သုသာန်​အုတ်​ဂူ​ဖောက်​ထွင်းပြီး အ​လောင်းအား အများပြည်​သူသွားလမ်း​ပေါ် စွန့်​ပစ်​ထား
သုသာန်​အုတ်​ဂူ​ဖောက်​ထွင်းပြီး အ​လောင်းအား အများပြည်​သူသွားလမ်း​ပေါ် စွန့်​ပစ်​ထား
အောက်တိုဘာ 27, 2016
By Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်​းတုံမြို့နယ်​ ဖာချယ်​​ကျေးရွာအုပ်​စု ဖာချယ်​သုသာန်​တွင်​ အုတ်​ဂူတစ်​လုံးအား​ ဖောက်​ထွင်​း၍ အ​လောင်​းကို အများပြည်​သူသွားလာ​နေသည်​့လမ်​း​ပေါ်သို့ စွန်​့ပစ်​ထားသဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်တွင် ပြန်လည်ဂူသွင်းလိုက်ရကြောင်း သိရသည်။​
"အ​လောင်​း​တွေ့တယ်​ဆိုပြီး ​ဈေးလာသူ​တွေက ​ပြောလို့သွားကြည့်တယ်။ အသား​​တွေက​ ခြောက်​​သွေ့နပြေီ။ ဂူတစ်​လုံး​တော့ ဖောက်​ထားတာ​တွေ့ရတယ်​။ မူးယစ်​​ဆေးသုံးထားသူတစ်​ဦးဦး ဒါမှ မဟုတ် စိတ်​မနှံ့သူတစ်​ဦး လက်​ချက်​ဖြစ်​နိုင်​တယ်။ ကျေးရွာအုပ်​ချုပ်​​ရေးမှူးကို​ ခေါ်ထားတယ်​"ဟု နယ်​ထိန်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
​ဖောက်​ထွင်​းထားသည့် အုတ်​ဂူမှာ ရှမ်​းစာဖြင်​့ မယ်​့​ထောက်​တစ်​(ပ်​)အသက်​ (၁၀၃)နှစ်​ (၂၃/၄/၂၀၁၆)ကွယ်​လွန်​ဟု​ ရေးထိုးထားပြီး အ​လောင်​းအား သုသာန်​မှ​ ပေ(၁၅၀)ခန်​့အကွာ လမ်​း​ပေါ်တွင်​​ တွေ့ရခြင်းဖြစ်သည်​။
"ဖာချယ်​​ကျေးရွာက မှန်​ပါတယ်​။ သားသမီး​တွေကို အ​ကြောင်​းကြားထားပါပြီ။ စစ်​​ဆေးပြီးတာနဲ့အ​လောင်​း ကို ဂူပြန်​သွင်​းဖို့ စီစဉ်​​နေပါတယ်​"ဟု​ ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးစု်​ိင်​း​အောင်​​ဖေက​ Tachileik News Agency သို့ပြောသည်​။
အ​လောင်​းအား ယ​နေ့နံနက်​ (၉)အချိန်​ခန်​့တွင် ​ပြန်​လည်​ဂူသွင်​းခဲ့ပြီး ယင်​းဖြစ်​စဉ်​နှင်​့ ပတ်​သက်​၍ စုံစမ်​းစစ်​​ဆေးမှုများအား မြို့မရဲစခန်​းမှ ဆက်​လက်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်​းသိရှိရသည်​။
သတင်း/ဓာတ်ပုံ - အောင်ဇေယျ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~