ေဖာက္ခြဲေရးသံုး ပစၥည္းမ်ားစြာႏွင့္ ေက်ာက္စိမ္းတံုးအား ဖမ္းဆီးရမိ

ေဖာက္ခြဲေရးသံုး ပစၥည္းမ်ားစြာႏွင့္ ေက်ာက္စိမ္းတံုးအား ဖမ္းဆီးရမိ
နိုဝင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရွိဳးၿမိဳ႕မွ သယ္ေဆာင္လာသည့္ ေဖာက္ခြဲေရးသံုး တီတိုနီတာႀကိဳး အေျမာက္အမ်ားႏွင့္ ေက်ာက္စိမ္း(၃)တံုးအား ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕ႏွင့္ (၂၄)မိုင္အကြာတြင္ ရွိေသာ ၀မ္ဖြန္ေက်းရြာတပ္စခန္းတြင္ တပ္မေတာ္မွ စစ္ေဆးေရး ျပဳလုပ္စဥ္ ႏို၀င္ဘာလ (၁)ရက္ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း လဲခ်ားၿမိဳ႕မရဲစခန္းမွ သိရသည္။

"တီတိုနီတာႀကိဳးေတြက ေဖာက္ခြဲေရးလုပ္တဲ့ေနရာမွာ အဓိကသံုးတာ အကုန္လံုး ေဖာက္ခြဲလို႔ရတယ္ ငါးမိုင္းခြဲတာတို႔၊ လမ္း၊ တံတား ဖ်က္ဆီးတာကအစေပါ့ ျပင္းျပင္းထန္ထန္ကို ေဖာက္ခြဲလို႔ရတယ္ ေနရာမ်ိဳးစံုမွာ အသံုးျပဳလုိ႔ရတယ္၊ သယ္လာတာက လားရွိဳးကေန လဲခ်ားကိုသယ္လာတာ လမ္းမွာ တပ္မေတာ္လံုျခံဳေရးက စစ္ေဆးေတြ႕ရွိလို႔ စခန္းကိုျပန္ၿပီး လႊဲလာတာပါ"ဟု လဲခ်ားၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဖမ္းဆီးရမိေသာ ပစၥည္းမ်ားမွာ (၁၂)ေပႏွင့္ (၉)ေပခြဲရွည္ေသာ အစိမ္း၊ အညိဳ၊ အျဖဴ၊ နီၾကား၊ နက္ၾကားအေရာင္မ်ားရွိ တီတိုနီတာႀကိဳးေပါင္း (၅၉၅၀)ေခ်ာင္းႏွင့္ (၁)လက္မခြဲပတ္၀န္းက်င္ရွိ ေက်ာက္စိမ္းတံုး (၃)တံုးတို႔ ပါ၀င္ေၾကာင္း သယ္ေဆာင္လာသူမွာ လူ(၂)ဦးျဖစ္ၿပီး လားရွိဳး၊ ေက်းသီး၊ မိုင္းရယ္ လမ္းေၾကာင္း ေအာက္တိုဘာလ (၃၁)ရက္ေန႔တြင္ စတင္ထြက္ခြာလာၿပီး လဲခ်ားၿမိဳ႕ႏွင့္ (၂၄)မိုင္အကြာတြင္ ဖမ္းဆီးမိျခင္းျဖစ္ေၾကာင္း သိရသည္။

သယ္ေဆာင္လာေသာ ပစၥည္းမ်ားအား လားရွိဳးၿမိဳ႕မွ သယ္ေဆာင္လာျခင္းျဖစ္ၿပီး လဲခ်ားၿမိဳ႕၊ ေဖာင္ေတာ္ဦးေက်ာင္းတိုက္ လမ္းၾကားရွိအိမ္တြင္ တည္းခိုရန္ မွာၾကားလိုက္ေၾကာင္း အမႈႏွင့္ဆက္စပ္လွ်က္ ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးမိႏိုင္ရန္ လဲခ်ားၿမိဳ႕မရဲစခန္းမွ စံုစမ္းစစ္ေဆးလွ်က္ရွိၿပီး အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"ဒီပစၥည္းေတြ အႏၱရာယ္ေတာ္ေတာ္မ်ားတယ္ေျပာတယ္ ႀကိဳးတစ္ေခ်ာင္းက လူ(၄)ေယာက္ေလာက္ကို ေသေစႏိုင္တယ္ တခ်ိဳ႕က်ေတာ့ ငါးမိုင္းခြဲတဲ့ ေနရာမွာသံုးတာ ဒါေပမယ့္ ဒီေလာက္အမ်ားႀကီး မေတြ႕ဖူးဘူး ဒီေလာက္မ်ားတာ ဘယ္နားသံုးမွာလဲေတာ့မသိေသးဘူး စံုစမ္းစစ္ေဆးေနတုန္းလို႔ေတာ့ ရဲစခန္းကေျပာတယ္"ဟု လဲခ်ားၿမိဳ႕ခံ တစ္ဦးက Tachileik News Agencyသို႔ ေျပာသည္။

