လင္မလိုေက်းရြာအနီး ေဒၚလာသန္း(၅၀၀)ေက်ာ္ကုန္က်မည့္ ဓါတ္အားေပးစက္ရံု တည္ေဆာက္မည္

လင္မလိုေက်းရြာအနီး ေဒၚလာသန္း(၅၀၀)ေက်ာ္ကုန္က်မည့္ ဓါတ္အားေပးစက္ရံု တည္ေဆာက္မည္
နိုဝင်ဘာ 30, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ကၽြန္းစုၿမိဳ႕နယ္ ကပေက်းရြာအုပ္စု လင္မလိုႀကီးေက်းရြာအနီးတြင္ အေမရိကန္ ေဒၚလာ သန္း (၅၀၀) ေက်ာ္ကုန္က်မည့္ ဓာတ္ေငြ႔ရည္သံုး  လွ်ပ္စစ္ဓာတ္အားေပးစက္ရံုစီမံကိန္းကို ၿမိတ္အမ်ားပိုင္ေကာ္ပိုေရး ရွင္းလီမိတက္ႏွင့္ ကိုးရီးယားႏိုင္ငံမွ KMPI Consortium ကုမၸဏီတို႔  ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔က ဒီဓါတ္ေငြ႕ရည္သံုး လွ်ပ္စစ္ဓါတ္အားေပး စက္ရံု စီမံကိန္းႏွင့္ ပတ္သက္၍ ပတ္၀န္းက်င္ ထိန္းသိမ္းေရးပညာရွင္မ်ားကို ေခၚၿပီး ဆာေဗးေတြ ျပဳလုပ္ၿပီးပါၿပီ။ စက္ရံုနဲ႕ ပတ္သက္ၿပီး (၃၀၀) မဂၢါ၀ပ္ ဓာတ္အားေပး စက္႐ံုလုပ္ငန္း လည္ပတ္ပံု၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း၊ လွ်ပ္စစ္ဓတ္အားေပးျခင္း၊ ဓာတ္ေငြ႕ရည္ အသံုးျပဳပံု အဆင့္ဆင့္ကို ေဒသခံျပည္သူေတြႏွင္႔ အရပ္ဖက္ လူ႕အဖြဲ႕စည္းေတြကို ေခၚယူၿပီး ရွင္းလင္းထားပါတယ္”ဟု ၿမိတ္အမ်ားပိုင္ ေကာ္ပိုေရးရွင္းလီမိတက္မွ ဒါ႐ို္က္တာ အတြင္းေရးမွဴး ဦးမ်ဳိးေအာင္က ေျပာသည္။

အဆိုပါစီမံကိန္းအား ေျမဧက (၇၀) တြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရၿပီး ႏို၀င္ဘာလ (၁၅) ရက္ေန႕က ကြ်န္းစုၿမိဳ႕နယ္တြင္ စက္ရံုစီမံကိန္းႏွင္႔ ပတ္သက္၍ ပတ္၀န္းက်င္ ထိခိုက္မွဳ ဆန္းစစ္ျခင္းႏွင္႔ လူမွဳေရးထိခိုက္မွဳ ဆန္းစစ္ျခင္းဆိုင္ရာမ်ားအတြက္ သက္ဆိုင္သူမ်ားႏွင္႔ လူထုေတြ႕ဆံုပြဲကို က်င္းပ ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။

အဆိုပါေတြ႔ဆံုပဲြသို႔ ကၽြန္းစုၿမိဳ႕နယ္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဟိန္း ႏွင့္ ကၽြန္းစုၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴး ဦးေက်ာ္သီဟ၊ သက္ဆိုင္ရာကုမၸဏီမွ တာ၀န္ရွိသူမ်ားႏွင္႔ ေဒသခံျပည္သူမ်ား စုစုေပါင္း (၃၀၀) ဦးေက်ာ္ခန္႔ တက္ေရာက္ခဲ႔ေၾကာင္း သိရသည္။

