ထိုင္းဘုရင္ဘူမိေဘာအတြက္ သိန္းႏွင့္ခ်ီေသာလူထုက ေတာ္ဝင္ဆုေတာင္းေတးသီက်ဴး

ထိုင္းဘုရင္ဘူမိေဘာအတြက္ သိန္းႏွင့္ခ်ီေသာလူထုက ေတာ္ဝင္ဆုေတာင္းေတးသီက်ဴး
အောက်တိုဘာ 23, 2016
By Tachileik News Agency

နတ္ျပည္စံ ထုိင္းဘုရင္ဘူမိေဘာအတြက္ ေတာ္ဝင္ဆုေတာင္းေတးသီက်ဴးဖို႔ သိန္းနဲ႔ခ်ီတဲ့ ျပည္သူေတြဟာ ေအာက္တိုဘာလ(၂၂)ရက္ေန႔ စေနေန႔က နန္းေတာ္ေရွ႕မွာ စုေဝးခဲ့ၾကတာေၾကာင့္ ထုိင္းနို္င္ငံအတြင္း အႀကီးမားဆံုး လူထုစုေဝးမႈျဖစ္ခဲ့ပါတယ္။

Siam Philharmonic ကုမၸဏီက ဦးေဆာင္ စီစဥ္ခဲ့တာျဖစ္ၿပီး တာဝန္ရိွသူေတြကလည္း စေနေန႔ မနက္ပိုင္း ကတည္းက လူထုအတြက္ သယ္ယူပို႔ေဆာင္ေရးနဲ႔ လမ္းတခ်ိဳ႕ပိတ္ေပးတာမ်ိဳးကို လုပ္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ (၁၃)ရက္က နတ္ျပည္စံသြားၿပီး တိုင္းျပည္ကို ႏွစ္ေပါင္း (၇၀)အုပ္ခ်ဳပ္ခဲ့တဲ့ ဘုရင္ဘူမိေဘာ အတြက္ ဝမ္းနည္းပူေဆြးမႈကိုျပဖို႔ ေဒသအသီးသီးက ျပည္သူေတြက လာေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ပန္ခ်နဘူရီက အသက္ (၅၃)ႏွစ္အရြယ္ Saowapha Petchkong က သူတို႔သား အမိႏွစ္ေယာက္ ဒီအခမ္းအနားမွာ ပါဝင္ဖို႔ု႔ မနက္ (၅)နာရီကတည္းက ေရာက္ေနတာလို႔ ဆိုပါတယ္။

“ဘုရင္နတ္ျပည္စံၿပီဆိုတဲ့ သတင္းကို ေဆြမ်ိဳးတစ္ေယာက္က ျပတယ္။ ကြ်န္မ အလန္႔တၾကား ျဖစ္သြားခဲ့တာ။ ၿပီးေတာ့ ငိုတာပဲ။ ဝမ္းနည္းလြန္းလို႔ ငိုပဲငိုေနမိတယ္။ သတင္းစာထဲက သတင္းျမင္ေတာ့လည္း ငိုမိတာပဲ။ ဒါေၾကာင့္ ဒီအခမ္းအနားကို လာျဖစ္ေအာင္လာခဲ့တာ”လို႔ သူက ဆိုပါတယ္။

အသက္ ၃၈ ႏွစ္အရြယ္ Apinya Uthorn က ဆုေတာင္းေတးသီက်ဴးေနခ်ိန္မွာေတာ့ သူ႔အမ်ိဳးသားနဲ႔ သမီးက ဘုရင္ႀကီးရဲ႕ ဓာတ္ပံုကို ကိုင္ေဆာင္ထားၾကပါတယ္။ သူတို႔မိသားစု သံုးေယာက္ကလည္း ဒီေနရာကို မနက္ (၈)နာရီကတည္းက ေရာက္ေနတာလို႔ ဆိုပါတယ္။

“ဘဝမွာ တစ္ခါပဲႀကံဳရမယ့္ပြဲမို႔ ေရာက္ေအာင္လာတာ”လို႔ သူက ဆိုပါတယ္။

ဒီမွာလာတဲ့ လူတုိင္းကေတာ့ သီခ်င္းဆိုၾကတာ မဟုတ္ပါဘူး။ အစားအေသာက္၊ ေရ ဒါနျပဳသူေတြ၊ အမိႈက္သိမ္းသူေတြနဲ႔ လုပ္အားဒါနျပဳသူေတြလည္း အမ်ားႀကီးရိွေနတာပါ။

“ဒီကို လူေတြအမ်ားႀကီးလာမယ့္ သတင္းကို ေတြ႔တယ္။ အဲဒီမွာ သူတို႔ကို ကူညီေပးဖို႔ လိုမွာပဲလို႔ ေတြးမိလုိ႕ လာတာ”လို႔ ဘန္ေကာက္က အသက္ ၂၉ ႏွစ္အရြယ္ ဒီဇိုင္နာ Watcharin Yimfueng ကဆိုပါတယ္။

