SNLD တည်ထောင်ခြင်း (၂၈)နှစ်ပြည့် အထိမ်းအမှတ်နှင့် စဝ်သုစန္ဒီ လူငယ်စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကျင်းပ

SNLD တည်ထောင်ခြင်း (၂၈)နှစ်ပြည့် အထိမ်းအမှတ်နှင့် စဝ်သုစန္ဒီ လူငယ်စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကျင်းပ
အောက်တိုဘာ 27, 2016
By Tachileik News Agency



SNLD ပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတွင်လည်း နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဆိုပါ ညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်သင့်သည်ဟု ယူဆကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။


သတင်း/ဓာတ်ပုံ - နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တည်ထောင်ခြင်း (၂၈)နှစ်ပြည့် အထိမ်းအမှတ်နှင့် စဝ်သုစန္ဒီ လူငယ်စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို တောင်ကြီးမြို့တွင် အောက်တိုဘာလ (၂၆) ရက်က ကျင်းပကြောင်း သိရသည်။

၁၉၉၈ ခုနှစ်တွင် နိုင်ငံရေးပါတီမှတ်ပုံတင်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရပါတီဖြစ်ခဲ့သည့် SNLD ပါတီ၏ (၂၈)နှစ်ပြည့် အခမ်းအနား ထုတ်ပြန်ချက်တစ်စောင်ကို အောက်တိုဘာလ (၂၆) ရက်တွင် ထုတ်ပြန်လိုက်ပြီး ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် လိုအပ်ချက်အရ မဟုတ်သည့် စစ်ပွဲများကို ရပ်တန့်ကြပါရန် အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

SNLD ပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတွင်လည်း နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ပါဝင် ဆောင်ရွက်နခြေင်း ဖြစ်ပြီး အဆိုပါ ညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်သင့်သည်ဟု ယူဆကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကြီးမြို့တွင် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ပါတီဝင်များ၊ လူငယ်အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း (၁၂၀)ကျော် တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~