သတင္း - ဟံႏိုင္
ဓာတ္ပံု - ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ သယ်ဆောင်လာသည့် ဖောက်ခွဲရေးသုံး တီတိုနီတာကြိုး အမြောက်အများနှင့် ကျောက်စိမ်း(၃)တုံးအား ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နှင့် (၂၄)မိုင်အကွာတွင် ရှိသော ဝမ်ဖွန်ကျေးရွာတပ်စခန်းတွင် တပ်မတော်မှ စစ်ဆေးရေး ပြုလုပ်စဉ် နိုဝင်ဘာလ (၁)ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လဲချားမြို့မရဲစခန်းမှ သိရသည်။

"တီတိုနီတာကြိုးတွေက ဖောက်ခွဲရေးလုပ်တဲ့နေရာမှာ အဓိကသုံးတာ အကုန်လုံး ဖောက်ခွဲလို့ရတယ် ငါးမိုင်းခွဲတာတို့၊ လမ်း၊ တံတား ဖျက်ဆီးတာကအစပေါ့ ပြင်းပြင်းထန်ထန်ကို ဖောက်ခွဲလို့ရတယ် နေရာမျိုးစုံမှာ အသုံးပြုလို့ရတယ်၊ သယ်လာတာက လားရှိုးကနေ လဲချားကိုသယ်လာတာ လမ်းမှာ တပ်မတော်လုံခြုံရေးက စစ်ဆေးတွေ့ရှိလို့ စခန်းကိုပြန်ပြီး လွှဲလာတာပါ"ဟု လဲချားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ (၁၂)ပေနှင့် (၉)ပေခွဲရှည်သော အစိမ်း၊ အညို၊ အဖြူ၊ နီကြား၊ နက်ကြားအရောင်များရှိ တီတိုနီတာကြိုးပေါင်း (၅၉၅၀)ချောင်းနှင့် (၁)လက်မခွဲပတ်ဝန်းကျင်ရှိ ကျောက်စိမ်းတုံး (၃)တုံးတို့ ပါဝင်ကြောင်း သယ်ဆောင်လာသူမှာ လူ(၂)ဦးဖြစ်ပြီး လားရှိုး၊ ကျေးသီး၊ မိုင်းရယ် လမ်းကြောင်း အောက်တိုဘာလ (၃၁)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး လဲချားမြို့နှင့် (၂၄)မိုင်အကွာတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။

သယ်ဆောင်လာသော ပစ္စည်းများအား လားရှိုးမြို့မှ သယ်ဆောင်လာခြင်းဖြစ်ပြီး လဲချားမြို့၊ ဖောင်တော်ဦးကျောင်းတိုက် လမ်းကြားရှိအိမ်တွင် တည်းခိုရန် မှာကြားလိုက်ကြောင်း အမှုနှင့်ဆက်စပ်လျှက် ကွင်းဆက်တရားခံများအား ဖမ်းဆီးမိနိုင်ရန် လဲချားမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

"ဒီပစ္စည်းတွေ အန္တရာယ်တော်တော်များတယ်ပြောတယ် ကြိုးတစ်ချောင်းက လူ(၄)ယောက်လောက်ကို သေစေနိုင်တယ် တချို့ကျတော့ ငါးမိုင်းခွဲတဲ့ နေရာမှာသုံးတာ ဒါပေမယ့် ဒီလောက်အများကြီး မတွေ့ဖူးဘူး ဒီလောက်များတာ ဘယ်နားသုံးမှာလဲတော့မသိသေးဘူး စုံစမ်းစစ်ဆေးနေတုန်းလို့တော့ ရဲစခန်းကပြောတယ်"ဟု လဲချားမြို့ခံ တစ်ဦးကွခေ့ငူနငု နြတျ ဗာနညခပသို့ ပြောသည်။

သတင်း - ဟံနိုင်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~