လမ္းျပဳျပင္ေနသျဖင့္ ဂုတ္တြင္းလမ္းပိုင္း (၁၇) ရက္ၾကာ အခ်ိန္ပိုင္း လမ္းပိတ္မည္

လမ္းျပဳျပင္ေနသျဖင့္ ဂုတ္တြင္းလမ္းပိုင္း (၁၇) ရက္ၾကာ အခ်ိန္ပိုင္း လမ္းပိတ္မည္
အောက်တိုဘာ 19, 2016
By Tachileik News Agency

မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမေပၚရိွ ဂုတ္တြင္းေျခာက္ထပ္ေကြ႔အား မြမ္းမံျပဳျပင္ရန္  (၁၇) ရက္ခန္႔ အခ်ိန္ပိုင္း လမ္းပိတ္လုပ္ေဆာင္ေနေၾကာင္း အဆိုပါလမ္းပိုင္းအား တာဝန္ယူထားသည့္ Oriental Highway Co. ltd ကေၾကညာထားေၾကာင္း သိရသည္။

“ဒီလမ္းကိုပဲ အဓိကထားၿပီး သြားေနရတာဆိုေတာ့ အဲဒီလို ႀကိဳသိထားရင္ ကြ်န္ေတာ္တို႔လည္း ႀကိဳၿပီး ျပင္ဆင္လို႔ရတာေပါ့။ တစ္ခိ်ဳ႕ကုန္ေတြက သတ္မွတ္အခ်ိန္ထက္ ေနာက္က်ရင္ ပ်က္စီးတတ္တယ္ေလ။ လမ္းပိတ္မွာႀကိဳသိထားေတာ့ အဆင္ေျပတာေပါ့ “ဟု မႏၲေလး-မူဆယ္ ကုန္တင္ကားေမာင္းသူ ကိုမင္းထြန္းက ေျပာသည္။

အဆိုပါလမ္းပိုင္းတြင္ ကုန္တင္တြဲကားႀကီးမ်ားျဖတ္သန္းသြားရာတြင္ မၾကာခဏ ယာဥ္လမ္းေၾကာင္း ပိတ္ဆို႔တတ္သည့္ အတြက္ ဂုတ္တြင္းရွိ တံေတာင္ဆစ္ခ်ိဳးပံုစံရွိ အေကြ႕မ်ားကိုလည္း ခ်ဲ႕ေပးရန္လိုသည္ဟု ယာဥ္ေမာင္းမ်ားက အႀကံျပဳသည္။

“လမ္းေကာင္းေပမ့ဲ ယာဥ္/စက္ ပ်က္ၿပီး အေကြ႕ေတြမွာ ပိတ္တာက ကားေလးေတြေတာင္ သြားမရေအာင္ ဆိုးတယ္။ ကိုယ္ေမာင္းတ့ဲယာဥ္ရဲ႕ ႀကံ့ခိုင္မႈကိုလည္း အၿမဲစစ္ေဆးေပးသင့္တယ္ဗ် “ ဟု ေက်ာက္မဲ -မႏၲေလး ခရီးသည္တင္ ကားေမာင္းသူတစ္ဦးက အႀကံျပဳသည္။

Oriental Highway Co,Ltd ၏ ထုတ္ျပန္ေၾကညာခ်က္အရ ေအာက္တိုဘာလ (၁၅) ရက္မွ ႏိုဝင္ဘာလ (၅) ရက္အထိ ေန႔စဥ္ ေန႔လယ္ (၁၂)နာရီမွ ညေန (၃)နာရီအထိ လမ္းေကြ႔မ်ား ျပဳျပင္ျခင္း ေဆာင္ရြက္မည္ျဖစ္သျဖင့္ အခ်ိန္ပိုင္း လမ္းပိတ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဂုတ်တွင်းခြောက်ထပ်ကွေ့အား မွမ်းမံပြုပြင်ရန် (၁၇) ရက်ခန့် အချိန်ပိုင်း လမ်းပိတ်လုပ်ဆောင်နေကြောင်း အဆိုပါလမ်းပိုင်းအား တာဝန်ယူထားသည့် Oriental Highway Co. ltd ကကြေညာထားကြောင်း သိရသည်။

“ဒီလမ်းကိုပဲ အဓိကထားပြီး သွားနေရတာဆိုတော့ အဲဒီလို ကြိုသိထားရင် ကျွန်တော်တို့လည်း ကြိုပြီး ပြင်ဆင်လို့ရတာပေါ့။ တစ်ချို့ကုန်တွေက သတ်မှတ်အချိန်ထက် နောက်ကျရင် ပျက်စီးတတ်တယ်လေ။ လမ်းပိတ်မှာကြိုသိထားတော့ အဆင်ပြေတာပေါ့ “ဟု မန္တလေး-မူဆယ် ကုန်တင်ကားမောင်းသူ ကိုမင်းထွန်းက ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ကုန်တင်တွဲကားကြီးများဖြတ်သန်းသွားရာတွင် မကြာခဏ ယာဉ်လမ်းကြောင်း ပိတ်ဆို့တတ်သည့် အတွက် ဂုတ်တွင်းရှိ တံတောင်ဆစ်ချိုးပုံစံရှိ အကွေ့များကိုလည်း ချဲ့ပေးရန်လိုသည်ဟု ယာဉ်မောင်းများက အကြံပြုသည်။

“လမ်းကောင်းပေမဲ့ ယာဉ်/စက် ပျက်ပြီး အကွေ့တွေမှာ ပိတ်တာက ကားလေးတွေတောင် သွားမရအောင် ဆိုးတယ်။ ကိုယ်မောင်းတဲ့ယာဉ်ရဲ့ ကြံ့ခိုင်မှုကိုလည်း အမြဲစစ်ဆေးပေးသင့်တယ်ဗျ “ ဟု ကျောက်မဲ -မန္တလေး ခရီးသည်တင် ကားမောင်းသူတစ်ဦးက အကြံပြုသည်။

Oriental Highway Co,Ltd၏ ထုတ်ပြန်ကြေညာချက်အရ အောက်တိုဘာလ (၁၅) ရက်မှ နိုဝင်ဘာလ (၅) ရက်အထိ နေ့စဉ် နေ့လယ် (၁၂)နာရီမှ ညနေ (၃)နာရီအထိ လမ်းကွေ့များ ပြုပြင်ခြင်း ဆောင်ရွက်မည်ဖြစ်သဖြင့် အချိန်ပိုင်း လမ်းပိတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~