ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ အခ်ဳိ႕ေသာၿမိဳ႕မ်ားတြင္သာ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပမည္

ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ အခ်ဳိ႕ေသာၿမိဳ႕မ်ားတြင္သာ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပမည္
နိုဝင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ျဖစ္ေပၚေနေသာ ေဒသအေျခအေနမ်ားေၾကာင့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုခရိုင္၊ မိုင္းဆတ္ခရိုင္ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္းရွိ အခ်ဳိ႕ၿမိဳ႕မ်ားတြင္သာ ႏွစ္သစ္ႏွစ္ကူးပြဲေတာ္ ေပ်ာ္ပြဲရႊင္ပြဲကို က်င္းပမွာ ျဖစ္ေၾကာင္း သိရသည္။

"ဒီႏွစ္က အရင္ႏွစ္ေတြလို ေပ်ာ္ပြဲရႊင္ပြဲ မလုပ္ျဖစ္ေတာ့ဘူး၊ ႏွစ္တိုင္းျပဳလုပ္ေနတဲ့ ရာဇဌာန္ဘုန္းႀကီးေက်ာင္းမွာပဲ ဆြမ္းကပ္မယ္၊ သီလယူမယ္၊ ပရိတ္တရားေတာ္နာယူၾကၿပီးေတာ့၊ ေကြ်းေမြးဧည့္ခံတာ အဲ့ဒါပဲ လုပ္ေတာ့မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း ဥကၠဌ ဦးစိုင္းလံုမားက Tachileik News Agency သို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အေနျဖင့္ ယခုႏွစ္တြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ကို က်င္းပျပဳလုပ္ျခင္း မရွိေတာ့ဘဲ၊ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရွိ ရာဇဌာန္ေက်ာင္းတိုက္တြင္ ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၃၀)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လယ္ပိုင္းအခ်ိန္ထိ ဆြမ္းဆက္ကပ္တရားနာျခင္း ႏွင့္ ဧည့္ခံျခင္းတို႔ကို ျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

"မိုင္းတံုမွာေတာ့  ခမ္းခမ္းနားနားနဲ႔ ေပ်ာ္ပြဲရႊင္ပြဲမ်ဳိးေတာ့ မလုပ္ဘူး၊ အိုးစည္ေတြတီးၿပီး ႏွစ္သစ္ကူးႀကိဳတာေတြေတာ့ လုပ္မွာပါ။ နားေကာင္းမူဖက္ေတာ့ လုပ္မယ္လို႔ ၾကားပါတယ္။"ဟု မိုင္းတံုၿမိဳ႕မွ ရပ္မိရပ္ဖတစ္ဦးျဖစ္သူ ဦးစိုင္းေအာင္ၾကည္က ေျပာသည္။

မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္ ႏွင့္ မိုင္းတံုၿမိဳ႕နယ္တို႔တြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား က်င္းပျပဳလုပ္ျခင္းမရွိဘဲ နားေကာင္းမူတြင္သာ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ က်ဳိင္းတံုၿမိဳ႕မွာေတာ့ နက္ျဖန္က(၂၈.၁၁.၂၀၁၆)စၿပီး (၃)ရက္တိတိ ၿမိဳ႕မအားကစားကြင္းမွာပဲ က်င္းပသြားမွာပါ၊"က်ဳိင္းတံုၿမိဳ႕ခံ ကိုစိုင္းစံတစ္က ေျပာသည္။

ရွမ္းႏွစ္ကူးပြဲေတာ္ ႏွင့္ ေကာက္သစ္စားပြဲေတာ္အား ပံုမွန္အားျဖင့္ (၄)ရက္ သို႔မဟုတ္ (၅)ရက္အၾကာ က်င္းပျပဳလုပ္ေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ ရွမ္းျပည္နယ္အတြင္း ျဖစ္ေပၚေနေသာ ေဒသအေျခအေနမ်ားေၾကာင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ၿမိဳ႕မ်ားတြင္ ေပ်ာ္ပြဲရႊင္ပြဲမ်ားကို က်င္းပျပဳလုပ္ျခင္း မရွိေတာ့ဘဲ၊ ႏွစ္သစ္ကူးႀကိဳဆိုျခင္း ႏွင့္ ႏွစ္သစ္ကူးအထိမ္းအမွတ္ လွဴဒါန္းမႈမ်ားသာ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဒေသအခြေအနေများကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်းရှိ အချို့မြို့များတွင်သာ နှစ်သစ်နှစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲကို ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်က အရင်နှစ်တွေလို ပျော်ပွဲရွှင်ပွဲ မလုပ်ဖြစ်တော့ဘူး၊ နှစ်တိုင်းပြုလုပ်နေတဲ့ ရာဇဌာန်ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်မယ်၊ သီလယူမယ်၊ ပရိတ်တရားတော်နာယူကြပြီးတော့၊ ကျွေးမွေးဧည့်ခံတာ အဲ့ဒါပဲ လုပ်တော့မှာပါ"ဟု တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းလုံမားက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့အနဖြေင့် ယခုနှစ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်ခြင်း မရှိတော့ဘဲ၊ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရာဇဌာန်ကျောင်းတိုက်တွင် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်ပိုင်းအချိန်ထိ ဆွမ်းဆက်ကပ်တရားနာခြင်း နှင့် ဧည့်ခံခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

"မိုင်းတုံမှာတော့ ခမ်းခမ်းနားနားနဲ့ ပျော်ပွဲရွှင်ပွဲမျိုးတော့ မလုပ်ဘူး၊ အိုးစည်တွေတီးပြီး နှစ်သစ်ကူးကြိုတာတွေတော့ လုပ်မှာပါ။ နားကောင်းမူဖက်တော့ လုပ်မယ်လို့ ကြားပါတယ်။"ဟု မိုင်းတုံမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိုင်းအောင်ကြည်က ပြောသည်။

မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် နှင့် မိုင်းတုံမြို့နယ်တို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်အား ကျင်းပပြုလုပ်ခြင်းမရှိဘဲ နားကောင်းမူတွင်သာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျိုင်းတုံမြို့မှာတော့ နက်ဖြန်က(၂၈.၁၁.၂၀၁၆)စပြီး (၃)ရက်တိတိ မြို့မအားကစားကွင်းမှာပဲ ကျင်းပသွားမှာပါ၊"ကျိုင်းတုံမြို့ခံ ကိုစိုင်းစံတစ်က ပြောသည်။

ရှမ်းနှစ်ကူးပွဲတော် နှင့် ကောက်သစ်စားပွဲတော်အား ပုံမှန်အားဖြင့် (၄)ရက် သို့မဟုတ် (၅)ရက်အကြာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဒေသအခြေအနေများကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့များတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ခြင်း မရှိတော့ဘဲ၊ နှစ်သစ်ကူးကြိုဆိုခြင်း နှင့် နှစ်သစ်ကူးအထိမ်းအမှတ် လှူဒါန်းမှုများသာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း - #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~