မြန်မာနိုင်ငံလုံးဆိုင်ရာ ဥပေဒအထောက်အကူပြုကွန်ရက် (MNPN)ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဥပေဒအထောက်အကူပြုကွန်ရက် (MNPN)ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်
နိုဝင်ဘာ 26, 2016
By Tachileik News Agency




ဓာတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

USAID & NAMATI တို့၏ ပံ့ပိုးမှု အစီအစဉ်ဖြင့် သံလွင်သစ္စာအဖွဲ့မှ မြန်မာနိုင်ငံလုံးဆိုင်ရာဥပေဒအထောက်အကူပြုကွန်ရက် ( Myanmar National Paralegal Networt - MNPN )ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ် ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပပြုလုပ်နေလျှက်ရှိသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဥပဒေရေးရာ အထောက်အကူးပြုသူများသည် အစိုးရဌာန/ပါတီ/အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မည်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စများကို အုပ်စုဖွဲ့ ဆွေးနွေးသွားမည်ဖြစ်ပြီး Myanmar National Paralegal Network Design Workshop(YGN)တွင် ဖွဲ့စည်းထားသော Working Group(4)ခုအကြောင်းကို ရှင်းလင်းတင်ပြကာ၊ ကွန်ရက်တွင် ပါဝင်ချိတ်ဆက်လိုသူများကို ဖိတ်ခေါ်သွားမှာ ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို နံနက်(၉)နာရီက စတင်ကာ ညနေ(၃)နာရီအချိန်ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~