ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံကြင္းအား အဖြဲ႕အစည္းတစ္ခုက က်ပ္သိန္း (၂၀၁၀)ျဖင့္ ေလလံသတ္မွတ္ေစ်းထက္ပိုေပးၿပီး ရရိွ

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံကြင္းအား အဖြဲ႕အစည္းတစ္ခုက က်ပ္သိန္း (၂၀၁၀)ျဖင့္ ေလလံသတ္မွတ္ေစ်းထက္ပိုေပးၿပီး ရရိွ
အောက်တိုဘာ 21, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တုိင္မီးပုံးပ်ံကြင္း ေလလံခ်ေပးသည့္ကိစၥ ဘ႑ာေရးေကာ္မတီမွ ေခၚဆုိထားေသာ ၾကမ္းခင္းေလလံေစ်းအား ေလလံ၀င္ေရာက္ယွဥ္ၿပဳိင္သူမ်ားက ေလလံပိတ္သိမ္းခ်ိန္အထိ မေပးႏုိင္ေသာေၾကာင့္ ေပးႏုိင္သူအား ေလလံခ်ေပးျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစုိးရအဖြဲ႔ ဘ႑ာေရး၀န္ႀကီး ဦးစုိင္းရွဲန္တစ္လံုထံမွ သိရသည္။

“သိန္းႏွစ္ေထာင္ကုိ မေလ်ွာ့ေပးႏုိင္လုိ႔ တင္ထားတဲ့ေလလံေတြ အကုန္ျပန္ယူသြားေတာ့ ကၽြန္ေတာ္လည္းမတင္ လည္းရပါတယ္။ ေကာ္မတီအေနနဲ႔ ေပးႏုိင္တဲ့ အဖြဲ႔အစည္း ကုမၸဏီေတြ အဖြဲ႔အစည္းေတြ ရွာလုိ႔ရပါတယ္လုိ႔ သူတုိ႔ ကုိေျပာျပတယ္။ ေျပာထားတဲ့ ေနာက္ဆုံးေလလံေစ်းကုိ မႀကဳိက္လုိ႔ မတင္ေတာ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ေပမဲ့ ၀မ္းနည္းစြာနဲ႔ပဲ ရုပ္သိမ္းရပါလိမ့္မယ္လုိ႔ ေျပာခဲ့တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ေကာ္မတီဆံုးျဖတ္ခ်က္အတိုင္းပဲ သြားမွာပါ”ဟု ရွမ္းျပည္နယ္အစုိးရအဖြဲ႔ ဘ႑ာေရး၀န္ႀကီး ဦးစုိင္းရွဲန္တစ္လုံက ေျပာသည္။

ေကာ္မတီအေနျဖင့္ ပြဲျဖစ္ေျမာက္ေရးအတြက္ ေလလံေလ်ွာက္ထားသူမ်ားႏွင့္ ေလလံစဖြင့္သည့္ ေအာက္တုိဘာလ (၁၅) ရက္ႏွင့္ (၁၆) ရက္တုိ႔တြင္ ေစ်းႏႈန္းညႇိႏႈိင္းခဲ့ရာ (၁၆) ရက္ေန႔အထိ ညႇိႏႈိင္းမႈ အဆင္မေျပဘဲ ေလ်ွာက္ထားသူမ်ားက  ေလလံေဖာင္မ်ားျပန္ယူသြားခဲ့သည့္ အတြက္ သတ္မွတ္ ေစ်းေပးႏုိင္သူအား ေလလံပိတ္သိမ္းသည့္ (၁၇) ရက္ေန႔တြင္ရွာေဖြခဲ့ရာ ျပည္နယ္အတြင္းရွိ အဖြဲ႔အစည္း တစ္ခုမွ သတ္မွတ္ေစ်း က်ပ္သိန္းႏွစ္ေထာင္အား ဆယ္သိန္းပုိေပးခဲ့ၿပီး ေကာ္မတီ၏ စည္မ်ဥ္းမ်ား အတုိင္းလုပ္ေဆာင္မည္ဆုိလာသျဖင့္ ၁၈ ရက္ေန႔ မနက္တြင္ ျပဳလုပ္ေသာ ေကာ္မတီ၏ အစည္းအေ၀း ဆုံးျဖတ္ခ်က္ျဖင့္ အတည္ျပဳ လက္ခံခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။

