ကျောက်မဲမြန်မာ့စီးပွားရေးဘဏ်အား ခရိုင်ထွေအုပ်ရုံးဝန်းအတွင်း ခေတ္တပြောင်းရွှေ့ဖွင့်လှစ်မည်
ကျောက်မဲမြန်မာ့စီးပွားရေးဘဏ်အား ခရိုင်ထွေအုပ်ရုံးဝန်းအတွင်း ခေတ္တပြောင်းရွှေ့ဖွင့်လှစ်မည်
အောက်တိုဘာ 9, 2016
By Tachileik News Agency
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် သက်တမ်း (၅၄)နှစ်ရှိ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦအား အကြီးစား ပြင်ဆင်မှု ပြုလုပ်မည် ဖြစ်သဖြင့် ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းသို့ အောက်တိုဘာလ (၁၀) ရက်မှ စတင်၍ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိဘဏ် အဆောက်အဦကို ၁၉၆၂ ခုနှစ်ကတည်းက ဆောက်ခဲ့တာ။ ဟောင်းဆွေး စာရင်းဝင် ဖြစ်နပြေီ။ ဒါကြောင့် အကြီးစား ပြင်ဆင်မှုလုပ်မှာ”ဟု ကျောက်မဲမြန်မာ့စီးပွားရေးဘဏ်မှ ကြီးကြပ်ရေးမှူး ကိုမင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အကြီးစားပြုပြင် မွမ်းမံခြင်းကို ပြည်ထောင်စုဘတ်ဂျက်ဖြင့်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~