ေတာင္သူမ်ား အခက္အခဲ ေျဖရွင္းရန္ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ စပါးစမ္းသပ္ကြက္မ်ား၌ စိုက္နည္းစနစ္ (၅)မ်ိဳး စမ္းသပ္ေန

ေတာင္သူမ်ား အခက္အခဲ ေျဖရွင္းရန္ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ စပါးစမ္းသပ္ကြက္မ်ား၌ စိုက္နည္းစနစ္ (၅)မ်ိဳး စမ္းသပ္ေန
အောက်တိုဘာ 27, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၌ ေတာင္သူအခ်ိဳ႕၏ လယ္ကြင္းမ်ားတြင္ စိုက္ပ်ိဳးနည္းစနစ္ (၅)မ်ိဳးျဖင့္ စပါးစမ္းသပ္ကြက္မ်ားျဖင့္ သုေတသနျပဳ စမ္းသပ္ေဆာင္႐ြက္လ်က္႐ွိေၾကာင္း သိရသည္။

“သိပၸံနည္းက် ေဘာင္စနစ္ျဖင့္ ပ်ဳိးေထာင္ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးျခင္း၊ တိုက္႐ိုက္ႀကဲပက္စိုက္ပ်ိဳးျခင္း ၊ မ်ိဳးေစ့ခ် ကိရိယာျဖင့္ တိုက္႐ိုက္အေစ့ခ် စိုက္ပ်ိဳးျခင္း၊ ပ်ိဳးသက္ႏုႏုစိုက္ပ်ိဳးျခင္း၊ ေတာင္သူသမ႐ိုးက် ပ်ိဳးေထာင္ စိုက္ပ်ိဳးျခင္း ဆိုတဲ့ စိုက္နည္းစနစ္(၅) မ်ိဳး အသံုးျပဳၿပီး စမ္းသပ္စိုက္ကြက္ေတြမွာ သုေတသနျပဳေနပါတယ္။ စတင္စိုက္ပ်ိဳးတဲ့ အခ်ိန္ကေန ရိတ္သိမ္းတဲ့ အခ်ိန္အထိ စိုက္ပ်ိဳးစရိတ္နဲ႔ အက်ိဳးအျမတ္ကြာျခားခ်က္ကို ေတာင္သူမ်ားလက္ေတြ႔သိျမင္ၿပီး အသံုးတည္႔၊ အက်ိဳး႐ွိမယ့္ နည္းစနစ္ေတြနဲ႔ စိုက္ပ်ိဳးခြင္႔ရ႐ွိေစဖို႔ပါ” ဟု ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးမွဴး ဦးေဇာ္လင္းက ေျပာသည္။

စိုက္ပ်ိဳးေရ၊ လယ္ယာလုပ္သား အခက္အခဲ၊ ရာသီဥတုသဘာ၀အရ သီးႏွံစိုက္စနစ္ပံုစံမ်ား ေျပာင္းလဲရန္ လိုအပ္ျခင္းမ်ားအတြက္ သင့္ေလ်ာ္သည့္ စိုက္ပ်ိဳးနည္းစနစ္ရရိွရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ စမ္းသပ္စိုက္ကြက္မ်ားမွ စတင္စိုက္ပ်ိဳးခ်ိ္န္မွစ၍ ရိတ္သိမ္းခ်ိန္အထိ ကုန္က်စရိတ္၊ စပါးပင္ျဖစ္ထြန္းမႈ အေျခအေနမ်ားကို စိုက္ပ်ိဳးေရးဦးစီးဌာန သုေတသန မွတ္တမ္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူအချို့၏ လယ်ကွင်းများတွင် စိုက်ပျိုးနည်းစနစ် (၅)မျိုးဖြင့် စပါးစမ်းသပ်ကွက်များဖြင့် သုတေသနပြု စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“သိပ္ပံနည်းကျ ဘောင်စနစ်ဖြင့် ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ တိုက်ရိုက်ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးသက်နုနုစိုက်ပျိုးခြင်း၊ တောင်သူသမရိုးကျ ပျိုးထောင် စိုက်ပျိုးခြင်း ဆိုတဲ့ စိုက်နည်းစနစ်(၅) မျိုး အသုံးပြုပြီး စမ်းသပ်စိုက်ကွက်တွေမှာ သုတေသနပြုနေပါတယ်။ စတင်စိုက်ပျိုးတဲ့ အချိန်ကနေ ရိတ်သိမ်းတဲ့ အချိန်အထိ စိုက်ပျိုးစရိတ်နဲ့ အကျိုးအမြတ်ကွာခြားချက်ကို တောင်သူများလက်တွေ့သိမြင်ပြီး အသုံးတည့်၊ အကျိုးရှိမယ့် နည်းစနစ်တွေနဲ့ စိုက်ပျိုးခွင့်ရရှိစေဖို့ပါ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

စိုက်ပျိုးရေ၊ လယ်ယာလုပ်သား အခက်အခဲ၊ ရာသီဥတုသဘာဝအရ သီးနှံစိုက်စနစ်ပုံစံများ ပြောင်းလဲရန် လိုအပ်ခြင်းများအတွက် သင့်လျော်သည့် စိုက်ပျိုးနည်းစနစ်ရရှိရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်စိုက်ကွက်များမှ စတင်စိုက်ပျိုးချိ်န်မှစ၍ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်၊ စပါးပင်ဖြစ်ထွန်းမှု အခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန သုတေသန မှတ်တမ်းများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~