“ပြဲျဖစ္ေျမာက္ေရး ေကာ္မတီကုိ ေလလံေလ်ွာက္ထားသူ (၂၁)ေယာက္ရွိတယ္။ ေလလံဖြင့္တဲ့ေန႔မွာလာတဲ့ သူက (၈)ေယာက္ပဲရွိတယ္။ လာတဲ့ (၈)ေယာက္ကုိ ကြင္းေလလံခ်ေပးတဲ့ ပုံစံနဲ႔ပတ္သက္ၿပီး ရွင္းျပတယ္။ ဒီႏွစ္မွာ မီးပုံပ်ံၿပိဳင္မယ့္ ကြင္းတစ္ဘက္ျခမ္းကုိ ပြဲျဖစ္ေျမာက္ေရးေကာ္မတီက စီမံမယ္။ က်န္တဲ့ကြင္း တစ္ျခမ္းကုိ ေလလံေပးမယ္။ ၾကမ္းခင္းေစ်းက သိန္းႏွစ္ေထာင့္ငါးရာလုိ႔ေျပာေတာ့ ေလလံဆြဲတဲ့ (၈)ေယာက္မွာ ႏွစ္ေယာက္ ကထြက္သြားတယ္” ဟု ၀န္ႀကီးက ေျပာသည္။

က်န္သည့္ေျခာက္ေယာက္မွာလည္း ၾကမ္းခင္းေစ်းသိန္းႏွစ္ေထာင့္ငါးရာအား ေလွ်ာ့ေပးရန္ ေတာင္းဆုိလာ သျဖင့္ ေကာ္မတီမွ ဆုိင္ခန္းအေရအတြက္ေပၚ တြက္ခ်က္ၿပီး ေအာက္ေစ်း သိန္းႏွစ္ေထာင္အထိ ေလ်ွာ့ေပးခဲ့ေသာ္လည္း ေလလံဆြဲသူ ေျခာက္ေယာက္က သိန္းႏွစ္ေထာင္အား ထပ္မံေလ်ွာ့ေပးရန္ ေျပာဆုိလာသျဖင့္ ေကာ္မတီဘက္မွလည္း ေနာက္ဆုံးေျပာဆုိထားသည့္ သိန္းႏွစ္ေထာင္ထက္ ေလ်ွာ့ေပးရန္မျဖစ္ႏုိင္ေၾကာင္းေျပာဆုိရာ ေလလံဆြဲသူမ်ားမွ တင္ထားသည့္ ေလလံမ်ားအား အကုန္ျပန္ယူသြားခဲ့ေၾကာင္း ၀န္ႀကီးထံမွ သိရ သည္။

“အရင္ႏွစ္ေတြက တစ္ကြင္းလုံး ေလလံဆြဲတဲ့နႈန္းေတာင္ သိန္းႏွစ္ေထာင္ေက်ာ္ပဲရွိတာ။  ဒီႏွစ္မွာက ကြင္းတစ္၀က္ကုိ သိန္းႏွစ္ေထာင္ေခၚထားေတာ့ ေစ်းကမ်ားတယ္။ ၿပီးေတာ့ေလလံေခၚတဲ့ရက္ကလည္း ကပ္ေနေတာ့ အစ္မ တုိ႔ေလလံဆြဲတဲ့ သူေတြအေနနဲ႔က ျပန္ငွားေပးဖုိ႔အတြက္ ဆယ့္ႏွစ္ပြဲေစ်းသည္ေတြနဲ႔ ခ်ိတ္ရတဲ့ အခ်ိန္ရွိတယ္။ ရက္ ကလည္း ကပ္ေနသလုိ ေနရာတုိင္းမွာလည္း ပြဲေတာ္ေတြရွိေတာ့ ေစ်းသည္ရ/ မရဆုိတာ သိပ္မေသခ်ာတဲ့အတြက္ ေလလံေစ်းေလ်ွာ့ေပးဖုိ႔ ေတာင္းဆုိတာပါ” ဟု ၂၀၁၂ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ ေလလံရရွိခဲ့သူ မ၀င္းပပေက်ာ္က ေျပာသည္။

