နောင်တရား၌ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင်နီးပါး ဖမ်းဆီးရမိ

နောင်တရား၌ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင်နီးပါး ဖမ်းဆီးရမိ
အောကျတိုဘာ 9, 2016
By Tachileik News Agency


“ကျွန်တော်တို့ နယ်မြေလှည့်ကင်းဆောင်ရွက်နေချိန်မှာ မူးယစ်ဆေးဝါးသတင်းအရ တပ်ဖွဲ့ဝင် (၄) ဦး၊ သက်သေ (၂) ဦးတို့နဲ့ မိုးနဲ - စိန်ပန်းရွာသွားလမ်းမှာ သတင်းအရ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးချိန်မှာ သူတို့လွယ်တဲ့ လွယ်အိတ်ထဲမှာ Wy စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁,၉၉၆) ပြား ဖမ်းဆီးရမိခဲ့ပါတယ်”ဟု နောင်တရားနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဝေလင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောက်တိုဘာလ(၈)ရက်တွင် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာနေ သန်းထွန်း မောင်းနှင်လာပြီး လိုက်ပါ စီးနင်းလာသူ ဖိုးသွမ်ထံမှ ကာလတန်ဖိုး (၁,၉၉၆,၀၀၀)ကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသဖြင့် ၎င်းတို့နှစ်ဦးအား နောင်တရားနယ်မြေရဲစခန်းတွင် မယ(ပ)၉/၂၀၁၆ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ စိန်ပန်းရွာဘက်မှ မိုးနဲရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်လိုက်ပါစီးနင်းလာသူထံမှ Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁,၉၉၆)ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။

“ကျွန်တော်တို့ နယ်မြေလှည့်ကင်းဆောင်ရွက်နေချိန်မှာ မူးယစ်ဆေးဝါးသတင်းအရ တပ်ဖွဲ့ဝင် (၄) ဦး၊ သက်သေ (၂) ဦးတို့နဲ့ မိုးနဲ - စိန်ပန်းရွာသွားလမ်းမှာ သတင်းအရ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးချိန်မှာ သူတို့လွယ်တဲ့ လွယ်အိတ်ထဲမှာ Wy စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁,၉၉၆) ပြား ဖမ်းဆီးရမိခဲ့ပါတယ်”ဟု နောင်တရားနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောငေ်ဝလင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောက်တိုဘာလ(၈)ရက်တွင် ညောင်ရွှမြေို့နယ် ကျားတွန်ကျေးရွာနေ သန်းထွန်း မောင်းနှင်လာပြီး လိုက်ပါ စီးနင်းလာသူ ဖိုးသွမ်ထံမှ ကာလတန်ဖိုး (၁,၉၉၆,ဝဝဝ)ကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသဖြင့်၎င်းတို့နှစ်ဦးအား နောင်တရားနယ်မြေရဲစခန်းတွင် မယ(ပ)၉/၂၀၁၆ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~