လဲခ်ားၿမိဳ႕၏ ၿမိဳ႕နယ္လံုးကြ်တ္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲသို႔ သံဃာေတာ္၊ ကိုရင္ (၇၉၈)ပါး ၾကြေရာက္

လဲခ်ားၿမိဳ႕၏ ၿမိဳ႕နယ္လံုးကြ်တ္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲသို႔ သံဃာေတာ္၊ ကိုရင္ (၇၉၈)ပါး ၾကြေရာက္
အောက်တိုဘာ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ လြိဳင္လင္ခရိုင္၊ လဲခ်ားၿမိဳ႕တြင္ ၿမိဳ႕နယ္လံုးကြ်တ္ ဆြမ္းဆန္ စိမ္းေလာင္းလွဴပြဲအား က်င္းပျပဳလုပ္ရာ သံဃာေတာ္ႏွင့္ကိုရင္ စုစုေပါင္း (၇၉၈)ပါး ၾကြေရာက္ အလွဴခံေတာ္မူေၾကာင္း သိရသည္။

"အရင္က ပြဲမွတ္တမ္းထိန္းသိမ္းေရး အားနည္းခဲ့တာေၾကာင့္ အႀကိမ္ေရေတာ့ အတိအက် သိသူမရွိေတာ့ဘူး၊ အုဠ္ေက်ာင္းဆရာေတာ္ႀကီး လက္ထက္ကတည္းက အခုလို လုပ္လာခဲ့တာေတာ့ ႏွစ္ေပါင္း (၆၀)ႏွစ္ပါးရွိပါၿပီ"ဟု ၾကြေရာက္ေတာ္မူလာသည့္ ဆရာေတာ္ႀကီးတစ္ပါက မိန္႔သည္။

အဆိုပါ ဆြမ္းေလာင္းလွဴပြဲကို ေအာက္တိုဘာလ(၁၉)ရက္ေန႔ နံနက္(၇)နာရီမွ နံနက္(၉)နာရီခြဲ၀န္းက်င္အထိ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး၊ လဲခ်ားၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္း (၁၃)ေက်ာင္းမွ သံဃာေတာ္၊ ကိုရင္ စုစုေပါင္း (၇၉၈)ပါး ၾကြေရာက္အလွဴခံတေတာ္မူရာ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၊ ေစတနာရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ တာ၀န္ရွိသူမ်ားမွ စုေပါင္း၍ ေလာင္းလွဴခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဟံႏိုင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန် စိမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်ရာ သံဃာတော်နှင့်ကိုရင် စုစုပေါင်း (၇၉၈)ပါး ကြွရောက် အလှူခံတော်မူကြောင်း သိရသည်။

"အရင်က ပွဲမှတ်တမ်းထိန်းသိမ်းရေး အားနည်းခဲ့တာကြောင့် အကြိမ်ရေတော့ အတိအကျ သိသူမရှိတော့ဘူး၊ အုဠ်ကျောင်းဆရာတော်ကြီး လက်ထက်ကတည်းက အခုလို လုပ်လာခဲ့တာတော့ နှစ်ပေါင်း (၆၀)နှစ်ပါးရှိပါပြီ"ဟု ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးတစ်ပါက မိန့်သည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲကို အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်(၇)နာရီမှ နံနက်(၉)နာရီခွဲဝန်းကျင်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ လဲချားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၁၃)ကျောင်းမှ သံဃာတော်၊ ကိုရင် စုစုပေါင်း (၇၉၈)ပါး ကြွရောက်အလှူခံတတော်မူရာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများမှ စုပေါင်း၍ လောင်းလှူခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~