ေလလံေလ်ွာက္ထားသူမ်ား အေနျဖင့္ ပြဲက်င္းပေရးေကာ္မတီ၏ ေလလံခ်ေပးမႈအေပၚ မေက်နပ္သည့္ အတြက္ ျပည္နယ္၀န္ႀကီးခ်ဳပ္ထံ တင္ျပမႈမ်ား ျပဳလုပ္ထားေၾကာင္း ေလလံေလ်ွာက္သူမ်ားထံမွ သိရၿပီး ေကာ္မတီဘက္မွလည္း ေကာ္မတီအစည္းအေ၀းဆုံးျဖတ္ခ်က္အရ ခ်ေပးသည့္ကိစၥျဖစ္ေၾကာင္း အစုိးရအဖြဲ႔အား တင္ၿပီးျဖစ္ေၾကာင္းႏွင့္ ဆုံးျဖတ္ခ်က္အား ျပင္ဆင္မည္မဟုတ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံကွင်း လေလံချပေးသည့်ကိစ္စ ဘဏ္ဍာရေးကော်မတီမှ ခေါ်ဆိုထားသော ကြမ်းခင်းလေလံဈေးအား လေလံဝင်ရောက်ယှဉ်ပြိုင်သူများက လေလံပိတ်သိမ်းချိန်အထိ မပေးနိုင်သောကြောင့် ပေးနိုင်သူအား လေလံချပေးခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံထံမှ သိရသည်။

“သိန်းနှစ်ထောင်ကို မလျှော့ပေးနိုင်လို့ တင်ထားတဲ့လေလံတွေ အကုန်ပြန်ယူသွားတော့ ကျွန်တော်လည်းမတင် လည်းရပါတယ်။ ကော်မတီအနေနဲ့ ပေးနိုင်တဲ့ အဖွဲ့အစည်း ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ ရှာလို့ရပါတယ်လို့ သူတို့ ကိုပြောပြတယ်။ ပြောထားတဲ့ နောက်ဆုံးလေလံဈေးကို မကြိုက်လို့ မတင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်ပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ ရုပ်သိမ်းရပါလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကော်မတီဆုံးဖြတ်ချက်အတိုင်းပဲ သွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

ကော်မတီအနဖြေင့် ပွဲဖြစ်မြောက်ရေးအတွက် လေလံလျှောက်ထားသူများနှင့် လေလံစဖွင့်သည့် အောက်တိုဘာလ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် ဈေးနှုန်းညှိနှိုင်းခဲ့ရာ (၁၆) ရက်နေ့အထိ ညှိနှိုင်းမှု အဆင်မပြေဘဲ လျှောက်ထားသူများက လေလံဖောင်များပြန်ယူသွားခဲ့သည့် အတွက် သတ်မှတ် ဈေးပေးနိုင်သူအား လေလံပိတ်သိမ်းသည့် (၁၇) ရက်နေ့တွင်ရှာဖွေခဲ့ရာ ပြည်နယ်အတွင်းရှိ အဖွဲ့အစည်း တစ်ခုမှ သတ်မှတ်ဈေး ကျပ်သိန်းနှစ်ထောင်အား ဆယ်သိန်းပိုပေးခဲ့ပြီး ကော်မတီ၏ စည်မျဉ်းများ အတိုင်းလုပ်ဆောင်မည်ဆိုလာသဖြင့် ၁၈ ရက်နေ့ မနက်တွင် ပြုလုပ်သော ကော်မတီ၏ အစည်းအေဝး ဆုံးဖြတ်ချက်ဖြင့် အတည်ပြု လက်ခံခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ပွဲဖြစ်မြောက်ရေး ကော်မတီကို လေလံလျှောက်ထားသူ (၂၁)ယောက်ရှိတယ်။ လေလံဖွင့်တဲ့နေ့မှာလာတဲ့ သူက (၈)ယောက်ပဲရှိတယ်။ လာတဲ့ (၈)ယောက်ကို ကွင်းလေလံချပေးတဲ့ ပုံစံနဲ့ပတ်သက်ပြီး ရှင်းပြတယ်။ ဒီနှစ်မှာ မီးပုံပျံပြိုင်မယ့် ကွင်းတစ်ဘက်ခြမ်းကို ပွဲဖြစ်မြောက်ရေးကော်မတီက စီမံမယ်။ ကျန်တဲ့ကွင်း တစ်ခြမ်းကို လေလံပေးမယ်။ ကြမ်းခင်းဈေးက သိန်းနှစ်ထောင့်ငါးရာလို့ပြောတော့ လေလံဆွဲတဲ့ (၈)ယောက်မှာ နှစ်ယောက် ကထွက်သွားတယ်” ဟု ဝန်ကြီးက ပြောသည်။

