တာခ်ီလိတ္၌ ေလာင္းကစားဂိမ္းခံုမ်ား ဖမ္းဆီးအေရးယူ

တာခ်ီလိတ္၌ ေလာင္းကစားဂိမ္းခံုမ်ား ဖမ္းဆီးအေရးယူ
နိုဝင်ဘာ 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပို္င္း တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုပံုေက်းရြာတြင္ ငါးမန္းေလာင္းကစားဂိမ္း ျပဳလုပ္ေနေၾကာင္း သတင္းအရ သြားေရာက္ရွာေဖြရာ ေလာင္းကစားဂိမ္းခံုမ်ားႏွင့္အတူ ေလာင္းကစား ျပဳလုပ္သူ (၉)ဦးအား ႏို၀င္ဘာလ(၅)ရက္ေန႔ ညပိုင္းတြင္ ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"သတင္းအရ အဲဒီရြာမွာ ေလာင္းကစားဂိမ္းေဆာ့ေနတယ္ၾကားလို႔ သြားဖမ္းတာပါ။ လူ(၉)ဦးအျပင္ ဂိမ္းခံုေတြပါသိမ္းခဲ့တယ္။ အဲဒီရြာက ျခံ၀န္းအတြင္းက ေျမစိုက္တဲထဲမွာ ေလာင္းကစားလုပ္ေနတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က Tachileik News Agency သို႔ ေျပာသည္။

ေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳေသာ ငါးမန္းဂိမ္းခံု(၂)ခံုႏွင့္ ပန္းသီးဂိမ္းခံု(၁)ခံုအပါ၀င္ ဂိမ္းခံုပိုင္ရွင္ႏွင့္အတူ ေလာင္းကစားျပဳလုပ္သူ (၉)ဦးတို႔အား ဖမ္းဆီးခဲ့ၿပီး ေလာင္းကစားျပဳလုပ္သည့္ေငြ ထိုင္းဘတ္(၁၀၀,၀၉၅)ႏွင့္အတူ ဂိမ္းခံုတဲအနီး ရပ္ထားသည့္ ေမာ္ေတာ္ဆိုင္ကယ္(၄)စီးကိုလည္း ရွာေဖြပံုစံေရးသြင္း၍ သိမ္းဆည္းခဲ့ေၾကာင္း ၎ထံမွ သိရသည္။

ေလာင္းကစားဂိမ္းခံုပိုင္ရွင္ စိုင္းေနာင္ထြန္းႏွင့္ ေလာင္ကစားျပဳလုပ္သူ(၉)ဦးအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၁၂/၂၀၁၆၊ ေလာင္းကစားဥပေဒပုဒ္မ ၁၃(က)/၁၄(က)တို႔ျဖင့္ အမႈဖြင့္လွစ္ထားၿပီး ျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွသိရသည္။

သတင္း - ကိုဇက္
ဓာတ္ပံု - ၿမိဳ႕မရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပို်င်း တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပုံကျေးရွာတွင် ငါးမန်းလောင်းကစားဂိမ်း ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ လောင်းကစားဂိမ်းခုံများနှင့်အတူ လောင်းကစား ပြုလုပ်သူ (၉)ဦးအား နိုဝင်ဘာလ(၅)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"သတင်းအရ အဲဒီရွာမှာ လောင်းကစားဂိမ်းဆော့နေတယ်ကြားလို့ သွားဖမ်းတာပါ။ လူ(၉)ဦးအပြင် ဂိမ်းခုံတွေပါသိမ်းခဲ့တယ်။ အဲဒီရွာက ခြံဝန်းအတွင်းက မြေစိုက်တဲထဲမှာ လောင်းကစားလုပ်နေတာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က Tachileik News Agency သို့ ပြောသည်။

လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ငါးမန်းဂိမ်းခုံ(၂)ခုံနှင့် ပန်းသီးဂိမ်းခုံ(၁)ခုံအပါဝင် ဂိမ်းခုံပိုင်ရှင်နှင့်အတူ လောင်းကစားပြုလုပ်သူ (၉)ဦးတို့အား ဖမ်းဆီးခဲ့ပြီး လောင်းကစားပြုလုပ်သည့်ငွေ ထိုင်းဘတ်(၁၀၀,ဝ၉၅)နှင့်အတူ ဂိမ်းခုံတဲအနီး ရပ်ထားသည့် မော်တော်ဆိုင်ကယ်(၄)စီးကိုလည်း ရှာဖွေပုံစံရေးသွင်း၍ သိမ်းဆည်းခဲ့ကြောင်း၎င်းထံမှ သိရသည်။

လောင်းကစားဂိမ်းခုံပိုင်ရှင် စိုင်းနောင်ထွန်းနှင့် လောင်ကစားပြုလုပ်သူ(၉)ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၁၂/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း မြို့မရဲစခန်းမှသိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - မြို့မရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~