ေဗ်ာက္အိုးေၾကာင့္ လူအမ်ား အထိတ္တလန္႔ ျဖစ္ရေသာ္လည္း ေက်ာက္မဲၿမိဳ႕၌ အေရးယူရန္ခက္ေန

ေဗ်ာက္အိုးေၾကာင့္ လူအမ်ား အထိတ္တလန္႔ ျဖစ္ရေသာ္လည္း ေက်ာက္မဲၿမိဳ႕၌ အေရးယူရန္ခက္ေန
အောက်တိုဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ေဗ်ာက္အိုးေဖါက္ျခင္းမ်ားေၾကာင့္ လူထုအထိတ္တလန္႔ ျဖစ္ရေသာ္လည္း အုပ္ခ်ဳပ္ေရးဌာနမွ တားျမစ္ခ်က္မရိွသျဖင့္ ရဲတပ္ဖြဲ႕က အေရးယူမႈလုပ္ေဆာင္ရန္ ခက္ခဲေနသည္ဟု ေက်ာက္မဲရဲစခန္းမွ အရာရိွထံမွ သိရသည္။

“အဲဒါက ၿမိဳ႕နယ္ေထြအုပ္လိုဌာနကေန ညြန္ၾကားခ်က္ ထုတ္ေပးရတယ္။ ၿမိဳ႕နယ္အတြင္းမွာ ေဗ်ာက္အိုး မေရာင္းရ၊ မေဖါက္ရ။ အဲဒီလို သံုးဘီးနဲ႕ေၾကညာေပး၊ ရပ္ကြက္ရံုးေတြမွာ ေၾကာ္ညာစာကပ္၊ အဲဒီလို လုပ္ထားတာကိုမွ မလိုက္နာဘူးဆိုမွ ပုဒ္မ(၁၈၈)အမိန္႔မနာခံမႈနဲ႕ ဖမ္းတ့ဲအဖြဲ႕က တရားလိုလုပ္ၿပီး အမႈဖြင့္ေပး ရတယ္။ အဲဒီလိုမွ ကြ်န္ေတာ္တို႔က အေရးယူေပးရတယ္”ဟု ေက်ာက္မဲရဲစခန္းမွ P.S.W ဦးသန္းဝင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ေဗ်ာက္အိုးေရာင္းခ်ျခင္း၊ ေဗ်ာက္အိုးေဖါက္ျခင္းမ်ားႏွင့္ ပက္သက္၍ တစ္ႀကိမ္တစ္ခါမ်ွ အေရးယူဖူးျခင္း မရွိေသးေၾကာင္း သိရသည္။

“စည္းမ့ဲ ကမ္းမ့ဲ ေဗ်ာက္ေဖါက္ေနတာေတြေၾကာင့္ အထိတ္တလန္႔ ျဖစ္ေနရတယ္။ ေဖါက္တ့ဲသူေတြကို အေရးယူဖို႔ ခက္တယ္ဆိုရင္ ေရာင္းတ့ဲဆိုင္ေတြကို ရွာၿပီးဖမ္းသင့္တယ္။ စံျပအျဖစ္ တစ္ခါေလာက္ေတာ့ လုပ္ေစခ်င္တယ္”ဟု ေက်ာက္မဲေဒသခံတစ္ဦးျဖစ္သူ ဦးျမက ေျပာသည္။

လက္ရိွတြင္ အခ်ိန္မေတာ္ ေဗ်ာက္အိုးေဖါက္ျခင္းမ်ားေၾကာင့္ ကေလးငယ္မ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ား အတြက္ အေႏွာင့္အယွက္ ျဖစ္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“စေနေန႔ကေတာ့ ရပ္ကြက္ရံုးေတြမွာ ေၾကညာခ်က္ကပ္ဖို႕ လုပ္ေနတာၾကားတယ္။ သံုးဘီးနဲ႕ ေအာ္ မေအာ္ေတာ့ မသိဘူး။ ေၾကညာခ်က္ကေတာ့ ႏွစ္တိုင္းထုတ္တာပဲ” ဟု ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးရံုးမွ ဝန္ထမ္းတစ္ဦးက ေျပာသည္။