အဆိုပါ ဓာတ္ေငြ႔ရည္သံုး ( LNG – Luquid Natural Gas ) လွ်ပ္စစ္ဓာတ္ အားေပးစက္႐ံု စီမံကိန္းကို ရင္းႏွီး ျမဳပ္ႏွံမႈ အေမရိကန္ေဒၚလာသန္း (၅၆၀) ျဖင့္ (၅) ႏွစ္စီမံကိန္းအျဖစ္ လ်ာထားကာ အေကာင္အထည္ေဖာ္ ေနေၾကာင္း သိရသည္။

ဓာတ္အားေပး စက္႐ံုတည္ေဆာက္ ၿပီးစီးပါက ပထမအဆင့္ အေနျဖင့္ ကၽြန္းစုၿမိဳ႕သို႔ (၅၀) မဂါၢ၀ပ္၊ ပေထာ္ကၽြန္းသို႔ (၃၀) မဂၢါ၀ပ္၊ ၿမိတ္ၿမိဳ႕သို႔ (၇၀) မဂၢါ၀ပ္ လွ်ပ္စစ္ဓာတ္အားေပးျခင္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဓာတ္အားခ (၁) ယူနစ္လွ်င္ (၁၅၀) က်ပ္ျဖင့္ ျဖန္႔ေ၀ေပးသြားမည္ျဖစ္ ေၾကာင္း ၿမိတ္အမ်ားပိုင္ေကာ္ပိုေရးရွင္းလီမိတက္မွ သိရသည္။

သတင္း - ေဇာ္ေဇာ္
~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု လင်မလိုကြီးကျေးရွာအနီးတွင် အမေရိကန် ဒေါ်လာ သန်း (၅၀၀) ကျော်ကုန်ကျမည့် ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို မြိတ်အများပိုင်ကော်ပိုရေး ရှင်းလီမိတက်နှင့် ကိုးရီးယားနိုင်ငံမှ KMPI Consortium ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကို ခေါ်ပြီး ဆာဗေးတွေ ပြုလုပ်ပြီးပါပြီ။ စက်ရုံနဲ့ ပတ်သက်ပြီး (၃၀၀) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံလုပ်ငန်း လည်ပတ်ပုံ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓတ်အားပေးခြင်း၊ ဓာတ်ငွေ့ရည် အသုံးပြုပုံ အဆင့်ဆင့်ကို ဒေသခံပြည်သူတွေနှင့် အရပ်ဖက် လူ့အဖွဲ့စည်းတွေကို ခေါ်ယူပြီး ရှင်းလင်းထားပါတယ်”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်မှ ဒါရို်က်တာ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

အဆိုပါစီမံကိန်းအား မြေဧက (၇၀) တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး နိုဝင်ဘာလ (၁၅) ရက်နေ့က ကျွန်းစုမြို့နယ်တွင် စက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာများအတွက် သက်ဆိုင်သူများနှင့် လူထုတွေ့ဆုံပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း နှင့် ကျွန်းစုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သီဟ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀) ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ငွေ့ရည်သုံး ( LNG – Luquid Natural Gas ) လျှပ်စစ်ဓာတ် အားပေးစက်ရုံ စီမံကိန်းကို ရင်းနှီး မြုပ်နှံမှု အမေရိကန်ဒေါ်လာသန်း (၅၆၀) ဖြင့် (၅) နှစ်စီမံကိန်းအဖြစ် လျာထားကာ အကောင်အထည်ဖော် နေကြောင်း သိရသည်။

ဓာတ်အားပေး စက်ရုံတည်ဆောက် ပြီးစီးပါက ပထမအဆင့် အနဖြေင့် ကျွန်းစုမြို့သို့ (၅၀) မဂါ္ဂဝပ်၊ ပထော်ကျွန်းသို့ (၃၀) မဂ္ဂါဝပ်၊ မြိတ်မြို့သို့ (၇၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်အားခ (၁) ယူနစ်လျှင် (၁၅၀) ကျပ်ဖြင့် ဖြနေ့်ဝပေးသွားမည်ဖြစ် ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ သိရသည်။

သတင်း - ဇော်ဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~