အမ်ိဳးသမီးသတင္းသမားမ်ား အတြက္ လံုၿခံဳေဘးကင္းေသာ ဝန္းက်င္ျဖစ္ေစေရး အလုပ္ရံုေဆြးေႏြးပြဲ ျပဳလုပ္

အမ်ိဳးသမီးသတင္းသမားမ်ား အတြက္ လံုၿခံဳေဘးကင္းေသာ ဝန္းက်င္ျဖစ္ေစေရး အလုပ္ရံုေဆြးေႏြးပြဲ ျပဳလုပ္
နိုဝင်ဘာ 26, 2016
By Tachileik News Agency

အမ်ိဳးသမီးသတင္းသမားမ်ားအတြက္ လံုၿခံဳေဘးကင္းေသာပတ္ဝန္းက်င္ျဖစ္ေစေရးအတြက္ သတင္းသမားမ်ား၊ အမ်ိဳးသမီးက႑ေရးရာမ်ားတြင္ ေဆာင္ရြက္ေနသည့္ အဖြဲ႔အစည္းမ်ား ပါဝင္သည့္ အလုပ္ရံုေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕ ျပင္သစ္ယဥ္ေက်းမႈဌာန၌္ ႏိုဝင္ဘာလ (၂၆)ရက္တြင္ စတင္က်င္းပ ေနသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲတြင္ သတင္းဌာနမ်ား၊ လူ႔အခြင့္အေရး၊ ဥပေဒေရးရာ နယ္ပယ္မ်ားမွ ပါဝင္ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

“မီဒီယာဥပေဒမွာ အမ်ိဳးသမီးမ်ားအတြက္ အာမခံခ်က္ေပးႏုိင္တဲ့ အခ်က္ေတြ ပါမလာေသးပါဘူး။ အမ်ိဳးသမီးသတင္းသမားေတြ ကိုယ္တုိင္က ကိုယ့္အတြက္ ဘယ္လိုအာမခံခ်က္ေတြရိွမလဲဆိုတာ သိထားသင့္ပါတယ္။ ဒီလိုသိထားမွ တစ္ေန႔မွာ ကိုယ္ရခ်င္တဲ့ အေျခအေနကို ရလာေအာင္ တိုက္တြန္းႏုိင္မွာ ျဖစ္ပါတယ္”ဟု အဆိုပါေဆြးေႏြးပြဲတြင္ တက္ေရာက္ေဆြးေႏြးေနသည့္ ေဒါက္တာ ညိဳညိဳသင္းက ဆိုသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲအား ျမန္မာအမ်ိဳးသမီးသတင္းသမားမ်ားကြန္ယက္ (Myanmar Woman Journalist Society - MWJS)၏ ဒုတိယအႀကိမ္ေျမာက္ အလုပ္ရံုေဆြးေႏြးပြဲအျဖစ္ Myanmar Journalist Institute (MJI) ႏွင့္ ပူးေပါင္းက်င္းပျခင္းျဖစ္ၿပီး CFI ၏ ပံ့ပိုးမႈျဖင့္ IMS/Fojo က ပူးေပါင္းကူညီခဲ့ျခင္းျဖစ္သည္။

“ကၽြန္မတို႔ ဒီအလုပ္ရံုေဆြးေႏြးပြဲကို ဘာေၾကာင့္ ပံ့ပိုးေပးျဖစ္လဲဆိုေတာ့ တစ္အခ်က္ အားလံုးစုစည္းပါဝင္တဲ့ ေဆြးေႏြးမႈလုပ္ဖို႔က အေရးႀကီးတဲ့အတြက္ပါ။ ႏွစ္အခ်က္ကေတာ့ အမ်ိဳးသမီးေတြတင္မဟုတ္ဘူး အမ်ိဳးသားေတြေရာ အားလံုးပူးေပါင္းပါဝင္လာဖို႔အျမင္ေတြ ဘာေတြရိွတယ္ဆိုတာ ေဆြးေႏြးလာႏိုင္ဖို႔ပါ။ အဓိကအခ်က္က အားလံုးက်ယ္က်ယ္ျပန္႔ျပန္႔ ဒီအေရးကိစၥမွာ ပါဝင္လာၾကဖို႔ပါ”ဟု အလုပ္ရံုေဆြးေႏြးပြဲက်င္းပရန္ ပံ့ပိုးေပးသည့္ CFI Myanmar ၏ Training Director ျဖစ္သူ Clothilde Le Coz ကဆိုသည္။

