ကြတ္ခိုင္ အေျခစိုက္ စစ္ဗ်ဴဟာတပ္အား လက္နက္ကိုင္အဖြဲ႔မွ ပစ္ခတ္

ကြတ္ခိုင္ အေျခစိုက္ စစ္ဗ်ဴဟာတပ္အား လက္နက္ကိုင္အဖြဲ႔မွ ပစ္ခတ္
နိုဝင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ရွိ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)ကြတ္ခိုင္ တပ္အား လက္နက္ကိုင္အဖြဲ႔မွ လာေရာက္၍ ႏိုဝင္ဘာလ (၂၅) ရက္ ည (၉)နာရီ (၃၀)မိနစ္ေက်ာ္ေက်ာ္တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားေနေၾကာင္း အဆိုပါ ဗ်ဴဟာတပ္အနီးဝန္းက်င္ရိွ ရပ္ကြက္ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ သတင္းေပးပို႔လာသည္။

“ကိုယ္ေတြအနားကပ္ ပစ္ေနသလားေတာင္ ထင္မိတယ္။ လက္နက္ႀကီးသံလည္းပါတယ္။ လူေနရပ္ကြက္နဲ႔နီးတယ္”ဟု အဆိုပါေဒသခံက ဆိုသည္။

မူဆယ္ၿမိဳ႕အထြက္ဘက္လမ္းရိွ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)ကြတ္ခိုင္ တပ္အနီးတြင္ ပစ္ခတ္သံမ်ား ၾကားေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ရှိ စစ်ဗျူဟာအဖွဲ့(အခြေချ)ကွတ်ခိုင် တပ်အား လက်နက်ကိုင်အဖွဲ့မှ လာရောက်၍ နိုဝင်ဘာလ (၂၅) ရက် ည (၉)နာရီ (၃၀)မိနစ်ကျော်ကျော်တွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း အဆိုပါ ဗျူဟာတပ်အနီးဝန်းကျင်ရှိ ရပ်ကွက်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ သတင်းပေးပို့လာသည်။

“ကိုယ်တွေအနားကပ် ပစ်နေသလားတောင် ထင်မိတယ်။ လက်နက်ကြီးသံလည်းပါတယ်။ လူနေရပ်ကွက်နဲ့နီးတယ်”ဟု အဆိုပါဒေသခံက ဆိုသည်။

မူဆယ်မြို့အထွက်ဘက်လမ်းရှိ စစ်ဗျူဟာအဖွဲ့(အခြေချ)ကွတ်ခိုင် တပ်အနီးတွင် ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~