႐ွမ္းျပည္နယ္ေတာင္ပုိင္းေဒသ၊ နမ့္စန္ၿမိဳ႕တြင္ ေဗ်ာက္အုိးေရာင္းသူမ်ားကုိ ထပ္မံ မေရာင္းခ်ရန္ သတိေပး လက္မွတ္ထိုးမႈကို စက္တင္ဘာလ (၂၇) ရက္ေန႔က စတင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဗျောက်အိုးဖောက်ခြင်းများကြောင့် လူထုအထိတ်တလန့် ဖြစ်ရသော်လည်း အုပ်ချုပ်ရေးဌာနမှ တားမြစ်ချက်မရှိသဖြင့် ရဲတပ်ဖွဲ့က အရေးယူမှုလုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ကျောက်မဲရဲစခန်းမှ အရာရှိထံမှ သိရသည်။
“အဲဒါက မြို့နယ်ထွေအုပ်လိုဌာနကနေ ညွန်ကြားချက် ထုတ်ပေးရတယ်။ မြို့နယ်အတွင်းမှာ ဗျောက်အိုး မရောင်းရ၊ မဖောက်ရ။ အဲဒီလို သုံးဘီးနဲ့ကြေညာပေး၊ ရပ်ကွက်ရုံးတွေမှာ ကြော်ညာစာကပ်၊ အဲဒီလို လုပ်ထားတာကိုမှ မလိုက်နာဘူးဆိုမှ ပုဒ်မ(၁၈၈)အမိန့်မနာခံမှုနဲ့ ဖမ်းတဲ့အဖွဲ့က တရားလိုလုပ်ပြီး အမှုဖွင့်ပေး ရတယ်။ အဲဒီလိုမှ ကျွန်တော်တို့က အရေးယူပေးရတယ်”ဟု ကျောက်မဲရဲစခန်းမှ  P.S.W  ဦးသန်းဝင်းက ပြောသည်။
ကျောက်မဲမြို့မရဲစခန်းတွင် ဗျောက်အိုးရောင်းချခြင်း၊ ဗျောက်အိုးဖောက်ခြင်းများနှင့် ပက်သက်၍ တစ်ကြိမ်တစ်ခါမျှ အရေးယူဖူးခြင်း မရှိသေးကြောင်း သိရသည်။
“စည်းမဲ့ ကမ်းမဲ့ ဗျောက်ဖောက်နေတာတွေကြောင့် အထိတ်တလန့် ဖြစ်နေရတယ်။ ဖောက်တဲ့သူတွေကို အရေးယူဖို့ ခက်တယ်ဆိုရင် ရောင်းတဲ့ဆိုင်တွေကို ရှာပြီးဖမ်းသင့်တယ်။ စံပြအဖြစ် တစ်ခါလောက်တော့ လုပ်စေချင်တယ်”ဟု ကျောက်မဲဒေသခံတစ်ဦးဖြစ်သူ ဦးမြက ပြောသည်။
လက်ရှိတွင် အချိန်မတော် ဗျောက်အိုးဖောက်ခြင်းများကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အတွက် အနှောင့်အယှက် ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“စနေနေ့ကတော့ ရပ်ကွက်ရုံးတွေမှာ ကြေညာချက်ကပ်ဖို့ လုပ်နေတာကြားတယ်။ သုံးဘီးနဲ့ အော် မအော်တော့ မသိဘူး။ ကြေညာချက်ကတော့ နှစ်တိုင်းထုတ်တာပဲ” ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့တွင် ဗျောက်အိုးရောင်းသူများကို ထပ်မံ မရောင်းချရန် သတိပေး လက်မှတ်ထိုးမှုကို စက်တင်ဘာလ (၂၇) ရက်နေ့က စတင်နေကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~