ကျန်သည့်ခြောက်ယောက်မှာလည်း ကြမ်းခင်းဈေးသိန်းနှစ်ထောင့်ငါးရာအား လျှော့ပေးရန် တောင်းဆိုလာ သဖြင့် ကော်မတီမှ ဆိုင်ခန်းအရေအတွက်ပေါ် တွက်ချက်ပြီး အောက်ဈေး သိန်းနှစ်ထောင်အထိ လျှော့ပေးခဲ့သော်လည်း လေလံဆွဲသူ ခြောက်ယောက်က သိန်းနှစ်ထောင်အား ထပ်မံလျှော့ပေးရန် ပြောဆိုလာသဖြင့် ကော်မတီဘက်မှလည်း နောက်ဆုံးပြောဆိုထားသည့် သိန်းနှစ်ထောင်ထက် လျှော့ပေးရန်မဖြစ်နိုင်ကြောင်းပြောဆိုရာ လေလံဆွဲသူများမှ တင်ထားသည့် လေလံများအား အကုန်ပြန်ယူသွားခဲ့ကြောင်း ဝန်ကြီးထံမှ သိရ သည်။

“အရင်နှစ်တွေက တစ်ကွင်းလုံး လေလံဆွဲတဲ့နှုန်းတောင် သိန်းနှစ်ထောင်ကျော်ပဲရှိတာ။ ဒီနှစ်မှာက ကွင်းတစ်ဝက်ကို သိန်းနှစ်ထောင်ခေါ်ထားတော့ ဈေးကများတယ်။ ပြီးတော့လေလံခေါ်တဲ့ရက်ကလည်း ကပ်နေတော့ အစ်မ တို့လေလံဆွဲတဲ့ သူတွေအနေနဲ့က ပြန်ငှါးပေးဖို့အတွက် ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့ ချိတ်ရတဲ့ အချိန်ရှိတယ်။ ရက် ကလည်း ကပ်နေသလို နေရာတိုင်းမှာလည်း ပွဲတော်တွေရှိတော့ ဈေးသည်ရ/ မရဆိုတာ သိပ်မသေချာတဲ့အတွက် လေလံဈေးလျှော့ပေးဖို့ တောင်းဆိုတာပါ” ဟု ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လေလံရရှိခဲ့သူ မဝင်းပပကျော်က ပြောသည်။

လေလံလျှောက်ထားသူများ အနဖြေင့် ပွဲကျင်းပရေးကော်မတီ၏ လေလံချပေးမှုအပေါ် မကျေနပ်သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြမှုများ ပြုလုပ်ထားကြောင်း လေလံလျှောက်သူများထံမှ သိရပြီး ကော်မတီဘက်မှလည်း ကော်မတီအစည်းအေဝးဆုံးဖြတ်ချက်အရ ချပေးသည့်ကိစ္စဖြစ်ကြောင်း အစိုးရအဖွဲ့အား တင်ပြီးဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်အား ပြင်ဆင်မည်မဟုတ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~