လဲခ်ားၿမိဳ႕တြင္ က်ပ္သိန္း(၂၈၀)ခန္႔ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

လဲခ်ားၿမိဳ႕တြင္ က်ပ္သိန္း(၂၈၀)ခန္႔ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ား - မိုင္းေနာင္ သြားကားလမ္းေပၚတြင္ က်ပ္သိန္း(၂၈၀)၀န္းက်င္တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားကို သယ္ေဆာင္လာသူႏွင့္ အတူ ႏို၀င္ဘာလ(၂၇)ရက္ေန႔ ညေန(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း လဲခ်ားၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

လဲခ်ားၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ ရဲမွဴးေအာင္ေဇာ္မိုး ႏွင့္ စခန္းမွဴး ဒုရဲမွဴးေက်ာ္ႏိုင္တို႔၏ အနီးကပ္ ကြပ္ကဲႀကီးၾကပ္မႈျဖင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ လဲခ်ားၿမိဳ႕နယ္ ၿမိဳ႕မေက်းရြာအုပ္စု၊ လဲခ်ား - မိုင္းေနာင္သြား ကားလမ္းရွိ ေနာင္ေကာင္တံတားအနီးတြင္ ရပ္တန္႔စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းေနာင္ဘက္မွ မနန္းေဟာင္ေခး ေမာင္းႏွင္ၿပီး ၎ေနာက္တြင္ ေဒၚပါအြန္ လိုက္ပါလာေသာ ေမာ္ေတာ္ဆိုင္ကယ္အား အဆိုပါ ပူးေပါင္း အဖြဲ႔မွ ရပ္တန္႔စစ္ေဆး ရွာေဖြမႈမ်ား ျပဳလုပ္ရာမွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးရွာေဖြရာတြင္ ဆိုင္ကယ္ေရွ႕ခြၾကားရွိ အသီးအရြက္မ်ား ထည့္သည့္ ၾကြတ္ၾကြတ္အိမ္ထဲမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၈,၀၀၀)ျပားကို ေတြ႕ရွိရာ အဆိုပါ စိတ္ၾကြေဆးျပားမ်ား၏ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္သိန္း (၂၈၀)၀န္းက်င္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိျခင္းႏွင့္ ပတ္သက္၍ သယ္ေဆာင္လာသူ အဆိုပါ အမ်ဳိးသမီးႏွစ္ဦးအား လဲခ်ားၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ဟံႏိုင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချား - မိုင်းနောင် သွားကားလမ်းပေါ်တွင် ကျပ်သိန်း(၂၈၀)ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူနှင့် အတူ နိုဝင်ဘာလ(၂၇)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း လဲချားမြို့နယ်ရဲစခန်းမှ သိရသည်။

လဲချားမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ဇော်မိုး နှင့် စခန်းမှူး ဒုရဲမှူးကျော်နိုင်တို့၏ အနီးကပ် ကွပ်ကဲကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လဲချားမြို့နယ် မြို့မကျေးရွာအုပ်စု၊ လဲချား - မိုင်းနောင်သွား ကားလမ်းရှိ နောင်ကောင်တံတားအနီးတွင် ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မိုင်းနောင်ဘက်မှ မနန်းဟောင်ခေး မောင်းနှင်ပြီး၎င်းနောက်တွင် ဒေါ်ပါအွန် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား အဆိုပါ ပူးပေါင်း အဖွဲ့မှ ရပ်တန့်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ်ရှေ့ခွကြားရှိ အသီးအရွက်များ ထည့်သည့် ကြွတ်ကြွတ်အိမ်ထဲမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၈,ဝဝဝ)ပြားကို တွေ့ရှိရာ အဆိုပါ စိတ်ကြွဆေးပြားများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်း (၂၈၀)ဝန်းကျင်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သယ်ဆောင်လာသူ အဆိုပါ အမျိုးသမီးနှစ်ဦးအား လဲချားမြို့မရဲစခန်းတွင် မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~