ္ခတ္မႈေၾကာင့္ ခရီးသြားမ်ား ထိခိုက္ဒဏ္ရာရမႈမရွိဘဲ ေရွာင္ေျပး၍ ပြန္းပဲ့ဒဏ္ရာမ်ားသာ ရရွိခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္ပြားၿပီး လက္နက္ကိုင္အဖြဲ႕က ကားလမ္းမအတိုင္းထြက္ေျပးသြားသည္ကို ေတြ႔ရေၾကာင္း ခရီးသြားအခ်ိဳ႕ထံမွ သိရသည္။

လက္နက္ကိုင္ပူးေပါင္းအဖြဲ႔က ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ားတြင္ ႏိုဝင္ဘာလ (၂၀) ရက္ေန႔က စတင္တိုက္ခိုက္မႈေၾကာင့္ တုိက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီးေနာက္ နယ္ေျမအတြင္း မၾကာခဏ ပစ္ခတ္မႈအခ်ိဳ႕ ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် (၂)မိုင်ခန့်အကွာ နမ့်ပါချီရွာ ကျောက်ထုတ်စခန်းအနီးတွင် နိုဝင်ဘာလ (၂၉)ရက် နံနက် (၁၁)နာရီဝန်းကျင်က ကားများကိုတားနေသည့် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အဆိုပါလမ်းပိုင်းမှ ကားမောင်းသူတစ်ဦးထံမှ သိရသည်။

"မျက်စိရှေ့တင် ပစ်ခတ်မှုဖြစ်တာ။ ကားတွေကို ကေအိုင်အေဘက်တံဆိပ်နဲ့လူတွေက တားပြီးရပ်ခိုင်းတာ။ အဲဒီအချိန် စစ်တပ်က ချက်ချင်းတွေ့ပြီး ပစ်ကြတာ။ သူပစ်ကိုယ်ပစ်ပဲ ကားသမားတွေနဲ့ အနီးနားက လူတွေကတော့ ကျောက်ထုတ်တဲ့စခန်းကို ပြေးတဲ့သူကပြေး၊ တွေ့ရာ နေရာဝပ်ပြီး ပုန်းနကြေရတယ်"ဟု အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကားအစီး(၄၀)ခန့် ပိတ်မိနေခဲ့သော်လည်း ပစ်ခတ်မှုကြောင့် ခရီးသွားများ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ရှောင်ပြေး၍ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့က ကားလမ်းမအတိုင်းထွက်ပြေးသွားသည်ကို တွေ့ရကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနောက် နယ်မြေအတွင်း မကြာခဏ ပစ်ခတ်မှုအချို့ ဖြစ်ပွားနခြေင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~