တာချီလိတ်မြို့မသုသာန်အနီး ကျူးကျော်သူ မူးယစ်ဆေးဝါးသုံးစွဲသူများအား ရှင်းလင်းသော်လည်း ပုံမှန်အတိုင်း ပြန်လည် ဝင်ရောက်နေ
တာချီလိတ်မြို့မသုသာန်အနီး ကျူးကျော်သူ မူးယစ်ဆေးဝါးသုံးစွဲသူများအား ရှင်းလင်းသော်လည်း ပုံမှန်အတိုင်း ပြန်လည် ဝင်ရောက်နေ
အောကျတိုဘာ 21, 2016
By Tachileik News Agency
မြို့မသုသာန်အနီး တစ်ဝိုက်တွင် ကျူးကျော်နေထိုင်သူများရှိနေရာ အဆိုပါနေရာဝန်းကျင်တွင် မူးယစ်ဆေးဝါး အသုံးပြုသူများ လာရောက်ခိုအောင်းသည်ဟု သတင်းရရှိသဖြင့် သက်ဆိုင်ရာ  ပူးပေါင်းအဖွဲ့မှ ရှင်းလင်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မသုသာန်အနီးတစ်ဝိုက်တွင် ကျူးကျော်နေထိုင်သူများအား နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်နေထိုင် လျှက်ရှိကြောင်း သိရသည်။
"ဌာနဆိုင်ရာနဲ့ရပ်ကွက်နပြေည်သူတွေ ပူးပေါင်းပြီးတော့ ရှင်းလင်းရေးတွေ လုပ်တဲ့အခါမှာ တဲတွေကိုပဲ ဖျက်ပြီးတော့ လူတွေကျတော့ ဒီအတိုင်းပဲ ကျန်ခဲ့တယ်။ ဒါကြောင့် သူတို့က ရှင်းလင်းရေး လာလုပ်တဲ့လူတွေ ပြန်သွားတာနဲ့တဲတွပြေန်ဆောက်ပြီးနကြေတာပါပဲ။"ဟု မြို့မသုသာန်အနီးရှိ သီရိဟံသာကျောင်းတိုက်မှ ဆရာတော် ဦးစက္ကပါလက မိန့်ကြားသည်။
မြို့မသုသာန်အနီး တစ်ဝိုက်တွင် ကျူးကျော်နေထိုင်သူများရှိနေရာ အဆိုပါနေရာဝန်းကျင်တွင် မူးယစ်ဆေးဝါး အသုံးပြုသူများ လာရောက်ခိုအောင်းသည်ဟု သတင်းရရှိသဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရှင်းလင်းခြင်းများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
တဲများကို ဖျက်ဆီးလိုက်ပြီးနောက် ကျူးကျော်နေထိုင်သူအချို့မှာ ဘုန်းကြီးကျောင်း၏ အုတ်တံတိုင်း အနီးတွင် ထီးဖြင့်သော်လည်းကောင်း၊ ခြင်ထောင်များဖြင့်သော်လည်းကောင်း၊ မိုးကာစုတ်များဖြင့်သော် လည်းကောင်း စု၍ နေထိုင်ကြကြောင်း ဆရာတော်က မိန့်ကြားသည်။
"ဦးဇင်းတို့ အနီးနားပတ်ဝန်းကျင်မှာ ခိုနကြေတာက အယောက်(၃၀၀)လောက်ရှိတယ်။ အရင်တုန်းကတော့ အဲဒီလောက် မရှိဘူး။ အဲဒီလိုတွေရှိနကြေတော့ ဒီနားပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူတွေက စိုးရိမ်ကြတာရှိသလို ဒီနားပတ်ဝန်းကျင်ကိုလည်း ဘယ်သူမှ သိပ်မလာရဲကြတော့ဘူး။ ဒါကြောင့် တဲတွေကိုပဲ ဖျက်ဆီးနေမယ်ဆိုရင်တော့ ဒီလိုပဲ သံသရာလည်နေမှာပဲ၊ ဒီတော့ လူတွေကိုလည်း
အရေးယူ ဆောင်ရွက်စေချင်တယ်"ဟု ဆရာတော်က မိန့်သည်။
မြို့မသုသာန်အနီးတစ်ဝိုက်တွင် အိမ်ခြေမဲ့များ၏ တဲအလုံးပေါင်း (၅၀)ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~