ဒီပြဲကို ရုပ္ရွင္ရိုက္ကူးသူ Chatrichalerm Yukol နဲ႔ ဂီတပညာရွင္ Somtow Sucharitkul တို႔ ပူးေပါင္းစီစဥ္တာ ျဖစ္ပါတယ္။ အသံဖမ္းမွတ္တမ္းတင္ျခင္းကို ေန႔လယ္ (၁)နာရီကေန ညေန(၅)နာရီနဲ႔ ည (၁၀)နာရီတို႔မွာ ျပဳလုပ္ခဲ့တာပါ။

ေသာၾကာေန႔ကေတာ့ လူေပါင္း ႏွစ္သိန္းေလာက္ရိွမယ္လို႔ ခန္႔မွန္းထားေပမဲ့ စေနေန႔မွာ ပိုမ်ားႏုိင္ျပီး အတိအက်မသိႏုိင္ဘူးလို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; khaosodenglish.com


~~~~~~~~⊰❂ unicode ~~~~~~~~
နတ်ပြည်စံ ထိုင်းဘုရင်ဘူမိဘောအတွက် တော်ဝင်ဆုတောင်းတေးသီကျူးဖို့ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အောက်တိုဘာလ(၂၂)ရက်နေ့ စနေနေ့က နန်းတော်ရှေ့မှာ စုဝေးခဲ့ကြတာကြောင့် ထိုင်းနို်င်ငံအတွင်း အကြီးမားဆုံး လူထုစုဝေးမှုဖြစ်ခဲ့ပါတယ်။

Siam Philharmonic ကုမ္ပဏီက ဦးဆောင် စီစဉ်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေကလည်း စနေနေ့ မနက်ပိုင်း ကတည်းက လူထုအတွက် သယ်ယူပို့ဆောင်ရေးနဲ့ လမ်းတချို့ပိတ်ပေးတာမျိုးကို လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၃)ရက်က နတ်ပြည်စံသွားပြီး တိုင်းပြည်ကို နှစ်ပေါင်း (၇၀)အုပ်ချုပ်ခဲ့တဲ့ ဘုရင်ဘူမိဘော အတွက် ဝမ်းနည်းပူဆွေးမှုကိုပြဖို့ ဒေသအသီးသီးက ပြည်သူတွေက လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပန်ချနဘူရီက အသက် (၅၃)နှစ်အရွယ် Saowapha Petchkong က သူတို့သား အမိနှစ်ယောက် ဒီအခမ်းအနားမှာ ပါဝင်ဖို့ မနက် (၅)နာရီကတည်းက ရောက်နေတာလို့ ဆိုပါတယ်။

“ဘုရင်နတ်ပြည်စံပြီဆိုတဲ့ သတင်းကို ဆွေမျိုးတစ်ယောက်က ပြတယ်။ ကျွန်မ အလန့်တကြား ဖြစ်သွားခဲ့တာ။ ပြီးတော့ ငိုတာပဲ။ ဝမ်းနည်းလွန်းလို့ ငိုပဲငိုနေမိတယ်။ သတင်းစာထဲက သတင်းမြင်တော့လည်း ငိုမိတာပဲ။ ဒါကြောင့် ဒီအခမ်းအနားကို လာဖြစ်အောင်လာခဲ့တာ”လို့ သူက ဆိုပါတယ်။

အသက် ၃၈ နှစ်အရွယ် Apinya Uthorn က ဆုတောင်းတေးသီကျူးနေချိန်မှာတော့ သူ့အမျိုးသားနဲ့ သမီးက ဘုရင်ကြီးရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ထားကြပါတယ်။ သူတို့မိသားစု သုံးယောက်ကလည်း ဒီနေရာကို မနက် (၈)နာရီကတည်းက ရောက်နေတာလို့ ဆိုပါတယ်။

“ဘဝမှာ တစ်ခါပဲကြုံရမယ့်ပွဲမို့ ရောက်အောင်လာတာ”လို့ သူက ဆိုပါတယ်။

ဒီမှာလာတဲ့ လူတိုင်းကတော့ သီချင်းဆိုကြတာ မဟုတ်ပါဘူး။ အစားအသောက်၊ ရေ ဒါနပြုသူတွေ၊ အမှိုက်သိမ်းသူတွေနဲ့ လုပ်အားဒါနပြုသူတွေလည်း အများကြီးရှိနေတာပါ။

“ဒီကို လူတွေအများကြီးလာမယ့် သတင်းကို တွေ့တယ်။ အဲဒီမှာ သူတို့ကို ကူညီပေးဖို့ လိုမှာပဲလို့ တွေးမိလို့ လာတာ”လို့ ဘန်ကောက်က အသက် ၂၉ နှစ်အရွယ် ဒီဇိုင်နာ Watcharin Yimfueng ကဆိုပါတယ်။

ဒီပွဲကို ရုပ်ရှင်ရိုက်ကူးသူ Chatrichalerm Yukol နဲ့ ဂီတပညာရှင် Somtow Sucharitkul တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ အသံဖမ်းမှတ်တမ်းတင်ခြင်းကို နေ့လယ် (၁)နာရီကနေ ညနေ(၅)နာရီနဲ့ ည (၁၀)နာရီတို့မှာ ပြုလုပ်ခဲ့တာပါ။

သောကြာနေ့ကတော့ လူပေါင်း နှစ်သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ စနေနေ့မှာ ပိုများနိုင်ပြီး အတိအကျမသိနိုင်ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; khaosodenglish.com

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~