ယခုအလုပ္ရံုေဆြးေႏြးပြဲတြင္ ရရိွလာသည့္ ရလဒ္မ်ားကို သတင္းဌာနမ်ား၊ သတင္းမီဒီယာႏွင့္သက္ဆိုင္သည့္ အဖြဲ႕အစည္းမ်ားထံ ေပးပို႔သြားမည္ျဖစ္သည္။

Photo: IMS/Fojo ၊ TNA

~~~~~~~~⊰❂ unicode ~~~~~~~~
အမျိုးသမီးသတင်းသမားများအတွက် လုံခြုံဘေးကင်းသောပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သတင်းသမားများ၊ အမျိုးသမီးကဏ္ဍရေးရာများတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာန၌် နိုဝင်ဘာလ (၂၆)ရက်တွင် စတင်ကျင်းပ နေသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သတင်းဌာနများ၊ လူ့အခွင့်အရေး၊ ဥပဒေရေးရာ နယ်ပယ်များမှ ပါဝင်ဆွေးနွေးနကြခြေင်းဖြစ်သည်။

“မီဒီယာဥပဒေမှာ အမျိုးသမီးများအတွက် အာမခံချက်ပေးနိုင်တဲ့ အချက်တွေ ပါမလာသေးပါဘူး။ အမျိုးသမီးသတင်းသမားတွေ ကိုယ်တိုင်က ကိုယ့်အတွက် ဘယ်လိုအာမခံချက်တွေရှိမလဲဆိုတာ သိထားသင့်ပါတယ်။ ဒီလိုသိထားမှ တစ်နေ့မှာ ကိုယ်ရချင်တဲ့ အခြေအနေကို ရလာအောင် တိုက်တွန်းနိုင်မှာ ဖြစ်ပါတယ်”ဟု အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးနေသည့် ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာအမျိုးသမီးသတင်းသမားများကွန်ယက် (Myanmar Woman Journalist Society - MWJS)၏ ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအဖြစ် Myanmar Journalist Institute (MJI) နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး CFI၏ ပံ့ပိုးမှုဖြင့် IMS/Fojo က ပူးပေါင်းကူညီခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ဘာကြောင့် ပံ့ပိုးပေးဖြစ်လဲဆိုတော့ တစ်အချက် အားလုံးစုစည်းပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဖို့က အရေးကြီးတဲ့အတွက်ပါ။ နှစ်အချက်ကတော့ အမျိုးသမီးတွေတင်မဟုတ်ဘူး အမျိုးသားတွေရော အားလုံးပူးပေါင်းပါဝင်လာဖို့အမြင်တွေ ဘာတွေရှိတယ်ဆိုတာ ဆွေးနွေးလာနိုင်ဖို့ပါ။ အဓိကအချက်က အားလုံးကျယ်ကျယ်ပြန့်ပြန့် ဒီအရေးကိစ္စမှာ ပါဝင်လာကြဖို့ပါ”ဟု အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် ပံ့ပိုးပေးသည့် CFI Myanmar၏ Training Director ဖြစ်သူ Clothilde Le Coz ကဆိုသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ရရှိလာသည့် ရလဒ်များကို သတင်းဌာနများ၊ သတင်းမီဒီယာနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်။

Photo: IMS/Fojo ၊ TNA

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~