ျပင္ဦးလြင္မွ ရထားလံုးေမာင္းသူမ်ား အလုပ္အကိုင္မ်ား ေျပာင္းလဲလုပ္ကိုင္လာ

ျပင္ဦးလြင္မွ ရထားလံုးေမာင္းသူမ်ား အလုပ္အကိုင္မ်ား ေျပာင္းလဲလုပ္ကိုင္လာ
အောက်တိုဘာ 12, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕မွ ခရီးသြားမ်ားအား ဆြဲေဆာင္ရာတစ္ခုျဖစ္သည့္ ရထားလံုးလုပ္ငန္းမွ ဆိုင္ကယ္အငွား၊ သံုးဘီးဆိုင္ကယ္အငွားလိုက္ျခင္းမ်ားကို ေျပာင္းလဲလုပ္ကိုင္လာၾကေၾကာင္း သိရသည္။

“အခုဆိုရင္ ရထားလံုး အငွားလိုက္တဲ့သူေတြက တျဖည္းျဖည္း နည္းလာၿပီး တျခား အလုပ္ေတြ ေျပာင္းကုန္ၾကတယ္။ ဒီလိုျဖစ္ရတာကလည္း အေၾကာင္းရင္းေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ တရုတ္က ၀င္လာတဲ့ ဆိုင္ကယ္ေတြက ေစ်းေပါေတာ့ လူတိုင္းဆိုင္ကယ္ကိုပဲ အားထားၾကတာ။ ေနာက္ၿပီး ျမင္းစာကလည္း ေစ်းႀကီးတယ္။ ျမင္းေစ်းကလည္းႀကီးေတာ့ မေကၽြးႏိုင္ဘူး။ အလုပ္ရႈပ္တယ္ေပါ့။ ဒါေၾကာင့္တျခားအလုပ္ ေတြေျပာင္းကုန္ၾကတာပါ။”ဟု ျပင္ဦးလြင္ၿမိဳ႕မွ ရထားလံုးေမာင္းသူ ဦးေအာင္၀င္းက ဆိုသည္။

လက္ရွိတြင္ ျမင္းတစ္ေကာင္ ၏ေပါက္ေစ်းမွာက်ပ္ (၇) သိန္းမွ (၁၀) သိန္းအထိရွိေနၿပီး ျမင္းစာတစ္ေန႔ ကုန္က်စရိတ္မွာ က်ပ္ (၃,၀၀၀)မွ (၅,၀၀၀)အထိရိွသျဖင့္ တစ္စီးလွ်င္ က်ပ္ (၅)သိန္းမွ (၈)သိန္းအထိသာ ရွိသည့္ တရုတ္ဆိုင္ကယ္မ်ားျဖင့္ အငွားလုိက္သည့္လုပ္ငန္းကို ေျပာင္းလဲလာၾကေၾကာင္း သိရသည္။

“ရထားလံုးေမာင္းတာက ျမင္းရဲ႕က်န္းမာေရး ၊ အစာစရိတ္၊ ရထားလံုး အလွဆင္ရတာနဲ႔ မိသားစုမ်ားတာနဲ႔ က်ေတာ့ ဆက္လုပ္ခ်င္ေပမဲ့ မတတ္နိုင္ေတာ့ဘူး။ ဒါေၾကာင့္ ရထားလံုးအစံုလိုက္ေရာင္းၿပီး သံုးဘီးပဲ ေမာင္းေတာ့တယ္။ သူကကုန္ေတြအစံုတင္လို႔ ရတယ္။ လူလည္းစီးလို႔ရတယ္ဆိုေတာ့ ပိုၿပီး တြက္ေျခ ကိုက္တယ္။” ဟုရထားလံုး အငွားလုပ္ငန္းမွ သံုးဘီးဆိုင္ကယ္အငွားလုပ္ငန္းေျပာင္းလဲလုပ္ကိုင္ခဲ့သူ ကိုမင္းမင္းက ဆိုသည္။

၂၀၁၀ခုႏွစ္ အေစာပိုင္းကာလမ်ားက ျပင္ဦးလြင္ျမိဳ႕တြင္ ရထားလံုးစီးေရ (၁၅၃)စီးထိရွိေနခဲ့ၿပီး ၂၀၁၂ခုႏွစ္တြင္ အစီး (၁၀၀) အထိေလ်ာ့နည္းသြားကာ လက္ရွိအခ်ိန္တြင္ အစီး (၅၀)ေက်ာ္သာက်န္ရွိေတာ့ေၾကာင္း သိရသည္။

“ရထားလံုးစီးတဲ့သူေတြကေတာ့ ျပည္ပခရီးသြားေတြ မ်ားတယ္။ ျပည္တြင္းခရီးသြား ေတြကလည္း တခ်ိဳ႕ငွားၾကပါတယ္။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ ရထားလံုး ေမာင္းတာက ရိုးရာအလုပ္ျဖစ္တယ္။ ေနာက္ၿပီးတျခားအလုပ္လည္း ေျပာင္းမလုပ္တတ္လို႔ ဆက္လုပ္ေနရတာ။ အငွားလိုက္ရင္ေတာ့ စီးလံုးအျပတ္ငွားတာပါ။ ႏိုင္ငံျခားသားဧည့္သည္ေတြကေတာ့ ဧည့္လမ္းညႊန္ေတြကေနတစ္ဆင့္ငွားၾကတာ မ်ားပါတယ္။” ဟုဦးေအာင္၀င္းက ေျပာသည္။

