ႏွစ္ေပါင္း(၄၃)ႏွစ္က ထုိင္းဘုရင္မင္းျမတ္ကို ဦးခိုက္ကန္ေတာ့ခဲ့သူ ကေလးငယ္ ယခုေတာ့ ညႊန္ၾကားေရးမွဴးျဖစ္ေန

ႏွစ္ေပါင္း(၄၃)ႏွစ္က ထုိင္းဘုရင္မင္းျမတ္ကို ဦးခိုက္ကန္ေတာ့ခဲ့သူ ကေလးငယ္ ယခုေတာ့ ညႊန္ၾကားေရးမွဴးျဖစ္ေန
အောက်တိုဘာ 21, 2016
By Tachileik News Agency

ထုိင္းဘုရင္မင္းျမတ္ နတ္ျပည္စံၿပီးေနာက္ ၀မ္းနည္းျခင္း အထိမ္းအမွတ္ အနက္ေရာင္ အက်ီၤမ်ားေပၚမွာ ရိုက္ႏွိပ္လာၾကတဲ့ ပံုျဖစ္သလို၊ ထိုင္းလူမႈကြန္ရက္မ်ားနဲ႔ သတင္းမီဒီယာေတြမွာ ေဖာ္ျပလာၾကတဲ့ ပံုကေတာ့ ကေလးငယ္ေလး တစ္ေယာက္ ေဆာင့္ေၾကာင့္ထိုင္ၿပီး ဘုရင္မင္းျမတ္ရဲ႕ ေျခေတာ္ကို ဦးခိုက္ ကန္ေတာ့ေနတဲ့ ပံုပဲ ျဖစ္ပါတယ္။

"ငယ္ငယ္တုန္းက ဘာမွ မသိပါဘူး၊ ကြ်န္ေတာ့္ကို အေမက အခြင့္အေရးရွိတုန္း သြားကန္ေတာ့ဆိုတာနဲ႔ သြားကန္ေတာ့လိုက္တာ အခု ျပန္စဥ္းစားေတာ့ ရင္ထဲမွာ ပီတိျဖစ္ေနမိတယ္၊ ကြ်န္ေတာ့္တစ္သက္မွာ ဘယ္ေတာ့မွ ေမ့လို႔မရေတာ့မဲ့ အရာပါ၊ ကြ်န္ေတာ့္အေမလည္း အဲ့ဒီတုန္းက  ပံုေလးကို မွန္ေဘာင္နဲ႔ေသခ်ာထည့္ၿပီး အိမ္မွာ ခ်ိတ္ဆြဲထားပါတယ္"လို႔ ဘုရင္ႀကီးအား ကန္ေတာ့ေနသူ ယခုဆိုလွ်င္ အသက္(၄၇)ႏွစ္ရွိၿပီျဖစ္တဲ့ Mr.Payungsak Kanmick က ဆိုပါတယ္။

ဒီပံုထဲက ျမင္ကြင္းဟာ ၁၉၇၃ခုႏွစ္က ထိုင္းႏိုင္ငံ ေတာင္ပိုင္း၊ ပတၱနီျပည္နယ္ကို ဘုရင္ႀကီးေရာက္ရွိလာစဥ္ကျဖစ္ၿပီး ဒီပံုကို ထိုင္းရတ္သတင္းဌာနက သတင္းေထာက္တစ္ဦးက ရိုက္ကူးထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအခ်ိန္က ဘုရင္ႀကီးကို ကန္ေတာ့ေနတဲ့ ကေလးဟာ အသက္(၄)ႏွစ္သာရွိေသးၿပီး အခုဆိုရင္ေတာ့ အသက္(၄၇)ႏွစ္ရွိၿပီျဖစ္ကာ ထိုင္းႏိုင္ငံမွာပဲ ေဒသ ၄ အခြင့္အေရးႏွင့္လြတ္လပ္ခြင့္ကူညီေစာင့္ေရွာက္ေရး ၫႊန္ၾကားေရးမွဴး အျဖစ္ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ေနသူ ျဖစ္တယ္လို႔ သိရပါတယ္။

ဘာသာျပန္ - #နန္းေမာက္ကြမ္
Ref; komchadluek

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဘုရင်မင်းမြတ် နတ်ပြည်စံပြီးနောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် အင်္ကျီများပေါ်မှာ ရိုက်နှိပ်လာကြတဲ့ ပုံဖြစ်သလို၊ ထိုင်းလူမှုကွန်ရက်များနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြလာကြတဲ့ ပုံကတော့ ကလေးငယ်လေး တစ်ယောက် ဆောင့်ကြောင့်ထိုင်ပြီး ဘုရင်မင်းမြတ်ရဲ့ ခြေတော်ကို ဦးခိုက် ကန်တော့နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

"ငယ်ငယ်တုန်းက ဘာမှ မသိပါဘူး၊ ကျွန်တော့်ကို အမေက အခွင့်အရေးရှိတုန်း သွားကန်တော့ဆိုတာနဲ့ သွားကန်တော့လိုက်တာ အခု ပြန်စဉ်းစားတော့ ရင်ထဲမှာ ပီတိဖြစ်နေမိတယ်၊ ကျွန်တော့်တစ်သက်မှာ ဘယ်တော့မှ မေ့လို့မရတော့မဲ့ အရာပါ၊ ကျွန်တော့်အမေလည်း အဲ့ဒီတုန်းက ပုံလေးကို မှန်ဘောင်နဲ့သေချာထည့်ပြီး အိမ်မှာ ချိတ်ဆွဲထားပါတယ်"လို့ ဘုရင်ကြီးအား ကန်တော့နေသူ ယခုဆိုလျှင် အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ Mr.Payungsak Kanmick က ဆိုပါတယ်။

ဒီပုံထဲက မြင်ကွင်းဟာ ၁၉၇၃ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ပတ္တနီပြည်နယ်ကို ဘုရင်ကြီးရောက်ရှိလာစဉ်ကဖြစ်ပြီး ဒီပုံကို ထိုင်းရတ်သတင်းဌာနက သတင်းထောက်တစ်ဦးက ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်က ဘုရင်ကြီးကို ကန်တော့နေတဲ့ ကလေးဟာ အသက်(၄)နှစ်သာရှိသေးပြီး အခုဆိုရင်တော့ အသက်(၄၇)နှစ်ရှိပြီဖြစ်ကာ ထိုင်းနိုင်ငံမှာပဲ ဒေသ ၄ အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကူညီစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး အဖြစ် နိုင်ငံတော်တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

ဘာသာပြန် - #နန်းမောက်ကွမ်
Ref; komchadluek

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~