ၿမိတ္ၿမိဳ႕သို႔ ခိုး၀င္လာသည္ ဘဂၤါလီ အမ်ိဳးသား (၃) ဦးအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၂) စီခ်မွတ္

ၿမိတ္ၿမိဳ႕သို႔ ခိုး၀င္လာသည္ ဘဂၤါလီ အမ်ိဳးသား (၃) ဦးအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၂) စီခ်မွတ္
အောက်တိုဘာ 21, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕တြင္ နယ္ေျမအလိုက္ ရဲကင္းမွဴးမ်ား လွည့္ကင္းေဆာင္ရြက္စဥ္ ဖမ္းဆီးရမိၿပီး ၿမိတ္ၿမိဳ႕နယ္တရားရံုးသို႔ တရားစြဲဆို တင္ျပထားရာမွ ျပစ္မွဳထင္ရွားသျဖင့္ ဘဂၤါလီ အမ်ိဳးသား (၃) ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၂) ႏွစ္စီ က်ခံေစရန္ ေအာက္တိုဘာလ (၂၀)ရက္ေန႔က အမိန္႔ခ်မွတ္လိုက္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ (၁၅) ရက္ေန႔ မြန္းလြဲ (၂) နာရီခြဲခန္႔က ၿမိတ္ၿမိဳ႕နယ္၊ ကလြင္ေက်းရြာအုပ္စု၊ ရွမ္းေခ်ာင္းရပ္ကြက္၊ စန္းပြင့္လမ္းတြင္ ႏူရူလာမိန္ႏွင့္  ဟာေဇာ္ေရွာ္ရွိတ္တို႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး၊ ေအာက္တိုဘာလ(၁၆)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္က တံုးေဗ်ာေက်းရြာအုပ္စု၊ ရြာေဟာင္း ဆီအုန္းျခံတြင္ လာ႐ွီ(ခ)ေဇာ္ဝင္းတို႔ကို ဖမ္းဆီးရမိတာျဖစ္ေၾကာင္း သိရသည္။

အမိန္႔ခ်မွတ္လိုက္သည့္ အမ်ဳိးသား(၃)ဦးအနက္ (၂)ဦးမွာ ရခိုင္ျပည္နယ္ ေျမာက္ဦး ၿမိဳ႕နယ္မွ တစ္ဆင့္ ၿမိတ္ၿမိဳ႕သို႔ ကားျဖင့္ ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း   သိရသည္။

သတင္း - ေဇာ္ေဇာ္(ၿမိတ္)
ဓါတ္ပံု - ၿမိတ္ခ႐ိုင္သတင္းႏွင့္မွဳခင္းမီဒီယာ

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် နယ်မြေအလိုက် ရဲကင်းမှူးများ လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိပြီး မြိတ်မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပြထားရာမှ ပြစ်မှုထင်ရှားသဖြင့် ဘင်္ဂါလီ အမျိုးသား (၃) ဦးကို အလုပ်နှင့် ထောင်ဒဏ် (၂) နှစ်စီ ကျခံစေရန် အောက်တိုဘာလ (၂၀)ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲခန့်က မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်၊ စန်းပွင့်လမ်းတွင် နူရူလာမိန်နှင့် ဟာဇော်ရှော်ရှိတ်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလ(၁၆)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က တုံးဗျောကျေးရွာအုပ်စု၊ ရွာဟောင်း ဆီအုန်းခြံတွင် လာရှီ(ခ)ဇော်ဝင်းတို့ကို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

အမိန့်ချမှတ်လိုက်သည့် အမျိုးသား(၃)ဦးအနက် (၂)ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်မှ တစ်ဆင့် မြိတ်မြို့သို့ ကားဖြင့် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်ဇော်(မြိတ်)
ဓာတ်ပုံ - မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~