တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုးအား ဗဟိုမွ လာေရာက္၍ အတည္ျပဳ ဖြဲ႔စည္း

တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုးအား ဗဟိုမွ လာေရာက္၍ အတည္ျပဳ ဖြဲ႔စည္း
နိုဝင်ဘာ 29, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုးအား အတည္ျပဳဖြဲ႔စည္းျခင္းကို ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရုံး(ဗဟို)မွ လာေရာက္၍ ႏို၀င္ဘာလ(၂၉)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္းရွိ ေရႊမန္းဇာတ္သဘင္တြင္ ဖြဲ႔စည္းေပးလိုက္သည္။

အဆိုပါ အစည္းအရံုးအား ဖြဲ႔စည္းရာတြင္ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရုံး(ဗဟို)မွ  ဒုတိယဥကၠဌ(၁) ဦးေန၀င္း၊ အတြင္းေရးမွဴး ဦးမိုး၀င္း ႏွင့္ ေရႊမန္းသဘင္မွ ဦးခ်မ္းသာတို႔က တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ အလုပ္အမႈေဆာင္ အဖြဲ႕၀င္ (၁၅)ဦးကို ေရြးခ်ယ္တင္ေျမႇာက္ ေပးခဲ့ၾကသည္။

ေရြးခ်ယ္တင္ေျမႇာက္ရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရုံး၏ ဥကၠဌအျဖစ္ ဦးခင္ေမာင္ျမင့္၊ ဒုဥကၠဌ(၁)အျဖစ္ ဦးရဲထြန္းသိန္း ၊ဒုဥကၠဌ (၂)အျဖစ္ ဦးေမာင္ေမာင္ေဌး ၊ အတြင္းေရးမွဴးအျဖစ္ ဦးမင္းမင္းထြန္း ၊အတြင္းေရးမွဴး(၁)အျဖစ္ ဦးဆန္း၀င္း ၊အတြင္းေရးမွဴး(၂)အျဖစ္ ေဒၚၾကည္ၾကည္ေဌး ၊ ဘ႑ာေရးမွဴးအျဖစ္ ဦးျမင့္ဦး(မုတ္ဆိတ္) ၊ စာရင္းစစ္(၁)အျဖစ္ ဦးေအးခ်ိဳ ၊စာရင္းစစ္(၂)အျဖစ္ ဦးေအာင္ျမင့္ရွိန္ ၊ ျပန္ၾကားေရးမွဴး(၁)အျဖစ္ ဦးတင့္ေဆြ ၊ျပန္ၾကားေရးမွဴး(၂)အျဖစ္ ဦးေရႊလွ၀င္း ၊ စည္းရုံးေရးမွဴးအျဖစ္ ေဒၚသိန္းႏုခင္ ႏွင့္ အဖြဲ႕၀င္မ်ားအျဖစ္ ဦးျမင့္သိန္း ၊ေဒၚညိဳေအး၊ မသဇင္ စသည့္ အဖြဲ႕၀င္ (၁၅)ဦးကို ေရြးခ်ယ္ခဲ့ၾကသည္။

ဆက္လက္ၿပီးတာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရုံးဖြဲ႕စည္းၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားလူမႈကူညီေရးအသင္းကို တဆက္ထဲ ဖြဲ႕စည္းၿပီး ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားလူမႈကူညီေရးအသင္း(ဗဟို) နာယက ဦးခ်မ္းသာက မတည္ေငြအျဖစ္ က်ပ္(၁၀)သိန္း လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္သဘင္ပညာရွင္မ်ားအစည္းအရံုး ဖြဲ႔စည္းျခင္း အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ား အစည္းအရုံး(ဗဟို)မွ  ဒုတိယဥကၠဌ(၁) ဦးေန၀င္း၊ အတြင္းေရးမွဴး ဦးမိုး၀င္း ႏွင့္ ေရႊမန္းသဘင္မွ ဦးခ်မ္းသာ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ သဘင္ပညာရွင္မ်ား၊ အႏုပညာနယ္ပယ္အခ်ဳိ႕မွ ပညာရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးအား အတည်ပြုဖွဲ့စည်းခြင်းကို မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ လာရောက်၍ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်းရှိ ရွှေမန်းဇာတ်သဘင်တွင် ဖွဲ့စည်းပေးလိုက်သည်။

အဆိုပါ အစည်းအရုံးအား ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ဒုတိယဥက္ကဌ(၁) ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမိုးဝင်း နှင့် ရွှေမန်းသဘင်မှ ဦးချမ်းသာတို့က တာချီလိတ်မြို့နယ်အတွက် အလုပ်အမှုဆောင် အဖွဲ့ဝင် (၁၅)ဦးကို ရွေးချယ်တင်မြှောက် ပေးခဲ့ကြသည်။

ရွေးချယ်တင်မြှောက်ရာတွင် တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံး၏ ဥက္ကဌအဖြစ် ဦးခင်မောင်မြင့်၊ ဒုဥက္ကဌ(၁)အဖြစ် ဦးရဲထွန်းသိန်း၊ဒုဥက္ကဌ (၂)အဖြစ် ဦးမောင်မောင်ဌေး၊ အတွင်းရေးမှူးအဖြစ် ဦးမင်းမင်းထွန်း၊အတွင်းရေးမှူး(၁)အဖြစ် ဦးဆန်းဝင်း၊အတွင်းရေးမှူး(၂)အဖြစ် ဒေါ်ကြည်ကြည်ဌေး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)၊ စာရင်းစစ်(၁)အဖြစ် ဦးအေးချို၊စာရင်းစစ်(၂)အဖြစ် ဦးအောင်မြင့်ရှိန်၊ ပြန်ကြားရေးမှူး(၁)အဖြစ် ဦးတင့်ဆွေ၊ပြန်ကြားရေးမှူး(၂)အဖြစ် ဦးရွှေလှဝင်း၊ စည်းရုံးရေးမှူးအဖြစ် ဒေါ်သိန်းနုခင် နှင့် အဖွဲ့ဝင်များအဖြစ် ဦးမြင့်သိန်း၊ဒေါ်ညိုအေး၊ မသဇင် စသည့် အဖွဲ့ဝင် (၁၅)ဦးကို ရွေးချယ်ခဲ့ကြသည်။

ဆက်လက်ပြီးတာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးဖွဲ့စည်းပြီးနောက် တာချီလိတ်မြို့နယ်သဘင်ပညာရှင်များလူမှုကူညီရေးအသင်းကို တဆက်ထဲ ဖွဲ့စည်းပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များလူမှုကူညီရေးအသင်း(ဗဟို) နာယက ဦးချမ်းသာက မတည်ငွေအဖြစ် ကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံး ဖွဲ့စည်းခြင်း အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)မှ ဒုတိယဥက္ကဌ(၁) ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမိုးဝင်း နှင့် ရွှေမန်းသဘင်မှ ဦးချမ်းသာ နှင့် တာချီလိတ်မြို့မှ သဘင်ပညာရှင်များ၊ အနုပညာနယ်ပယ်အချို့မှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~