ခိုလမ္ၿမိဳ႕ကြက္သစ္ တိုးခ်ဲ႕ေဖၚေဆာင္ရာတြင္ အစားထိုးျပန္ရထားသည့္ ေတာင္ယာေျမမ်ား ပါဝင္သြား၍ ေတာင္သူမ်ား အခက္ေတြ႕

ခိုလမ္ၿမိဳ႕ကြက္သစ္ တိုးခ်ဲ႕ေဖၚေဆာင္ရာတြင္ အစားထိုးျပန္ရထားသည့္ ေတာင္ယာေျမမ်ား ပါဝင္သြား၍ ေတာင္သူမ်ား အခက္ေတြ႕
အောက်တိုဘာ 7, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ ေတာင္ပုိင္း နမ့္စန္ၿမိဳ႕နယ္၊ ခုိလမ္ၿမိဳ႕တြင္ တပ္သိမ္းေျမအတြက္ အစားထိုး ျပန္ေပးသည့္ ေတာင္ယာေျမေနရာမ်ားကုိ ၿမိဳ႕ကြက္သစ္ေဖၚေဆာင္ရန္ ထပ္မံသိမ္းဆည္းလိုက္သျဖင့္ ေဒသခံမ်ား အဆင္မေျပ ျဖစ္ေနေၾကာင္း သိရသည္။

"သိမ္းခံရတဲ့ ေတာင္ယာေျမေတြထဲမွာ တခ်ိဳ႕ေတာင္ယာေျမေတြက လယ္ယာေျမ လုပ္ပုိင္ခြင့္ျပဳ လက္မွတ္ေတြ ႐ွိတယ္။ ၿပီးေတာ့ အရင္ အေ႐ွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ (ခုိလမ္ၿမိဳ႕) တည္ေတာ့ တပ္ေတြ တည္ေဆာက္လုိ႔ သိမ္းခံရတဲ့ေျမေတြကုိ အခုဟုိက္လုိက္ေက်းရြာအုပ္စုထဲက ေတာ႐ုိင္းေျမေတြ ေနရာမွာ အစားထုိးေပးထားခဲ့တဲ့ ေျမေတြပါ။ အခုၿမိဳ႕သစ္တုိးခ်ဲ႕ရပ္ကြက္ လုပ္မယ္ဆုိေတာ့ ထပ္ၿပီး သိမ္းယူခံရတယ္"ဟု ေတာင္သူ ဦးကြယ္ခ်န္းက ေျပာသည္။

အဆိုပါ ေတာင္ယာေျမမ်ားမွာ ၂၀၁၁ ခုႏွစ္ ဇြန္လအတြင္းက အစားထိုးေျမယာမ်ားအျဖစ္ ေတာင္သူမ်ား လုပ္ကိုင္ခြင့္ရရိွထားျခင္းျဖစ္ၿပီး ၿမိဳ႕သစ္တုိးခ်ဲ႕ရပ္ကြက္အတြက္ သိမ္းယူစဥ္က ေလ်ာ္ေၾကးေငြမယူမေနရ ရယူခဲ့ရေၾကာင္း ဟုိက္လုိက္ေက်းရြာအုပ္စုမွ ေျမသိမ္းခံရသည့္ ေတာင္သူမ်ားက ေျပာသည္။

“ကြၽန္ေတာ့္ေျမဆုိရင္ လယ္ယာေျမလုပ္ပုိင္ခြင့္လက္မွတ္ လုပ္ထားခဲ့တာ (၅)ႏွစ္႐ွိၿပီ။ ႏွစ္တုိင္း ေျပာင္းဖူး စုိက္ပ်ိဳးပါတယ္။ ေျမေတြကုိ သိမ္းယူသြားတာ ေလ်ာ္ေၾကးေငြလည္း မရဘူး။ ယူလည္း မယူခ်င္ဘူး။ ျဖစ္ႏုိင္ရင္ ကြၽန္ေတာ့္ေျမပဲ ျပန္ရခ်င္တယ္။ သူတုိ႔က အခုဆုိရင္ သံဆူးႀကိဳးနဲ႔ေတာင္ ျခံခတ္ ယူထားၾကကုန္ၿပီ။ ကြၽန္ေတာ့္ဆီ ေျမေတြသိမ္းယူဖုိ႔ အေၾကာင္းလာၾကားတာလည္း မ႐ွိဘူး” ဟု ဦးကြယ္ခ်န္းက ေျပာသည္။