ျပင္ဦးလြင္ၿမိဳ႕မေစ်းမွ ၿမိဳ႕တစ္ပတ္ အထင္ကရေနရာမ်ားသို႔ ရထားလံုးတစ္စီးလွ်င္ က်ပ္ (၇၀၀၀) မွ က်ပ္ (၈၀၀၀)အထိရရိွၿပီး တစ္ေန႔လွ်င္အမ်ားဆံုး (၄) ေခါက္အထိ အငွားလိုက္ရေၾကာငး္ သိရသည္။

သတင္း/ဓာတ္ပံု - ေရႊေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ ခရီးသွားများအား ဆွဲဆောင်ရာတစ်ခုဖြစ်သည့် ရထားလုံးလုပ်ငန်းမှ ဆိုင်ကယ်အငှါး၊ သုံးဘီးဆိုင်ကယ်အငှါးလိုက်ခြင်းများကို ပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။

“အခုဆိုရင် ရထားလုံး အငှါးလိုက်တဲ့သူတွေက တဖြည်းဖြည်း နည်းလာပြီး တခြား အလုပ်တွေ ပြောင်းကုန်ကြတယ်။ ဒီလိုဖြစ်ရတာကလည်း အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ တရုတ်က ဝင်လာတဲ့ ဆိုင်ကယ်တွေက ဈေးပေါတော့ လူတိုင်းဆိုင်ကယ်ကိုပဲ အားထားကြတာ။ နောက်ပြီး မြင်းစာကလည်း ဈေးကြီးတယ်။ မြင်းဈေးကလည်းကြီးတော့ မကျွေးနိုင်ဘူး။ အလုပ်ရှုပ်တယ်ပေါ့။ ဒါကြောင့်တခြားအလုပ် တွေပြောင်းကုန်ကြတာပါ။”ဟု ပြင်ဦးလွင်မြို့မှ ရထားလုံးမောင်းသူ ဦးအောင်ဝင်းက ဆိုသည်။

လက်ရှိတွင် မြင်းတစ်ကောင်၏ပေါက်ဈေးမှာကျပ် (၇) သိန်းမှ (၁၀) သိန်းအထိရှိနပြေီး မြင်းစာတစ်နေ့ ကုန်ကျစရိတ်မှာ ကျပ် (၃,ဝဝဝ)မှ (၅,ဝဝဝ)အထိရှိသဖြင့် တစ်စီးလျှင် ကျပ် (၅)သိန်းမှ (၈)သိန်းအထိသာ ရှိသည့် တရုတ်ဆိုင်ကယ်များဖြင့် အငှါးလိုက်သည့်လုပ်ငန်းကို ပြောင်းလဲလာကြကြောင်း သိရသည်။

“ရထားလုံးမောင်းတာက မြင်းရဲ့ကျန်းမာရေး၊ အစာစရိတ်၊ ရထားလုံး အလှဆင်ရတာနဲ့ မိသားစုများတာနဲ့ ကျတော့ ဆက်လုပ်ချင်ပေမဲ့ မတတ်နိုင်တော့ဘူး။ ဒါကြောင့် ရထားလုံးအစုံလိုက်ရောင်းပြီး သုံးဘီးပဲ မောင်းတော့တယ်။ သူကကုန်တွေအစုံတင်လို့ ရတယ်။ လူလည်းစီးလို့ရတယ်ဆိုတော့ ပိုပြီး တွက်ခြေ ကိုက်တယ်။” ဟုရထားလုံး အငှါးလုပ်ငန်းမှ သုံးဘီးဆိုင်ကယ်အငှါးလုပ်ငန်းပြောင်းလဲလုပ်ကိုင်ခဲ့သူ ကိုမင်းမင်းက ဆိုသည်။

၂၀၁၀ခုနှစ် အစောပိုင်းကာလများက ပြင်ဦးလွင်မြို့တွင် ရထားလုံးစီးရေ (၁၅၃)စီးထိရှိနေခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အစီး (၁၀၀) အထိလျော့နည်းသွားကာ လက်ရှိအချိန်တွင် အစီး (၅၀)ကျော်သာကျန်ရှိတော့ကြောင်း သိရသည်။

“ရထားလုံးစီးတဲ့သူတွေကတော့ ပြည်ပခရီးသွားတွေ များတယ်။ ပြည်တွင်းခရီးသွား တွေကလည်း တချို့ငှါးကြပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ရထားလုံး မောင်းတာက ရိုးရာအလုပ်ဖြစ်တယ်။ နောက်ပြီးတခြားအလုပ်လည်း ပြောင်းမလုပ်တတ်လို့ ဆက်လုပ်နေရတာ။ အငှါးလိုက်ရင်တော့ စီးလုံးအပြတ်ငှါးတာပါ။ နိုင်ငံခြားသားဧည့်သည်တွေကတော့ ဧည့်လမ်းညွှန်တွေကနေတစ်ဆင့်ငှါးကြတာ များပါတယ်။” ဟုဦးအောင်ဝင်းက ပြောသည်။

ပြင်ဦးလွင်မြို့မဈေးမှ မြို့တစ်ပတ် အထင်ကရနေရာများသို့ ရထားလုံးတစ်စီးလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀)အထိရရှိပြီး တစ်နေ့လျှင်အများဆုံး (၄) ခေါက်အထိ အငှါးလိုက်ရကြောငး် သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~