အဆိုပါ ေတာင္ယာေျမေနရာမ်ားတြင္ ခုိလမ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္ေသာ တိုးခ်ဲ႕ကြက္သစ္ ဖြံ႕ၿဖိဳးေရးႏွင့္ အေထာက္အကူျပဳေကာ္မတီ(ခိုလမ္ၿမိဳ႕)က ၂၀၁၆ ခုႏွစ္ ေမလအတြင္းက ၿမိဳ႕ကြက္သစ္ ေဖၚေဆာင္ေနေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ခိုလမ္အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးမင္းလတ္ထံသုိ႔ သြားေရာက္ေမးျမန္းရာတြင္ ၎မွာ ခုိလမ္ၿမိဳ႕အုပ္ခ်ဳပ္ေရး႐ုံးတြင္ မရိွေၾကာင္းႏွင့္ အလုပ္ထြက္စာတင္ထားေၾကာင္း အုပ္ခ်ဳပ္ေရးရံုးက ျပန္လည္ေျဖၾကားခဲ့ၿပီး ဖုန္းဆက္သြယ္၍လည္း မရပါ။

သတင္း - သန္းစိုးေအာင္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် တပ်သိမ်းမြေအတွက် အစားထိုး ပြန်ပေးသည့် တောင်ယာမြေနေရာများကို မြို့ကွက်သစ်ဖော်ဆောင်ရန် ထပ်မံသိမ်းဆည်းလိုက်သဖြင့် ဒေသခံများ အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။

"သိမ်းခံရတဲ့ တောင်ယာမြေတွေထဲမှာ တချို့တောင်ယာမြေတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်တွေ ရှိတယ်။ ပြီးတော့ အရင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ခိုလမ်မြို့) တည်တော့ တပ်တွေ တည်ဆောက်လို့ သိမ်းခံရတဲ့မြေတွေကို အခုဟိုက်လိုက်ကျေးရွာအုပ်စုထဲက တောရိုင်းမြေတွေ နေရာမှာ အစားထိုးပေးထားခဲ့တဲ့ မြေတွေပါ။ အခုမြို့သစ်တိုးချဲ့ရပ်ကွက် လုပ်မယ်ဆိုတော့ ထပ်ပြီး သိမ်းယူခံရတယ်"ဟု တောင်သူ ဦးကွယ်ချန်းက ပြောသည်။

အဆိုပါ တောင်ယာမြေများမှာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက အစားထိုးမြေယာများအဖြစ် တောင်သူများ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ပြီး မြို့သစ်တိုးချဲ့ရပ်ကွက်အတွက် သိမ်းယူစဉ်က လျော်ကြေးငွေမယူမနေရ ရယူခဲ့ရကြောင်း ဟိုက်လိုက်ကျေးရွာအုပ်စုမှ မြေသိမ်းခံရသည့် တောင်သူများက ပြောသည်။

“ကျွန်တော့်မြေဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် လုပ်ထားခဲ့တာ (၅)နှစ်ရှိပြီ။ နှစ်တိုင်း ပြောင်းဖူး စိုက်ပျိုးပါတယ်။ မြေတွေကို သိမ်းယူသွားတာ လျော်ကြေးငွေလည်း မရဘူး။ ယူလည်း မယူချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်တော့်မြေပဲ ပြန်ရချင်တယ်။ သူတို့က အခုဆိုရင် သံဆူးကြိုးနဲ့တောင် ခြံခတ် ယူထားကြကုန်ပြီ။ ကျွန်တော့်ဆီ မြေတွေသိမ်းယူဖို့ အကြောင်းလာကြားတာလည်း မရှိဘူး” ဟု ဦးကွယ်ချန်းက ပြောသည်။

အဆိုပါ တောင်ယာမြေနေရာများတွင် ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော တိုးချဲ့ကွက်သစ် ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုကော်မတီ(ခိုလမ်မြို့)က ၂၀၁၆ ခုနှစ် မေလအတွင်းက မြို့ကွက်သစ် ဖော်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ခိုလမ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းလတ်ထံသို့ သွားရောက်မေးမြန်းရာတွင်၎င်းမှာ ခိုလမ်မြို့အုပ်ချုပ်ရေးရုံးတွင် မရှိကြောင်းနှင့် အလုပ်ထွက်စာတင်ထားကြောင်း အုပ်ချုပ်ရေးရုံးက ပြန်လည်ဖြကြေားခဲ့ပြီး ဖုန်းဆက်သွယ်၍လည်း မရပါ။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~